နီဂါရာဂွာအာဏာရှင်သမ္မတထက် ကက်သလစ်ဆရာတော်ကြီးများအားပြည်သူပို၍ယုံကြည်ထောက်ခံ

နီဂါရာဂွာအာဏာရှင်သမ္မတထက် ကက်သလစ်ဆရာတော်ကြီးများအားပြည်သူပို၍ယုံကြည်ထောက်ခံ

နီဂါရာဂွာအာဏာရှင်သမ္မတ၏ မတရားထောင်ဒဏ် (၂၆) နှစ်ချမှတ်ခံထားရသောဆရာတော် Rolando Álvarez သည် အပြစ်မရှိကြောင်းကို ပြည်သူ (၇၂) ရာခိုင်နှုန်းကယုံကြည်လက်ခံသည်။ ကာဒီနယ် Leopoldo Brenes သည်လည်း အာဏာရှင်သမ္မတ၏ငွေမဲခ၀ါချမှုဖြင့်စွပ်ဆွဲခံထားရသူဖြစ်သည်။

ကာဒီနယ်အားထောက်ခံအားပေးမှု (၄၆) ရာခိုင်နှုန်းရှိသည်။ ကာဒီနယ်သည် Managua ဂိုဏ်းချုပ်သာသနာပိုင်ဖြစ်သည်။ Managua ဂိုဏ်းချုပ်သာသနာ၏လက်ထောက်ဆရာတော် Silvio Báez သည်လည်း အာဏာ ရှင်အစိုးရမှ သေဒဏ်ချမှတ်ခံထားခဲ့ရာ ရဟန်းမင်းကြီးဖရန်စစ်၏အသနားခံမှုဖြင့် အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံရေး သွားရောက်ခိုလုံနေရသူသည်လည်း ပြည်သူတို့ထောက်ခံမှု (၄၃) ရာခိုင်နှုန်းရထားသည်။

ယခုကဲ့သို့စစ်တမ်းကောက်ယူရာ၌ အာဏာရှင်သမ္မတနှင့်သူ၏မိသားစုသည် ပြည်သူ၏တို့၏ငြင်းပယ်မှုအများဆုံးရထားသည်။ ပြည်သူ၏ (၄၆) ရာခိုင်နှုန်းအာဏာရှင်သမ္မတအားလက်မခံ။ (၄၄) ရာခိုင်နှုန်းမှာ သူ၏ဇနီးအားဒုသမ္မတအဖြစ်အသိအမှတ်မပြု။ ပြည်သူတို့၏ဆန့်ကျင်မှုကိုအများဆုံးခံရသည်မှာ စီးပွား ရေးချွတ်ခြုံကျစေသောကြောင့်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာလည်း အကျင့်ပျက်ခြစားမှုကြောင့်ဖြစ်သကဲ့သို့ နီဂါရာဂွာကက်သလစ်သာသနာ၏ခေါင်းဆောင်များအား ဖိနှိပ်ဖမ်းဆီးညှဉ်းဆဲမှုများကြောင့်ဖြစ်သည်။

ဖမ်းဆီးခံထားရသော ကက်သလစ်သာသနာ၏ခေါင်းဆောင် (၁၂) ဦးအားလွတ်ပေးရေး ပြည်သူတို့၏သဘောထားကိုကောက်ခံရာ (၄၆) ရာခိုင်နှုန်းသည် လွှတ်ပေးရန်ကိုထောက်ခံသည်။ ပြည်နင်ဒဏ်ပေးခံထားရသော ကက်သလစ်ဘုန်းတော်ကြီးများနှင့်ဆရာတော်သည် နိုင်ငံသို့ပြန်လာ၍သာသနာပြုအမှုများကိုလွတ်လပ်စွာပြုခွင့်ရှိသည်ဟုယုံကြည်ကြသည်။

ကိုစတာရီကာမှအတိုင်ပင်ခံတစ်ဦးက နိုင်ငံစီးပွားရေးချွတ်ချုံကျမှုနှင့်အကျင့်ပျက်ခြစားမှုသည် တိုက်ရိုက်ပတ်သက်သည်ဟုသုံးသပ်ထားသည်။ လွန်ခဲ့သော (၆) လမှစ၍ အကျင့်ပျက်ခြစားမှုသည် နိုင်ငံအတွင်းစီး၀င်အရှိန်ကောင်းလာသည်ကို ပြည်သူ (၅၂) ရာခိုင်နှုန်းကယုံကြည်သည်။ ထိုစစ်တမ်းများအားဖြေကြားခဲ့သူများ၏အမြင်ကား နိုင်ငံ၏အခြေအနေသည် အလွဲအချော်ဘက်ဆီသို့ဦးတည်ရွေ့လျားနေကြောင်း၊ နီဂါရာဂွာနိုင်ငံသားအတော်များများသည် နိုင်ငံမှထွက်ခွာနိုင်သောအခွင့်အခါကိုသာစောင့်နေကြောင်းသိရှိလာခဲ့ရသည်။

ဤစစ်တမ်းကို အောက်တိုဘာ (၁၇) မှ နို၀င်ဘာ (၁၅) အထိ ဖြေဆိုသူ (၈၀၀) မှရရှိသော ရလာဒ်ဖြစ်သည်။ ဖြေဆိုခြင်းကိုဖုန်းမှပြုလုပ်ခဲ့ပြီး ဖြေဆိုသူများမှာ အသက် (၁၈) ပြည့်ပြီးသူများနှင့်ဖုန်းကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူများဖြစ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/35vuT
rvamyanmar
rvamyanmar
Articles: 3992

Leave a Reply

Your email address will not be published. Required fields are marked *