ကြက်မလေးလောက်တော့ အသိရှိပါ

ဘဲမ တွေက ဥပဲဥကြတာ အကောင်ပေါက်အောင်တော့ မဝပ်ကြဘူး။

ဓာတ်နဲ့ဖောက်တဲ့ စက်တွေ မပေါ်ခင် ကာလတုန်းက ဘဲအကောင်ပေါက်လေးတွေရဖို့ ဆိုရင်

ကြက်မ ဥဝပ်တဲ့အချိန် အဲ့ဒီ ဘဲဥလေးတွေ ထည့်ထားပေးရတာ။

ကြက်မက သူ့ဥတွေနဲ့အတူ ဝပ်ပေးရင်း ကြက်သားပေါက်လေးတွေ အကောင်ပေါက်ချိန်ရောက်တဲ့အခါ

ဘဲလေးတွေပါ အကောင်ပေါက်လာကြတာပေါ့… ဒါပေမယ့် ထူးဆန်းတာက မြွေဥကို ထည့်ပေးတဲ့အခါကျ ကြက်မက ဖယ်ထုတ်ပစ်တော့တာပဲ။

ကြက်မတွေက မြွေဥကို ဘယ်တော့မှ ဝပ်မပေးတတ်ကြဘူး။

တိရစ္ဆာန်တွေတောင်မှ မြွေဥကို မြွေဥမှန်း ခွဲခြားသိတယ်..

ဒီမြွေဥကို ဝပ်ပေးဖို့ငြင်းဆန် ကန်ထုတ်ခြင်းအမှုကိုလည်း ပြုတယ်။

ထမင်စားကြီးပြီး အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူတွေက “အဓမ္မ” ကို “အဓမ္မ” မှန်း ခွဲခြား မသိတာလား သိလျက်နဲ့လား မဆိုနိုင်။

ဒီအဓမ္မတရားကို မငြင်းဆန်ဘဲ မြွေဥဝပ်ပေးသလို ဝပ်ပေးနေကြတာ။

သင်ထားသမျှ ပညာ၊ သိထားတဲ့အသိတွေ အကုန် အလကား ဖြစ်တော့တာပဲ။

ဒီအဓမ္မတရားက အကောင်ပေါက်ပြီး ရှင်သန်ကြီးပြင်းခွင့်သာ ရလာရင်

မြွေထက် အဆထောင်ချီ အဆိပ်လည်း ပိုပြင်းမှာ၊ တိုင်းပြည်နဲ့ အနာဂတ် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်လည်း ပိုပြီး ကျရောက်စေနိုင်မှာ မလွဲဘူး။

ဒါ့ကြောင့် “အဓမ္မတရား” ဆိုတဲ့ မြွေဥကို အနွေးဓာတ်ရစေဖို့ ဝပ်ပေးတဲ့ အထဲ ဘယ်တော့မှ ကိုယ်မပါစေနဲ့ ။ မပါအောင်နေကြ ။

rvamyanmar
rvamyanmar
Articles: 4053

Leave a Reply

Your email address will not be published. Required fields are marked *