rvamyanmar

rvamyanmar

ပဋိပက္ခများအလယ်တွင် အသင်းတော်သည် အစေခံခြင်းနှင့် မျှော်လင့်ခြင်းကို သက်သေခံရမည်။

အာရပ်ဒေသများမှ လာတင်း စနစ်သုံး ဆရာတော်ကြီးများအဖွဲ့ (CELRA) နှင့် ရောမမြို့တွင် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး တင်းမာမှုများအလယ်တွင် နေထိုင် နေကြရသည့် အသိုင်းအဝိုင်းများအတွက် စာနာကူညီမှု၊ ယုံကြည်ခြင်းနှင့် ပြန်လည်ရင်ကြား စေ့ရေးဆိုင် ရာ လေးနက်သည့် သတင်းစကားကို မြွက်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး မိန့်ကြားချက်များမှာ -�ယုံကြည်ခြင်းနှင့် စွန့်လွှတ် ရဲရင့်မှုကို ဂုဏ်ပြုခြင်း – အီရတ်နှင့် ဆီးရီးယားကဲ့သို့ စစ်မက်ဖြစ်ပွားရာ ဒေသများရှိ ခရစ်ယာန်များ၏ ရဲရင့်သော…

“သခင်ယေဇူးနှင့်အတူ ရှိနေတတ်ရန် သင်ယူခြင်းသည် ရဟန်းဖြစ်သင်ကျောင်းသား ဘဝအတွေ့ အကြုံ ၏ နှလုံးသား ဖြစ်သည်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မောဖတ်တာ (Molfetta) မြို့ရှိ Pius XI ဒေသဆိုင်ရာ ဓမ္မပညာ ကျောင်းနှင့် အာဗာဆာ (Aversa) မြို့ရှိ Episcopal ဓမ္မပညာကျောင်းတို့မှ အီတာလီလူမျိုး ဓမ္မသင် တန်းသားများနှင့် တွေ့ဆုံစဉ် ဤအားပေးစကားကို မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။ စာပေလေ့လာမှု၊ စည်းကမ်းနှင့် စနစ်တကျ သင်ယူလေ့ကျင့်မှုများသည် အရေးကြီးသော်လည်း ဘုန်း တော်ကြီးဖြစ်ရန် ပြင်ဆင်မှုသည် နောက်ဆုံးတွင် ခရစ်တော်နှင့် ရင်းနှီးသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံ ရေးပေါ်၌သာ အခြေခံရမည်ဟု ရဟန်းမင်းကြီးက…

“ဖျက်ဆီးခြင်းမှ သက်ရှိကမ္ဘာသို့ ပြောင်းလဲရန် နောက်ကျသည် မဟုတ်ပါ”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြု ပြင်ပြောင်းလဲမှုကို လက်ခံဆောင်ရွက်ကြရန်၊ ဖျက်ဆီးခြင်းများကို သက်ရှိကမ္ဘာအဖြစ်သို့ ပြောင်းလဲ ပေးကြရန်နှင့် သဘာဝဖန်ဆင်းရှင်၏ ဖန်ဆင်းမှုများနှင့် ဆင်းရဲနွမ်းပါးသူများကို စောင့်ရှောက်ရန် ကတိ ကဝတ်များကို အသစ်တဖန် ပြန်လည်ဆန်းသစ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။ လမ်းကြောင်းပြောင်းလဲရန်နှင့် ဖျက်ဆီးရေးအတွက် အသုံးပြုခဲ့သည်များကို သက်ရှိကမ္ဘာအတွက် ပြန် လည်ဦးတည်ပေးရန် “နောက်ကျသေးသည် မဟုတ်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အင်္ဂါ နေ့တွင် မိန့်ကြားခဲ့ပြီး၊ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သဘာဝတရားကို…

အသင်းတော်သည် လူသားမျိုးနွယ်ကို အစေခံရန်နှင့် လူ့အဖွဲ့အစည်း၏ ဆန့်ကျင်ဘက်ပဋိပက္ခများကို ဖော်ထုတ်ရန် ခေါ်ယူခြင်းခံရသည်

စက်တင်ဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က လက်တွေ့ ဘဝထိတွေ့ဆက်ဆံခြင်း၊ မိမိတို့ခေတ်ကာလ၏ စိန်ခေါ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ခရစ်တော် ၏ သက်သေခံများဖြစ်ခြင်းဖြင့် လူသားမျိုးနွယ်ကို အစေခံရမည့် အသင်းတော်၏ သာသနာပြုတာဝန်ကို ဆင်ခြင်သုံးသပ်မိန့်ကြားခဲ့ပြီး ဒုတိယ ဗာတီကန် ကောင်စီ၏ ခေတ်သစ်ကမ္ဘာဆိုင်ရာ ‘Gaudium et Spes’ (ဝမ်းမြောက်ခြင်းနှင့် မျှော် လင့်ခြင်း) စာတမ်းအပေါ် အခြေခံသည့် တရားဒေသနာ အစီအစဉ်သစ်ကို စတင်ရာတွင် ပုပ်ရဟန်းမင်း ကြီးက အသင်းတော်အနေဖြင့်…

ဆယ်ကျော်သက်အရွယ်သားသမီးက ရည်ရွယ်ချက်မဲ့တဲ့ အပြုအမူတွေ ဖြစ်ရတဲ့အကြောင်းရင်း။

ဒီနေ့မှာ မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးက ရည်ရွယ်ချက်မဲ့တဲ့ အပြုအမူတွေ ဖြစ်ရ တဲ့ အကြောင်းရင်းကို တင်ပြပေးသွားချင်ပါတယ်။             မိမိ ဆယ်ကျော်သက် သားသမီး ရည်ရွယ်ချက်မဲ့ဖြစ်နေပြီလား။ သာမန်အားဖြင့်ကတော့ Lazy အပြင်းထူတဲ့သူ ပုံစံမျိုးဖြစ်နေတယ်။ တကယ်တမ်းက ရည်ရွယ်ချက်မဲ့တဲ့သူ ဖြစ်နေတာပါ။             မိဘအနေနဲ့ မိမိသားသမီး ဘာဖြစ်လို့ ရည်ရွယ်ချက်မဲ့ ဖြစ်နေတာလဲ၊ အကြောင်းရင်းခံကို ဖော်ထုတ်ပြကီး ပြုပြင်ပေးရတော့မှာပါ။ ဒါမှသာ တိုးတက်တဲ့ အခြေအနေကို ရောက်လာမှာပါ။             ဘာဖြစ်လို့ ရည်ရွယ်ချက်မဲ့ ဖြစ်ရတာလဲ။            …