
ကိုင်းဖြတ်တာ ဘာကြောင့်လဲ၊ ဘယ်အချိန်လဲ၊ ဘယ်လိုလုပ်ရမှာလဲ

ကိုင်းဖြတ်တာ ဘာကြောင့်လဲ၊ ဘယ်အချိန်လဲ၊ ဘယ်လိုလုပ်ရမှာလဲ ကိုင်းဖြတ်တယ်ဆိုတာကတော့ ပင်စည်တွေနဲ့၊ အကိုင်းအခက်တွေကို ဖြတ်တောက်ပေးတာပါပဲ။ လုပ်နေကြပါပဲ။ ကန်စွန်းရွက်ဆို တစ်ညွှန့်ဖြတ် နှစ်ညွှန့်တက်ဆိုတာမျိုး….ကဲ ဘာကြောင့်လုပ်လဲ ကြည့်တာပေါ့…..။ ကျန်းမာရေး သေနေတဲ့အကိုင်းအခက်တွေ ခြောက်နေတဲ့အကိုင်းတွေကို ဖယ်ထုတ်လိုက်တဲ့အခါမျိုး၊ ရောဂါဖြစ်နေတဲ့ကိုင်းတွေကို ဖယ်ထုတ်လိုက်တဲ့အခါမျိုးဆိုရင် ပိုးမွှားရောဂါတွေရော၊ အင်းဆက်တွေရော ဝင်ရောက်တဲ့ဒဏ်ကနေ သက်သာသွားတာပေါ့။ ကိုင်းတွေကို နည်းနည်းဖယ်ထုတ်လိုက်တဲ့အခါကျတော့ အပင်တွေကနေ အလင်းရောင်ကိုလည်း လုံလုံလောက်လောက် ရရှိသွားပြီးတော့ အပင်တွေလည်း သန်မာလာစေပါတယ်။ အပင်တွေမှာကပ်နေတဲ့ ကပ်ပါးပင်တွေကို ရှင်းထုတ်လိုက်တာနဲ့ အပင်တွေက အစာရေစာကို ပိုမိုရနိုင်တာပေါ့။ အပင်ကြီးတွေမှာဆိုရင်လည်း တစ်ပင်နဲ့တစ်ပင်ကို…





