
ဖာသာ ပေါလ် သက်ခိုင် ပါစကားကာလ ပဉ္စမ ရက်သတ္တပတ် တနင်္ဂနွေနေ့ ဩဝါဒ မေလ ၁၀၊ ၂၀၂၀



ထိန်းသိမ်းကြစေ သဘာဝအမွေ ( ရုပ် / သံ ) အစီအစဉ် ဒီတပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ( ရုပ် / သံ ) အစီအစဉ်မှာတော့ ” covid 19 ကပ်ကာလနှင့် သဘာဝပတ်ဝန်းကျင် ” ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ Present & Edit – Zaw Naing Oo Camera – Pinky #Covid19 #Environment #ClimateChange #RVAMyanmar

ဘာသာတရားဆိုတာ?(or)Religion (ဘာသာဆိုတာ)? “ယုံကြည်ရာ ဘာသာ” လူအပေါင်းယုံကြည်ရာ ဘာသာသမိုင်း (story of religion) သည် ကမ္ဘာ့ ရှေးအကျဆုံးသော ရာဇဝင်တစ်ပုဒ်ဖြစ်၏။ လူတို့ အလေးထားရှာဖွေနေသော သဘာဝလောကကြီးနှင့် သက်ရှင်လှုပ်ရှားသွားလာနေကြသော သတ္တဝါများအားလုံး၏ အဓိပ္ပါယ် ကို ရှာဖွေနေသော မှတ်တမ်းတစ်ခုလည်းဖြစ်၏။ သိန်းသန်းချီစာအုပ်ပုံများ၌ ဟောင်းနွမ်း၊ပြိုပျက်၊ဖုံးအုပ်နစ်မြုပ်လျက်ရှိသော မြို့ ဟောင်းများ၏ အုပ်ပုံကျောက်ပုံများ၌ ဘာသာသမိုင်းအား မီးမောင်းထိုးပြနေသော သက်သေသာဓကများကို ခေတ်အဆက်ဆက်လူတို့ သည် စိတ်ရှည်လက်ရှည် မမောနိုင်မပန်းနိုင် ရှာဖွေကြ၏။ သူတို့ရှာဖွေတွေ့ရှိသော အရာများ၌ မည်သူမျှ မငြင်းမပယ်၊သံသယမပွားနိုင်သော အချက်တစ်ချက်ကို…

ရဟန္တာဒေါမီနစ်ဆာဗီယို (၁၈၄၂-၁၈၅၇) ဒွန်ဘောစကိုရဲ့ထူးခြားပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုကိုပြောရမယ်ဆိုရင် ဒီနေ့ကျင်းပတဲ့ ရဟန္တာ ဒေါမီနစ်ဆာဗီယိုကိုပဲ ပြောရမယ်ထင်တယ်။ သူဟာအင်မတန်မှငယ်ရွယ်တဲ့ ဆယ်ကျော်သက်လူငယ်လေး ဖြစ်ပေမယ့်လည်း ဝိညာဉ်ရေးရာကျင့်စဥ်၌ ရင့်ကျက်တဲ့သူဖြစ်တယ်။ ကိုယ်တော်မြတ် မခံယူခင် သူယူထားတဲ့သံဓိဋ္ဌာန်တစ်ခုက ”အပြစ်ပြုမည့်အစား အသေခံမယ်”တဲ့။ နုနယ်သေးတဲ့အတွေ့အကြုံသာရှိပေမယ့်လည်း နက်ရှိုင်းလှတဲ့ ဘုရားမေတ္တာကိုသိရှိခံစားခဲ့ရတယ်။ အပြစ်ကြီးတစ်ခုအားဖြင့် ဘုရားရှင်ကိုအပြစ်မှားစော်ကားမည့်အစား သူ့ကို ဘုရားပေးထားတဲ့ ဖြူစင်တဲ့ဘဝလေးကိုပဲ ပြန်ရုပ်သိမ်းဖို့ဆန္ဒရှိခဲ့ပါတယ်။ တစ်နေ့တွင်လည်း သူတို့အိမ်ကိုလာလည်တဲ့ ဧည်သည်တစ်ယောက်အတူ ထမင်းစားကြတယ်။ ဆုမတောင်းဘဲ ထမင်းစားတဲ့ဧည်သည်ကို မညှာတာဘဲပြောတာက ”တိရစ္ဆာန်တစ်ကောင်လို့ ဆုမတောင်းတဲ့သူနဲ့ အတူ ထမင်းမစားချင်ဘူး”လို့ မိဘတွေကိုပြောခဲ့တယ်။ လူရဲ့လုပ်အားစွမ်းအားနဲ့…

အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားတော် ကိုးကွယ်မှု ဘာသာတရားနှင့် လွပ်လပ်ခြင်း စာတမ်းဖတ်ပွဲ တစ်ခုဖြစ်ပါတယ်။ အတူ တက် ရောက် လာ သည့် တိဗက်ဗုဒ္ဓဆရာတော် ရှင်ဒလိုင်းလားမားအား၊ ဘရာဇီးနိုင်ငံသား သီအော်လောဂျီ ပညာရှင် လေအို နားဒို ဗော့ဖ်၏ အမေးအဖြေ….. လေအိုနားဒိုမေး။ အရှင်ဘုရား၊ အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားကို ပြောပြနိုင်မလား ဘုရား။ ကျွန်တော်စိတ်ထဲမှာ သည်ဆရာတော်ကြီးကတော့ တိဗက်ဗုဒ္ဓဘာသာပေါ့။ ဒါမှမဟုတ် ခရစ် ဘာသာ တ ရားထက် ရာစုနှစ်အတော်စောပြီး ထွန်းကားခဲ့တဲ့ အာရှတိုက်က ဘာသာတွေ ပေါ့ဟုပြောလိမ့်မယ်လို့…

ရာမ ဒန်ဟာ ဘာသာပေါင်းစုံစည်းလုံးညီညွတ်မှုကိုဖေါ်ပြရန် အခွင့်အရေကောင်းတခုဖြစ်ကြောင်း ကာဒီနယ် အာရုဆို မြွက်ကြား ကာဒီနယ် အာရုဆို --ကမ္ဘာအရပ်ရပ်မှ ရာမဒန် ဥပုသ်လကိုကျင်းပနေသော မွတ်ဆလင်များ အနေဖြင့် ရာမ ဒန်ဟာ ဘာသာပေါင်းစုံစည်းလုံးညီညွတ်မှုကိုဖေါ်ပြရန် အခွင့်အရေကောင်းတခုဖြစ်ကြောင်း၊ ကိုဗစ်19 ကမ္ဘာကူးစက်ရောဂါကပ်ကို ရင်ဆိုင်နေရချိန် မွတ်ဆလင်နဲ့ခရစ်ယာန်များ စည်းလုံးညီညွတ်မှုဖေါ်ပြကြရန် ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ဘာသာပေါင်းစုံနှီနှောဖလှယ်ရေးကောင်စီ၏ ဥက္ကဋ္ဌ မှတိုက်တွန်းလိုက်သည် By Vatican News (ဗာတီကန်သတင်းမှ) ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ခြင်း ကောင်စီ၏ တာဝန်ခံ ဥက္ကဋ္ဌ ကာဒီနယ် မင်ဂူအယ် အင်ဂျယ်…

ကမ္ဘာ့လူငယ်များနေ့ နောက်ခံသမိုင်း ဧပြီလ ၅၊ ၂၀၂၀ ကမ္ဘာ့လူငယ်များနေ့ (WYD)ဆိုတာ လူငယ်တွေကို ခရစ်တော်ဘုရားရဲ့ တရားတော်နှင့်အညီ နေထိုင် အသက်ရှင်ဖို့ လမ်းညွှန်ပေးခြင်းဖြစ်ပြီး ဒီဘ၀အသက်တာကို နေထိုင်တဲ့ လူငယ်တွေကိုလည်း အားပေးအား မြှောက်ပြုဖို့ ရည်ရွယ်ချက်နဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်(၂) စတင်ခဲ့တဲ့ လူငယ့်ပွဲတော်ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်၊ ကယ်တင်ခြင်းဂျူဘီလီနှစ် ပိတ်ပွဲမှာ အရှင်သူမြတ် ဂျွန်ပေါလ်က ကမ္ဘာတ၀ှမ်းက လူငယ်တွေကို မိမိနှင့်အတူ အပြည်ပြည်ဆိုင်ရာ လူငယ်များ ဂျူဘီလီ (International Jubilee of Youth)…

‘ငါ’ နဲ့ “ငါ’ ငြိမ်းချမ်းစွာနေထိုင်ခြင်း=========စိုးနိုင် sdb=======ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးဆောက်တည်ရမယ်လို့ ဆိုပေမဲ့ လူ့ဘဝမှာ ကိုယ်မတတ်နိုင်တာတွေ ရှိတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ ပြောင်းလဲလို့ မရနိုင်တာတွေ ရှိတယ်ဆိုတာ သိထားဖို့လိုသလို လက်ခံတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီအချက်က ဝမ်းနည်းဖို့ ကောင်းချင် ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါက ရှောင်လွှဲမရတဲ့ အမှန် တရားတစ်ခုပါ။ ကိုယ့်ဘဝမှာ ကိုယ်မလိုချင်ဘဲ ရှိနေတဲ့အရာ တွေများသလို၊ ကိုယ်လိုချင်ပေမဲ့လည်း မရနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ “ရတာမလို၊ လိုတာမရ” ဆိုတဲ့ ဒီအမှန်တ ရားကြီးထဲမှာ ကျွန်တော်တို့…

အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်(ကျွမ်းကျင်တဲ့ပညာလား၊ ကျင့်ကြံတဲ့ စာရိတ္တလား)================စိုးနိုင် sdb+++++++လူကောင်း နဲ့ လူတော် ဘယ်သူကို လူတွေ ပိုနှစ်သက်ပါသလဲ။+++++++လွန်ခဲ့တဲ့ တလကျော်လောက်က အက်ဖ်အမ်ရေဒီယို လိုင်းတစ်ခုမှာ အလုပ်သမားခန့်တဲ့အခါ ကျွမ်းကျင်တဲ့ အလုပ် သမားခန့်မလား၊ ဒါမှမဟုတ် ကုမ္ပဏီအပေါ် သစ္စာတည်ကြည် ပြီး နှစ်ရှည်ထမ်းဆောင်မယ့် အလုပ်သမား ခန့်မလားဆိုပြီး ဆွေးနွေးခန်းတစ်ခုကို ကြားမိလိုက်တယ်။ အဖြေကတော့ သစ္စာရှိမယ့် ကျွမ်းကျင်လုပ်သားကို ခန့်ချင်တာပေါ့။ ၂၀၁၆ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှာ ချစ်နိုင် (စိတ်ပညာ)…

သေခြင်း၏နက်နဲဖွယ်ရာ ဘ၀ရဲ့ ဖြေရခက်ဆုံး ပဟေဠိတစ်ခုက သေခြင်းတရားပါ။ မြန်မြန်သေချင်တဲ့သူ ဘယ်သူရှိလဲ။ မသေချင်တဲ့သူ တွေ စောစောကြွေလွင့်ကြရတယ်။ သေချင်သူတွေကျ မသေကြ။ သေချင်လို့ပဲဖြစ်ဖြစ်၊ နေချင်လို့ပဲဖြစ်ဖြစ် သေခြင်းတရားကို အနည်းနဲ့အများတော့ ကြောက်ကြတယ်။ ပါးစပ်က ရောင်လို့ သေခြင်းတရားအကြောင်း ပြောထွက်မိရင်တောင် ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ ပါးစပ်ပုပ်ကြီးနဲ့ ဆိုပြီး ဟန့်တားတတ်ကြတာမျိုး။ တကယ်တော့ သေခြင်းဆိုတာ လူတွေကြောက်တဲ့ နက်နဲသောအရာ။ သေခါနီးအချိန်မှ နောင်ဘ၀ဆိုတာကို သတိရတယ်။ ဘုရား၊တရားတွေ ပိုမြဲလာတယ်။ နောင်တတွေ ရလာတယ်။ သေခါနီးမှ အသိတရားတွေ…