
မစနောက်ပါနဲ့
ကျမ တို့မြန်မာလူမျိုးတွေဟာ စ နောက်ရတာကို နှစ်သက်ကြပါတယ်။ အဲလို စ နောက်တာ/နောက်ပြောင်ကျီ စယ်တာက တစ်ယောက်နဲ့တစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေတယ်လို့ ထင်နေကြတာဟာ လုံးဝ မှားယွင်းတဲ့ ခံယူချက်ပါပဲ။ စနောက်ခြင်းရဲ့ အဆုံးသတ်က ဒေါသနဲ့ ရန်ပွဲ/ခင်မင်မှု ပျက်ပြားရခြင်းပဲ ဖြစ်လာပါတယ်။ ဒါကြောင့် လူကြီးပဲဖြစ်ဖြစ် /ကလေးကိုပဲဖြစ်ဖြစ် လုံးဝ မစ နောက်သင့်ပါဘူး။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စ တဲ့အခါ နစ်နာစေလိုတဲ့ ရည်ရွယ်ဆိုးကြီး ရှိမနေတာတော့ အမှန်ပါပဲ။ ကိုယ်စလိုက်တာကို ကလေးက တစ်ကယ်ထင် သွားတဲ့ အမူအရာ…









