နိုင်ဂျီးရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုဆက်လက်မြင့်တက်နေဆဲ

နိုင်ဂျီးရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုဆက်လက်မြင့်တက်နေဆဲ

Aid to Church in Need (ACN) ဟုခေါ်သော ကက်သလစ်သာသနာတော်ကြီး ၏ကရုဏာရေးလုပ်ငန်းအဖွဲ့မှနို၀င်ဘာ (၁၄) ရက်နေ့ကထုတ်ပြန်သည့်အစီရင်ခံစာ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုသည် ယခုနှစ်စမှစ၍နိုင်ဂျီးရီးယားနိုင်ငံ၌ဆက်လက်မြင့်တက် နေဖော်ပြထားသည်။ အစီရင်ခံစာအရာ နို၀င်ဘာ (၁၃) ရက်နေ့အထိ ပြန်ပေးဆွဲခံရသော ကက်သလစ်ဘုန်း တော်ကြီး၊ သီလရှင်များ၊ ရဟန်းလောင်းကိုရင်စုစုပေါင်း (၂၃) ဦးရှိခဲ့ရာမှ (၂၂) ဦးမှာပြန်လည်လွတ်မြောက်လာခဲ့သည်။ တစ်ဦးမှာထိန်းသိမ်းထားစဉ်ကွပ်မျက်ခံခဲ့ရသည်။ ထို့ကြောင့် နိုင်ငံဂျီးရီးယားနိုင်ငံအတွင်း ကက် သလစ်သာသနာ၏အမှုထမ်းများအားပြန်ပေးဆွဲခြင်းသည် အကြီးမားဆုံးသောခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်သည်။

အစီရင်ခံစာအရ (ဇန္န၀ါရီလ ၂၀၂၃) ခုနှစ် Ekiti သာသနာတွင်စတင်ဖမ်းဆီးခဲ့သည်။ Minna ရှိဘုန်းကြီးကျောင်းကိုလည်းတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးတစ်ပါးကိုလည်းအရှင်လတ်လတ်မီးရှိုသတ်ခဲ့သည်။ ထို့နောက် (၃) လတာမျှပြန်ပေးဆွဲသည့်လုပ်ရပ်တန့်သွားခဲ့ပြီးနောက် ဧပြီလမှစ၍ပြန်လည်လှုပ်ရှားသက်၀င်လာခဲ့ပြန်သည်။ နောက်ဆုံးပြန်ပေးဆွဲသည့်အမှုသည် ယခုလနို၀င်ဘာလ ဤဆောင်းပါး (မူရင်းရေး သားချိန်ကိုညွှန်းဆိုပါသည်။) ရေးသားချိန်၌ ထိုအခင်းဖြစ်ပွားခဲ့သည်မှာ (၂၄) နာရီမပြည့်သေးသော ပူပူနွေး နွေးဖြစ်ရပ်တစ်ခုရှိခဲ့သည်။

ACN အဖွဲ့အနေဖြင့် ယခင်နှစ်မှစ၍ ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ရဟန်းတော်များ၊ သီလရှင်များ၊ သတ်ဖြတ်ခံရမှု၊ ပြန်ပေးဆွဲခံရမှု၊ တရားမ၀င်အကြမ်းဖက်ထောင်ချခံရမှုစသောအမှုများအားလုံးကိုမှတ်တမ်းများဖြင့်ပြုစုထားသည်။ နေရာဒေသ၊ နိုင်ငံမတူညီသောနိုင်ငံများမှအမှုပေါင်း (၁၁၈) မှုအနက် ဘုန်းတော်ကြီး၊ သီလရှင် (၁၆) ပါးသတ်ဖြတ်ခံခဲ့ရသည်။ ပြန်ပေးဆွဲသည့်ရာဇ၀တ်မှုမျိုးသည်ဆက် လက်စီးဆင်းလာဖွယ်ရှိကြောင်း၊ ထိုသားကောင်းများ၌ သာသနာ၏ခေါင်းဆောင်များလည်းပါကြောင်းဖြင့်သုံးသပ်ထားသည်။

(၂၀၂၃) ၌ နိုင်ဂျီးရီးယားနိုင်ငံသည် ကမ္ဘာမှစောင့်ကြည့်ခံရသည့် အဆင့် (၆) စာရင်း၀င်နေသည်။ ဤအချက်အလက်များသည် Open Doors အဖွဲ့မှကမ္ဘာတစ်၀ှမ်းရှိ ခရစ်ယာန်များအားဆိုးရွားစွာ ညှဉ်းပမ်းနှိပ်စက်သည့်အခြေအနေပေါ်အခြေခံတင်ပြထားခြင်းဖြစ်သည်။
 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/35rVa

rvamyanmar
rvamyanmar
Articles: 3992

Leave a Reply

Your email address will not be published. Required fields are marked *