ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေပြန်လည်တည်ငြိမ်လာ

ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေပြန်လည်တည်ငြိမ်လာ

ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေနှင့်စပ်လျင်း၍ ဗာတီကန်၏သတင်းပြန်ကြားရေးဌာနမှတရား၀င်ထုတ်ပြန်ကြေညာချက်အရ ရဟန်းမင်းကြီး၏ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း၊ အဖျားလည်းမရှိတော့ကြောင်း၊ အသက်ရူလမ်းကြောင်းလည်းတိုးတက်လာကြောင်းအသိပေးလာပါသည်။

လွန်ခဲ့သည့် စနေနေ့က ‘အမွှာ’ ဆေးရုံသို့စီတီစကင်ရိုက်၍စစ်ဆေးခဲ့ရာ အဆုပ်အအေးမိထားကြောင်း ထို့ကြောင့်အဆုပ်ပွနေ၍ အသက်ရူရာ၌ခက်ခဲစေကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့်ပင် ပြီးခဲ့သော
တနင်္ဂနွေနေ့ကလည်း ဘုရားဖူးများနှင့်အတူမွန်းတည့်ဆုတောင်းခြင်းကိုခါတိုင်းကဲ့သို့မပြုလုပ်နိုင်ဘဲ သူသီတင်းသုံးသော ကျောင်းတိုက်မှသာဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်၍ ဆုတောင်းခဲ့သည်။

ယခုပတ်တနင်္လာနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ပါရာဂွေးနိုင်ငံ၏ သမ္မတ Santiago Peña နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် ယခုတစ်ပတ်အတွင်းလက်ခံတွေ့ဆုံရန်ရှိသောအစီအစဉ်များအားလုံးကိုရွေ့ဆိုင်းထားရသည်။

ရဟန်းမင်းကြီးပုံမှန်ပြန်လည်ဖြစ်လာမှသာ ရွေ့ဆိုင်းထားသောအစီအစဉ်များဖြစ်နိုင်ပါက ပြန်လည်လက်ခံတွေ့ဆုံမည်ဖြစ်သည်။

ရဟန်းမင်းကြီးအနေဖြင့် တုတ်ကောက်ကိုင်၍ခါတိုင်းကဲ့သို့ပြုံးရွှင်သောပုံကိုဗာတီကန်မှဓာတ်ပုံရိုက်ယူဖော်ပြလာသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်များအတွင်း ဆေးရုံတက်၍ အခါခါခွဲစိတ်ကုသမှုများကိုခံယူခဲ့ရသည်။

ရဟန်းမင်းကြီးသည် ယခုကဲ့သို့မနားတမ်းလှုပ်ရှားနေသော်လည်း သူ၏သက်တော်မှာ (၈၇) နှစ်ရှိပြီ ဖြစ်သည်။ ယခုနှစ်ဇွန်လက အူမကြီးခွဲစိတ်မှုသည် အကြီးစားခွဲစိတ်မှုဖြစ်ခဲ့၍ လုံလောက်စွာအနားယူခဲ့ရသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျက်ဆွီရဟန်းလောင်းကျောင်း၌ရှိနေစဉ် (၁၉၅၇) တွင် အာဂျင်တီးနား၌ ဆေးရုံတက်ရောက်ခဲ့ပြီး ညာဘက်အဆုပ်ကိုဖြတ်ထုတ်ပစ်ခဲ့ရသည်။ ယခုနှစ်အစောပိုင်းကလည်း လေပြွန် နှင့်ပတ်သက်သောရောဂါကိုခံစားခဲ့ရသည်။

ရဟန်းမင်းကြီးသည် ပြီးခဲ့သောတနင်္ဂနွေနေ့ ဘုရားဖူးများနှင့်တွေ့ဆုံစဉ်က သူ၏ကျန်းမာရေးအခြေအနေကြောင့်ခါတိုင်းကဲ့သို့ အတူတကွမဆုတောင်းနိုင်ကြောင်း၊ သို့ သော် သူသီတင်းသုံးသောကျောင်းတိုင်၏ပြူတင်းပေါက်မှသူသည် စိန့်ပီတာရင်ပြင်သို့လှမ်း၍ ကြည့်နိုင်ကြောင်းဖြင့်အရွန်းဖောက်ခဲ့သည်။ ဒူဘိုင်းသို့သွားရန်အစီအစဉ်ကိုလည်းမဖျက်သိမ်းရသေးကြောင်းဖြင့်မိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/33Z5d
rvamyanmar
rvamyanmar
Articles: 3992

Leave a Reply

Your email address will not be published. Required fields are marked *