rvamyanmar

rvamyanmar

“မိမိတို့ရဲ့ ရပ်တည်ချက်တွေအပေါ်မှာပဲ တင်းတင်းမာမာ ဆုပ်ကိုင်ထားခြင်းဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်လို့မရပါဘူး။” ဟုရဟန်းမင်းကြီးမိန့်ကြား။

ရှင်ပေတရုနှင့် ရှင်ပေါလုတို့၏ ပွဲတော်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စိန့်ပီတာ ဘာစီး လီကာ ဘုရားကျောင်းတော်ကြီးအတွင်း ကျင်းပသည့် ဝတ်ပြုဆုတောင်းပွဲ (Mass) ၌ အသင်းတော်၏ စည်းလုံးညီညွတ်မှု၊ ကွဲပြားခြားနားမှုနှင့် သိုးထိန်းဆိုင်ရာ မေတ္တာတရားတို့ကို အဓိကထား၍ သတင်း စကားမြွက်ကြားခဲ့သည်။ အရှင်သူမြတ် ဂျွန်ပေါလ် (၂) မြောက် စတင်ခဲ့သည့် အစဉ်အလာကောင်းတစ်ခုကို ပြန်လည်အသက်သွင်း သည့်အနေဖြင့် ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာအနှံ့အပြားမှ အသစ်ခန့်အပ်ခံရသော ဂိုဏ်းချုပ်ဆရာ တော်ကြီး ၃၅ ပါး၏ ပခုံးပေါ်သို့ သိုးထိန်းဆိုင်ရာ…

ရှင်ပေတရုနှင့် ရှင်ပေါလ်လုတို့သည် သာသနာတော်၏ “မတူကွဲပြားမှုကြားမှ စည်းလုံးခြင်း” ကို ကိုယ်စား ပြုသည်။

ရှင်ပေတရုနှင့် ရှင်ပေါလ်လုတို့၏ မွန်မြတ်လှသောပွဲနေ့တွင် ရဟန်းမင်းကြီး လီယို (၁၄) က အိန်ဂျလပ်စ် မေတ္တာ (The Angelus) အတူတကွဆိုစဉ် မိန့်ကြားရာ၌ သန့်ရှင်းသော တမန်တော်ကြီးနှစ်ပါးသည် စရိုက် လက္ခဏာနှင့် ကြီးပြင်းလာပုံ နောက်ခံသမိုင်းကြောင်းများတွင် များစွာကွာခြားကြသော်လည်း၊ သန့်ရှင်း သော ဝိညာဉ်တော်ဘုရားသည် အသင်းတော်၏ ကောင်းကျိုးအတွက် ၎င်းတို့အား စည်းလုံးခြင်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ တနင်္လာနေ့က ကျရောက်သော သန့်ရှင်းသော တမန်တော်ကြီးများဖြစ်ကြသည့် ရှင်ပေတရုနှင့် ရှင် ပေါလ်လုတို့၏ မွန်မြတ်လှသောပွဲနေ့တွင် ရဟန်းမင်းကြီး လီယို (၁၄)…

“ချစ်ခြင်းမေတ္တာတွင် ရလိုမှုကိုဖြတ်တောက်ခြင်း၊ ပေးဆပ် အနစ်နာခံမှုနှင့် ဧည့်ဝတ် ကျေပွန်ခြင်းတို့ ပါ ဝင်ရမည်”

တနင်္ဂနွေနေ့တွင် စိန့်ပီတာရင်ပြင်ရှိ ဘုရားဖူးခရီးသည်များနှင့်အတူ နေ့လယ်ခင်း အန်ဂျေလူး (Angelus) မေတ္တာဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စစ်မှန်သော ချစ်ခြင်းမေတ္တာသည် မိမိတို့ ၏တွယ်တာမှုများကို ဖြတ်တောက်ရန်၊ ဆုံးရှုံးမှုကို လက်ခံရန်နှင့် လိုအပ်နေသူများအား ဧည့်ဝတ် ကျေ ပွန်စွာ စောင့်ရှောက်ရန် တောင်းဆိုသည်ဟု မိန့်ကြားခဲ့ပါသည်။ ထိုနေ့၏ ခရစ်ဝင်ကျမ်း (ရှင်မာတေဦး ၁၀:၃၇-၄၂) ကို ထောက်ရှုရင်း ပုပ် ရဟန်းမင်းကြီးသည် ယေဇူး ခရစ်တော်၏ တပည့်အဖြစ် ခံယူခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုယ်တော်နှင့် ချစ်ခြင်းမေတ္တာ…

စစ်ပွဲအတွင်းရှိ ကလေးသူငယ်များကို အကာအကွယ်ပေးရန် ရဟန်းမင်းကြီးရုံးတော်မှ အရေးပေါ် တိုက် တွန်း။

ကမ္ဘာ့မိသားစုကြီးအနေနဲ့ ထိခိုက်လွယ်ဆုံးသူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေကြတယ်လို့ ရဟန်းမင်းကြီးရုံးတော်က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပေးပို့တဲ့ ထိထိရောက်ရောက်ရှိလှတဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရဟန်း မင်းကြီးရုံးတော်ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းအကဲခတ်အဖွဲ့က လက်နက်ကိုင်ပဋိပက္ခတွေကြား ပိတ် မိနေတဲ့ ကလေးသူငယ်တွေကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်း အဝိုင်းအနေ နဲ့ ချက်ချင်းလက်ငင်း ပိုမိုကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ 
ကလေးသူငယ်များသည် ခိုလှုံရာနေရာများ ဖြစ်သင့်သည့် နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာ သာရေးဝတ်ပြုရာနေရာများတွင် သေဆုံး၊ ဒဏ်ရာရနေကြရပြီး ခေတ်သစ်စစ်ပွဲများ၏ ဒဏ်ကို…

ဗင်နီဇွဲလားမြေငလျင်ဘေးအတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မှ ကမ္ဘာတစ်ဝန်း ဆုတောင်း ပေးကြ ရန်နှင့် ကူညီကြရန် တိုက်တွန်း။

ယခုသီတင်းပတ်အတွင်း ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ နှင့် ၇.၅ အဆင့်ရှိ အင်အား ပြင်း မြေငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေမှာ စိတ်မကောင်းဖွယ်ရာ ၁,၅၀၀ နီးပါးအထိ မြင့်တက် လာခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) က အကျပ်အတည်းကြုံတွေ့နေရသည့် အဆိုပါနိုင်ငံအား ဝိုင်းဝန်းကူညီကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်သည်။ အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့် လာဂွိုင်ရာ (La Guaira) ကဲ့သို့သော ဒေသများတွင် ကယ်ဆယ်ရေး အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ မနားတမ်း…