အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ (၆၇) ကြိမ်မြောက်ရွေ့လျားသူငယ်တော်အိမ်တည်ဆောက်မည်။

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ (၆၇) ကြိမ်မြောက်ရွေ့လျားသူငယ်တော်အိမ်တည်ဆောက်မည်။

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၏ဆွဲဆောင်မှုအမြင့်မားဆုံးခရစ္စမတ်ကာလ၏တင်ဆက်မှုကြီးတစ်ခုကား ရွေ့လျားသူငယ်တော်အိမ်တည် ဆောက်ခြင်းဖြစ်သည်။ အဆိုပါရွေ့လျားသူငယ်တော်အိမ်ကို နို၀င်ဘာ (၂၈) ရက်နေ့ကပင်တရား၀င်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယခုနှစ်၏ရွေ့လျားသူငယ်တော်အိမ်သည် (၆၇) ကြိမ်မြောက်ရှိပြီဖြစ်ရာ စိတ်ကူးရမှသာမဟုတ်ဘဲ နှစ်စဉ်တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ ဤရွေ့လျားသူငယ်တော်အိမ်ကို လူအများကြည့်ရူနိုင်သည့် စိန့်မာတင်းရင်ပြင်၌ လာမည့်နှစ် ဇန္န၀ါရီ (၇) ရက်နေ့အထိထားရှိပြသသွားမည်ဖြစ်သည်။

ယခုကဲ့သို့တင်ဆက်မှုသည် (၁၀) စုနှစ် (၆) ခုကျော်ကြာလာခဲ့ပြီးဖြစ်သည်။ ဤအစီအစဉ်ကိုစတင်ခဲ့သူမှာ ဖာသာရ် Louis Coffey ဖြစ်ပြီး (၁၉၅၆) တွင်စတင်ခဲ့သည်။ အစပျိုးစဉ်က ကျမ်းစာလာအကြောင်း အရာများကိုကလေးများစိတ်၀င်စားစေရန်တင်ဆက်ခဲ့သည်။ အစပိုင်း၌ ရုပ်တုများကိုနည်းပညာဖြင့်ပြုလုပ် ၍တင်ဆက်ခဲ့သည်။ ပထမဦးဆုံးတင်ဆက်သောနှစ်၌ ဒါဗလင်၏မြို့လယ်၌တင်ဆက်ခဲ့သည်။ နောက်ပိုင်း သူငယ်တော်အိမ်၏အကျယ်အ၀န်းနှင့်ထည့်သွင်းအသုံးပြုသည့်ပစ္စည်းများ၊ ဆင်းတုများအရွယ်ကြီးလာခြင်း၊ အရေအတွက်တိုးလာ‌ရာ နောဧ၏သဘော်ပင်ပါအောင် Frank Pringle ကလက်ဆင့်ကမ်းတည်ဆောက်ခဲ့ပြန်သည်။

ယခုနောက်ဆုံးတည်ဆောက်မှု၌ ဒါဗလင်၏အနုပညာရှင် Cormac Larkin က အဆိုပါသူငယ် တော်၏အိမ်နောက်ခံကိုရေးဆွဲထားသည်။ ယခုနှစ်တင်ဆက်မှု၌ အသုံးပြုထားသည် ပစ္စည်းအမျိုးပေါင်း (၁၀၀) ကျော်အားကျမ်းစာလာနောက်ခံအခြေခံ၍ (၁၄) ခန်းကိုတင်ဆက်ထားသည်။

သူငယ်တော်အိမ်၌အသုံးပြုသည့်ပစ္စည်းများအားလုံးကို (၂၀၁၅) ခုနှစ်က ပညာရှင်တို့၏အကူအညီဖြင် အရောင်များပြန်လည်ခြယ်သမွမ်းမံခဲ့ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/34M6M
rvamyanmar
rvamyanmar
Articles: 3992

Leave a Reply

Your email address will not be published. Required fields are marked *