rvamyanmar

rvamyanmar

ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေပြန်လည်တည်ငြိမ်လာ

ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေပြန်လည်တည်ငြိမ်လာ ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေနှင့်စပ်လျင်း၍ ဗာတီကန်၏သတင်းပြန်ကြားရေးဌာနမှတရား၀င်ထုတ်ပြန်ကြေညာချက်အရ ရဟန်းမင်းကြီး၏ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း၊ အဖျားလည်းမရှိတော့ကြောင်း၊ အသက်ရူလမ်းကြောင်းလည်းတိုးတက်လာကြောင်းအသိပေးလာပါသည်။ လွန်ခဲ့သည့် စနေနေ့က ‘အမွှာ’ ဆေးရုံသို့စီတီစကင်ရိုက်၍စစ်ဆေးခဲ့ရာ အဆုပ်အအေးမိထားကြောင်း ထို့ကြောင့်အဆုပ်ပွနေ၍ အသက်ရူရာ၌ခက်ခဲစေကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့်ပင် ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း ဘုရားဖူးများနှင့်အတူမွန်းတည့်ဆုတောင်းခြင်းကိုခါတိုင်းကဲ့သို့မပြုလုပ်နိုင်ဘဲ သူသီတင်းသုံးသော ကျောင်းတိုက်မှသာဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်၍ ဆုတောင်းခဲ့သည်။ ယခုပတ်တနင်္လာနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ပါရာဂွေးနိုင်ငံ၏ သမ္မတ Santiago Peña နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် ယခုတစ်ပတ်အတွင်းလက်ခံတွေ့ဆုံရန်ရှိသောအစီအစဉ်များအားလုံးကိုရွေ့ဆိုင်းထားရသည်။ ရဟန်းမင်းကြီးပုံမှန်ပြန်လည်ဖြစ်လာမှသာ ရွေ့ဆိုင်းထားသောအစီအစဉ်များဖြစ်နိုင်ပါက ပြန်လည်လက်ခံတွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးအနေဖြင့် တုတ်ကောက်ကိုင်၍ခါတိုင်းကဲ့သို့ပြုံးရွှင်သောပုံကိုဗာတီကန်မှဓာတ်ပုံရိုက်ယူဖော်ပြလာသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်များအတွင်း ဆေးရုံတက်၍…

ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင်များလှူဒါန်းသည့်နိုင်ငံများစာရင်းထွက်လာ

ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင်များလှူဒါန်းသည့်နိုင်ငံများစာရင်းထွက်လာ (၁၉၈၂) နှစ်မှစ၍ ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင် ကိုလှူဒါန်းပေးခဲ့သောနိုင်ငံများ၊ ခုနှစ်များနှင့်သစ်ပင်၏အမြင့်ပေများမှတ်တမ်း၌ဖော်ပြတွေ့ရှိချက်အရ ခရစ္စမတ်သစ် ပင်ကြီးကိုလှူဒါန်း သည့်အစဉ်အလာကို (၁၉၈၂) မှစတင်ခဲ့ဟန်ရှိပါသည်။ အဘယ် ကြောင့် ဆိုသော် မှတ်တမ်းကိုအောက်ပါအတိုင်းတွေ့ရှိရသောကြောင့်ဖြစ်ပါသည်။ သစ်ပင်၏အမြင့်ကိုမူ အစောပိုင်းနှစ်များ၌ မှတ်တမ်းတင်ထားဟန်မ တူဘဲ နောက်ပိုင်းမှ မှတ် တမ်းတင်လာသည်ကိုသတိထားမိပါသည်။ ဤအစဉ်အလာကို (၁၉၈၂) ခုနှစ်မှစတင်ခဲ့သောကြောင့် ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏လက်ထက် ၌စတင်ခဲ့ဟန်တူပါသည်။ ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်တိတိကျကျ မသိရသော်လည်း ခရစ္စမတ်သည်မိသားစုပွဲဖြစ်သောကြောင့် မိသားစုစိတ် ဓာတ်ဖြင့် လှူဒါန်းပါဝင်နိုင် ရန်အခြေအနေဖန်တီးခဲ့ဟန်ဖြစ်နိုင်ပါသည်။ ဤ အစဉ်အလာမှတ်တမ်းကိုလည်း…

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ (၆၇) ကြိမ်မြောက်ရွေ့လျားသူငယ်တော်အိမ်တည်ဆောက်မည်။

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ (၆၇) ကြိမ်မြောက်ရွေ့လျားသူငယ်တော်အိမ်တည်ဆောက်မည်။ အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၏ဆွဲဆောင်မှုအမြင့်မားဆုံးခရစ္စမတ်ကာလ၏တင်ဆက်မှုကြီးတစ်ခုကား ရွေ့လျားသူငယ်တော်အိမ်တည် ဆောက်ခြင်းဖြစ်သည်။ အဆိုပါရွေ့လျားသူငယ်တော်အိမ်ကို နို၀င်ဘာ (၂၈) ရက်နေ့ကပင်တရား၀င်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယခုနှစ်၏ရွေ့လျားသူငယ်တော်အိမ်သည် (၆၇) ကြိမ်မြောက်ရှိပြီဖြစ်ရာ စိတ်ကူးရမှသာမဟုတ်ဘဲ နှစ်စဉ်တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ ဤရွေ့လျားသူငယ်တော်အိမ်ကို လူအများကြည့်ရူနိုင်သည့် စိန့်မာတင်းရင်ပြင်၌ လာမည့်နှစ် ဇန္န၀ါရီ (၇) ရက်နေ့အထိထားရှိပြသသွားမည်ဖြစ်သည်။ ယခုကဲ့သို့တင်ဆက်မှုသည် (၁၀) စုနှစ် (၆) ခုကျော်ကြာလာခဲ့ပြီးဖြစ်သည်။ ဤအစီအစဉ်ကိုစတင်ခဲ့သူမှာ ဖာသာရ် Louis Coffey ဖြစ်ပြီး (၁၉၅၆) တွင်စတင်ခဲ့သည်။ အစပျိုးစဉ်က ကျမ်းစာလာအကြောင်း အရာများကိုကလေးများစိတ်၀င်စားစေရန်တင်ဆက်ခဲ့သည်။ အစပိုင်း၌…

ကိုယ်၀န်ဖျက်ချခြင်းသည်နောင်ပိုင်း၌အပြစ် (လူသတ်မှု) ကျူးလွန်သည်ဟုခံစားရပြီ စိတ်ဓာတ်ကျရောဂါခံစားလာရနိုင်ဟုလေ့လာတွေ့ရှိ

ကိုယ်၀န်ဖျက်ချခြင်းသည်နောင်ပိုင်း၌အပြစ် (လူသတ်မှု) ကျူးလွန်သည်ဟုခံစားရပြီ စိတ်ဓာတ်ကျရောဂါခံစားလာရနိုင်ဟုလေ့လာတွေ့ရှိ မကြာခဏကိုယ်၀န်ဖျက်ချလေ့ရှိသော အမျိုးသမီးများသည် ဖျက်ချစဉ်၌မိမိ၏အရှက်ကိုကာကွယ်ဖုံးဖိရန်အတွေးတစ်ခုတည်းဖြင့်ကျူးလွန်ခဲ့သော်လည်း ကိုယ်၀န်ဖျက်ချပြီးနောက်ပိုင်း၌ထိုသို့ပြုလုပ်ခဲ့မိခြင်း ကြောင့်အပြစ်ရှိသည်ဟုအစဉ်တွေးတောခံစားရပြီး စိတ်ကျရောဂါကိုနောက်ဆက်တွဲခံစားလာရသည်။ ဤ လေ့လာတွေ့ရှိချက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဖြစ်ပျက်နေခြင်းဖြစ်သည်ဟု အီသီယိုးပီးယားနိုင်ငံသားဆေး၀ါးကျွမ်းကျင်ပညာရှင်အဖွဲ့ကစိတ်ပိုင်းဆိုင်ရာမဂ္ဂဇင်းဖြစ်သည့် BMC ၌ဖော်ပြထားသည်။ ပြန်လည်သုံးသပ်ရန်အလွတ်သဘောတင်ပြထားခြင်းဖြစ်သည်။ ရှာဖွေတင်ဆက်သူများဖြစ်ကြသော Kirubel Dagnaw Tegegne နှင့် Natnael Atnafu Gebeyehu တို့သည် ဤအကြောင်းအရာနှင့်စပ်လျင်း၍ လူပေါင်း (၁၈၂၀၇) ဦးအားမေးမြန်းပြီး (၁၅) ဦး၏သုံးသပ်ချက်နှင့်ဤအကြောင်းအရာနှင့်စပ်ဆိုင်သော ဆောင်းပါးပေါင်း (၆၅၇) ခုကိုအခြေခံထားခြင်းဖြစ်သည်။ ၄င်းလေ့လာချက်၌ အာရှအမျိုးသမီး (၃၇,၅) ရာခိုင်နှုန်း၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှကမ္ဘာ့…

ရဟန်းမင်းကြီးဖရန်စစ်မယ်တော်အားရွှေနှင်းဆီပန်းခိုင်သွားရောက်ကပ်လှူမည်

ရဟန်းမင်းကြီးဖရန်စစ်မယ်တော်အားရွှေနှင်းဆီပန်းခိုင်သွားရောက်ကပ်လှူမည် ရဟန်းမင်းကြီးဖရန်စစ်သည် ပြည်ပခရီးသို့မကြွမှီသွားရောက်ဆုတောင်းအပ်နှံလေ့ရှိပြီး၊ ကြွပြီးပြန်ရောက်တိုင်းသွားရောက်ကျေးဇူးတင်လေ့ရှိသော ရောမမြိုရှိမယ်တော်သခင်မဘာစီးလီကာဘုရားကျောင်းတော်ကြီးအတွင်းမှ ‘the Salus Populi Romani’ မယ်တော်၏ပုံတော်ရှေ့၌ ‘ရွှေနှင်းဆီပန်း’ ကိုလာမည့်ဒီဇင်ဘာ (၈) ရက်နေ့၌သွားရောက်ကပ်လှူမည်ဖြစ်ကြောင်းဗာတီကန်သတင်းပြန်ကြားရေးကအသိပေးလာပါသည်။ အမိသာသနာသည် နှစ်စဉ်ဒီဇင်ဘာ (၈) ရက်နေ့၌ ‘အမိမယ်တော်အားအပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့’ ကိုခမ်းနားစွာကျင်းပပါသည်။ ဤမယ်တော်ထံသို့ ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်ပြီးနောက် (၁၁၄) ကြိမ်ကြွရောက်ကြည်ညိုဂါရ၀ပြုခဲ့ပြီးဖြစ်သည်။ ရွှေရောင်နှင်းဆီအားပေးသည့်အလေ့အထသည် အလယ်ပိုင်းခေတ်ကပင်ရှိခဲ့သည်။ ရွှေရောင်နှင်းဆီအား ရသေ့ကျောင်းများ၊ သူတော်သူမြတ်တို့၏ဗိမာန်ရှိသည့်နေရာများ၊ တော်၀င်မိသားစုများ၊ ကာကွယ်ရေးအသိုင်းအ၀ိုင်း၊ အုပ်ချုပ်ရေးနှင့်အခြားသာသနာ၏ ကောင်းကျိုးကိုဆောင်ရွက်သောသူတို့အားပေးလေ့ရှိသည်။ ပေးရသည့်ရည်ရွယ်ချက်မှာ ယုံကြည်ခြင်း၊ သာ သနာတော်ကြီးအားကာကွယ်စောင့်ရှောက်ထိန်း သိမ်းခြင်းနှင့်အများကောင်းကျိုးကိုဆောင်ရွက်သောသည့် အတွက် ကျေးဇူးတင်အသိအမှတ်ပြုခြင်းဖြစ်…

နိုင်ဂျီးရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုဆက်လက်မြင့်တက်နေဆဲ

နိုင်ဂျီးရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုဆက်လက်မြင့်တက်နေဆဲ Aid to Church in Need (ACN) ဟုခေါ်သော ကက်သလစ်သာသနာတော်ကြီး ၏ကရုဏာရေးလုပ်ငန်းအဖွဲ့မှနို၀င်ဘာ (၁၄) ရက်နေ့ကထုတ်ပြန်သည့်အစီရင်ခံစာ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုသည် ယခုနှစ်စမှစ၍နိုင်ဂျီးရီးယားနိုင်ငံ၌ဆက်လက်မြင့်တက် နေဖော်ပြထားသည်။ အစီရင်ခံစာအရာ နို၀င်ဘာ (၁၃) ရက်နေ့အထိ ပြန်ပေးဆွဲခံရသော ကက်သလစ်ဘုန်း တော်ကြီး၊ သီလရှင်များ၊ ရဟန်းလောင်းကိုရင်စုစုပေါင်း (၂၃) ဦးရှိခဲ့ရာမှ (၂၂) ဦးမှာပြန်လည်လွတ်မြောက်လာခဲ့သည်။ တစ်ဦးမှာထိန်းသိမ်းထားစဉ်ကွပ်မျက်ခံခဲ့ရသည်။ ထို့ကြောင့် နိုင်ငံဂျီးရီးယားနိုင်ငံအတွင်း ကက် သလစ်သာသနာ၏အမှုထမ်းများအားပြန်ပေးဆွဲခြင်းသည် အကြီးမားဆုံးသောခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်သည်။ အစီရင်ခံစာအရ (ဇန္န၀ါရီလ ၂၀၂၃) ခုနှစ် Ekiti…

နီဂါရာဂွာအာဏာရှင်သမ္မတထက် ကက်သလစ်ဆရာတော်ကြီးများအားပြည်သူပို၍ယုံကြည်ထောက်ခံ

နီဂါရာဂွာအာဏာရှင်သမ္မတထက် ကက်သလစ်ဆရာတော်ကြီးများအားပြည်သူပို၍ယုံကြည်ထောက်ခံ နီဂါရာဂွာအာဏာရှင်သမ္မတ၏ မတရားထောင်ဒဏ် (၂၆) နှစ်ချမှတ်ခံထားရသောဆရာတော် Rolando Álvarez သည် အပြစ်မရှိကြောင်းကို ပြည်သူ (၇၂) ရာခိုင်နှုန်းကယုံကြည်လက်ခံသည်။ ကာဒီနယ် Leopoldo Brenes သည်လည်း အာဏာရှင်သမ္မတ၏ငွေမဲခ၀ါချမှုဖြင့်စွပ်ဆွဲခံထားရသူဖြစ်သည်။ ကာဒီနယ်အားထောက်ခံအားပေးမှု (၄၆) ရာခိုင်နှုန်းရှိသည်။ ကာဒီနယ်သည် Managua ဂိုဏ်းချုပ်သာသနာပိုင်ဖြစ်သည်။ Managua ဂိုဏ်းချုပ်သာသနာ၏လက်ထောက်ဆရာတော် Silvio Báez သည်လည်း အာဏာ ရှင်အစိုးရမှ သေဒဏ်ချမှတ်ခံထားခဲ့ရာ ရဟန်းမင်းကြီးဖရန်စစ်၏အသနားခံမှုဖြင့် အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံရေး သွားရောက်ခိုလုံနေရသူသည်လည်း ပြည်သူတို့ထောက်ခံမှု (၄၃) ရာခိုင်နှုန်းရထားသည်။ ယခုကဲ့သို့စစ်တမ်းကောက်ယူရာ၌…

ဓမ္မသင်တန်းကျောင်း (၇၅) နှစ်ပြည့် နှင့် (St. Luke’s College, Socio-Pastoral Formation Center) သစ်ဖွင့်ပွဲ

သံလုကာဓမ္မသင်တန်းကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဗလီ နှင့် (St. Luke’s College, Socio-Pastoral Formation Center) ကောလိပ် ကျောင်းဆောင်သစ် ကောင်းကြီးပေးဖွင့်လှစ်ခြင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး၊ မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ၏ Apostolic Administrator ကာဒီနယ် ချားလ်(စ်)ဘိုမှ သံလုကာဓမ္မသင်တန်းကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဗလီ နှင့် (St. Luke’s College, Socio-Pastoral Formation Center) ကောလိပ် ကျောင်းဆောင်သစ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်…

မြစ်ကြီးနား ကက်သလစ်သာသနာအတွက် ရဟန်းသစ်သုံးပါးရရှိခြင်း

မြစ်ကြီးနား ကက်သလစ်သာသနာအတွက် ရဟန်းသစ်သုံးပါးရရှိခြင်း ၈ ဒီဇင်ဘာ ၊ ၂၀၂၃ (မြစ်ကြီးနား) ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ကိုးနာရီ က စိန်လုကာ ဓမ္မကောလိပ်ကျောင်းဝင်း ၊ ဧဒင် ၊မြစ်ကြီးနားမြို့၌ ဦးပဥ္စင်းကြီး ကလဲမင်းကျော်ဌေးဦး ၊ ဦးပဥ္စင်းကြီး ဂျေရွမ်းအင်ဒိန်လရော်၊ ဦးပဥ္စင်းကြီး မာကုတိုက်တီကြည်မိုး တို့သုံးပါးသည် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး၊ မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ၏ Apostolic Administrator ကာဒီနယ် ချားလ်(စ်)ဘို ၏ လက်တော်မှ ထာဝရ ရဟန်းသိက္ခာကို…

ကြက်မလေးလောက်တော့ အသိရှိပါ

ဘဲမ တွေက ဥပဲဥကြတာ အကောင်ပေါက်အောင်တော့ မဝပ်ကြဘူး။ ဓာတ်နဲ့ဖောက်တဲ့ စက်တွေ မပေါ်ခင် ကာလတုန်းက ဘဲအကောင်ပေါက်လေးတွေရဖို့ ဆိုရင် ကြက်မ ဥဝပ်တဲ့အချိန် အဲ့ဒီ ဘဲဥလေးတွေ ထည့်ထားပေးရတာ။ ကြက်မက သူ့ဥတွေနဲ့အတူ ဝပ်ပေးရင်း ကြက်သားပေါက်လေးတွေ အကောင်ပေါက်ချိန်ရောက်တဲ့အခါ ဘဲလေးတွေပါ အကောင်ပေါက်လာကြတာပေါ့… ဒါပေမယ့် ထူးဆန်းတာက မြွေဥကို ထည့်ပေးတဲ့အခါကျ ကြက်မက ဖယ်ထုတ်ပစ်တော့တာပဲ။ ကြက်မတွေက မြွေဥကို ဘယ်တော့မှ ဝပ်မပေးတတ်ကြဘူး။ တိရစ္ဆာန်တွေတောင်မှ မြွေဥကို မြွေဥမှန်း ခွဲခြားသိတယ်.. ဒီမြွေဥကို ဝပ်ပေးဖို့ငြင်းဆန် ကန်ထုတ်ခြင်းအမှုကိုလည်း…