ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင်များလှူဒါန်းသည့်နိုင်ငံများစာရင်းထွက်လာ

ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင်များလှူဒါန်းသည့်နိုင်ငံများစာရင်းထွက်လာ

(၁၉၈၂) နှစ်မှစ၍ ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင် ကိုလှူဒါန်းပေးခဲ့သောနိုင်ငံများ၊ ခုနှစ်များနှင့်သစ်ပင်၏အမြင့်ပေများ
မှတ်တမ်း၌ဖော်ပြတွေ့ရှိချက်အရ ခရစ္စမတ်သစ် ပင်ကြီးကိုလှူဒါန်း သည့်အစဉ်အလာကို (၁၉၈၂) မှစတင်ခဲ့ဟန်ရှိပါသည်။ အဘယ် ကြောင့် ဆိုသော် မှတ်တမ်းကိုအောက်ပါအတိုင်းတွေ့ရှိရသောကြောင့်ဖြစ်ပါသည်။

သစ်ပင်၏အမြင့်ကိုမူ အစောပိုင်းနှစ်များ၌ မှတ်တမ်းတင်ထားဟန်မ တူဘဲ နောက်ပိုင်းမှ မှတ် တမ်းတင်လာသည်ကိုသတိထားမိပါသည်။ ဤအစဉ်အလာကို (၁၉၈၂) ခုနှစ်မှစတင်ခဲ့သောကြောင့် ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏လက်ထက် ၌စတင်ခဲ့ဟန်တူပါသည်။ ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်တိတိကျကျ မသိရသော်လည်း ခရစ္စမတ်သည်မိသားစုပွဲဖြစ်သောကြောင့် မိသားစုစိတ် ဓာတ်ဖြင့် လှူဒါန်းပါဝင်နိုင် ရန်အခြေအနေဖန်တီးခဲ့ဟန်ဖြစ်နိုင်ပါသည်။ ဤ အစဉ်အလာမှတ်တမ်းကိုလည်း ဘာသာတူများအတွက် ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါသည်။

လှူဒါန်းသည့်ခုနှစ် လှူဒါန်းသည့်နိုင်ငံ အမြင့်ပေ
– ၁၉၈၂ အီတလီ
– ၁၉၈၃ သြစတီယာ
– ၁၉၈၄ ဂျာမနီ
– ၁၉၈၅ အီတလီ
– ၁၉၈၆ အီတလီ
– ၁၉၈၇ သြစတီယာ
– ၁၉၈၈ အီတလီ
– ၁၉၈၉ သြစတီယာ
– ၁၉၉၀ အီတလီ
– ၁၉၉၁ သြစတီယာ
– ၁၉၉၂ အီတလီ
– ၁၉၉၃ သြစတီယာ
– ၁၉၉၄ စလိုဗက္ခီးယာ
– ၁၉၉၅ ဂျာမနီ
– ၁၉၉၆ စလိုဗက္ခီးယာ
– ၁၉၉၇ ပိုလန်
– ၁၉၉၈ ဂျာမနီ
– ၁၉၉၉ ချက်
– ၂၀၀၀ သြစတီယာ
– ၂၀၀၂ ရိုမေးနီးယား
– ၂၀၀၃ ခရိုအေးရှား ၉၂ ပေ
– ၂၀၀၄ အီတလီ ၁၀၅ ပေ
– ၂၀၀၅ သြစတီယာ ၁၀၈ ပေ
– ၂၀၀၆ အီတလီ ၁၁၀ ပေ
– ၂၀၀၇ အီတလီ ၉၈ ပေ
– ၂၀၀၈ သြစတီယာ ၁၀၈ ပေ
– ၂၀၀၉ ဘယ်ဂျီယံ ၉၈ ပေ
– ၂၀၁၀ အီတလီ ၁၁၀ ပေ
– ၂၀၁၁ ယူခရိန်း ၉၈ ပေ
– ၂၀၁၂ အီတလီ ၉၈ ပေ
– ၂၀၁၃ ဂျာမနီ ၈၂ ပေ
– ၂၀၁၄ အီတလီ ၈၂ ပေ
– ၂၀၁၅ ဂျာမနီ ၈၂ ပေ
– ၂၀၁၆ အီတလီ ၈၂ ပေ
– ၂၀၁၇ ပိုလန် ၆၉ ပေ
– ၂၀၁၈ – အီတလီ (Pordenone) – အမြင့် (၇၅) ပေ၊
– ၂၀၁၉ – အီတလီ (Veneto) – အမြင့် (၈၅) ပေ၊
– ၂၀၂၀ – ဆလိုဗေးနီးယား (Kocevje) – (၉၈)‌ပေ၊
– ၂၀၂၁ – အီတလီ (Andalo) – အမြင့် (၉၂) ပေ၊
– ၂၀၂၂ – အီတလိ (Rosello) – အမြင့် (၉၈) ပေ၊
– ၂၀၂၃ – အီတလီ (Piedmonte) – အမြင့် (၈၂)၊

rvamyanmar
rvamyanmar
Articles: 3992

Leave a Reply

Your email address will not be published. Required fields are marked *