
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဗာတီကန်၌ ဆက်လက်အနားယူကုသမှုခံယူနေပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့ အများပြည်သူနှင့်တွေ့ဆုံခြင်းများ ဆက်လက် လုပ်ဆောင်မည်ဟု အတည်ပြု။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် (Apostolic Palace) ၌ ခွဲစိတ်ကုသမှုအပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် ယခုသီးတင်းပတ်အတွင်း ကက်စတယ် ဂန်ဒိုလ်ဖိုး (Castel Gandolfo) စံအိမ်တော် သို့ ခရီးထွက်မည်မဟုတ်ဘဲ ဗာတီကန်နန်းတော်၌သာ ဆက်လက်အနားယူ ကုသမှုခံယူမည်ဖြစ်ကာ၊ အောက်တိုဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့တွင် အများပြည်သူနှင့်တွေ့ဆုံခြင်း (General Audience) ကို ကျင်းပ သွားမည်ဖြစ်ကြောင်း ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံး (Holy See Press Office) က သတင်းထုတ်ပြန်လိုက်သည်။…








