
အီကွေဒေါနိုင်ငံအား ယေဇူးရွှေနှလုံးတော်ထံ နှစ်ပေါင်း (၁၅၀) ကြာမှပြန်လည်အပ်နှံပူဇော်ခြင်း

အီကွေဒေါနိုင်ငံအား ယေဇူးရွှေနှလုံးတော်ထံ နှစ်ပေါင်း (၁၅၀) ကြာမှပြန်လည်အပ်နှံပူဇော်ခြင်း အီကွေဒေါနိုင်ငံသည် ယေဇူးရွှေနှလုံးတော်အားအပ်နှံပူဇော်သော ကမ္ဘာပေါ်ရှိပထမဦးဆုံး သောနိုင်ငံဖြစ်သည်။ ယခုနှစ် မတ်လ၌ နိုင်ငံအားတဖန် ယေဇူးရွှေနှလုံးတော်ထံပြန်လည်အပ်နှံခဲ့သည်။ ဤ သို့အပ်နှံပူဇော်ခြင်းကို လွန်ခဲ့သောနှစ်ပေါင်း (၁၅၀) ကပြုလုပ်ခဲ့သည်။ Quito ၏ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Alfredo José Espinoza Mateus ကမစ္ဆားတရားကိုဦးဆောင်၍ မြို့တော်ရှိ National Vow ဘာစီးလီကာ၌ပူဇော်ခဲ့ပါသည်။ ဆရာတော်ကြီးများ၊ ဘုန်း တော်ကြီးများ မစ္ဆားတရား၌ပါ၀င်ပူဇော်ခဲ့ကြသည်။ ဂုဏ်ကျက်သရေရှိလူကြီးမင်းများဖြစ်ကြသော မြို့တော် ၀န်၊ ဒေါက်တာ Pabel Muñoz၊ ဒေါက်တာ…









