rvamyanmar

rvamyanmar

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ အိန်ဂျလပ်စ် (Angelus) မေတ္တာရွတ်ဆိုခြင်းအခမ်းအနား သတင်းစကား အနှစ်ချုပ်။

၁။ ဧဝံဂေလိတရားဟောပြောခြင်းနှင့် ကိုယ်တိုင်ထိတွေ့ခံစားရမှု (Evangelisation and Personal Encounter) ရှင်မာတေဦးခရစ်ဝင်ကျမ်း (၁၀:၂၆-၃၃) ကို အခြေခံ၍ သတင်းကောင်း (ဧဝံဂေလိတရား) ကို ဟောပြောခြင်းသည် နည်းပညာ သို့မဟုတ် ကိရိယာတန်ဆာပလာများထက် မိမိတို့၏ နှလုံးသား အတွင်း ယေရှုခရစ်တော်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံထိတွေ့ခဲ့ရသည့် စစ်မှန်သော အတွေ့အကြုံကို သူတစ်ပါးထံ ဝေမျှခြင်းဖြစ်ကြောင်း ၂။ ဆိတ်ငြိမ်စွာ ဆင်ခြင်အောက်မေ့ခြင်း (Contemplation for All) စိန့်သောမတ်စ် အကွီနပ်စ် (St. Thomas Aquinas) ၏…

ကျွန်တော်တို့ဘုံနေအိမ်ကို အခြေခံကျကျ ပြောင်းလဲခြင်း

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် ကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာကတော့ “Laudato Si” စိမ်းလန်းစိုပြေခြင်းဆိုင်ရာ ပညတ်တော်ဆယ်ပါး စာအုပ်ထဲမှ “ကျွန်တော်တို့ဘုံနေအိမ်ကို အခြေခံကျကျ ပြောင်းလဲခြင်း” ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ရဟန်းမင်းကြီး Francis က ကမ္ဘာမြေကြီးကို ကျွန်ုပ်တို့ရဲ့ “ဘုံနေအိမ်” အဖြစ် တင်စားပြီး အသုံးပြုထားပါတယ်။ ကျွန်ုပ်တို့ သက်ရှိလူသားများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ဘေးမှန်သမျှသည် ကျွန်ုပ်တို့ ဘုံနေအိမ်ရဲ့ ကပ်ဘေးပင်ဖြစ်သည်ဟု ဆိုထားပါတယ်။ ကျွန်ုပ်တို့က…

စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးကြောင့် အသတ်ခံခဲ့ရသည့် ဂိုဏ်းအုပ်သာသနာပြု ဘုန်းတော် ကြီး ၂၀ ပါးကို သူတော်စင်တင်မြောက်ရန်ပုပ်ရဟန်းမင်းကြီး လီယို(၁၄) အတည်ပြုပေး။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စပိန်ပြည်တွင်းစစ်အတွင်း ဘာသာရေးကြောင့် အသတ်ခံခဲ့ရသည့် ဂိုဏ်းအုပ်သာသနာပြု ဘုန်းတော်ကြီး ၂၀ ပါးကို သူတော်စင်တင်မြောက်ရန်(Beatification)  အတည်ပြု ပေးခဲ့ပြီး သာသနာပြုလုပ်ငန်း၊ ပရဟိတနှင့် ဘုရားသခင်အပေါ် သစ္စာရှိမှုတို့ကြောင့် ထင်ရှားသည့် ဘုရားသခင်၏ အစေခံ ၅ ဦး၏ သူရဲကောင်းဆန်သော သီလဂုဏ်များကိုလည်း အသိအမှတ်ပြုခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် စပိန်ကျွန်းစုများဖြစ်သော အိုင်ဘီဇာ (Ibiza) နှင့် ဖော်မန်တဲရာ (Formentera) တို့မှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၂၀ ပါး၏ ဘာသာရေးအတွက် အသက်စွန့်ခဲ့မှုကို အသိအမှတ်ပြုသည့်…

ကာဒီနယ် ကာမီလို ရူအီနီ (Cardinal Camillo Ruini) ၏ ဈာပနမစ္ဆားတရားတော်ကို ပုပ် ရဟန်းမင်းကြီး လီယို (၁၄) ဦးဆောင်ပူဇော်။

ပြီးခဲ့သည့်အင်္ဂါနေ့ (ဇွန်လ ၁၆ ရက်) က အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် အီတလီနိုင်ငံ သာသနာ အဖွဲ့အစည်း၏ ဆယ်စုနှစ်ပေါင်းများစွာ အဓိကမဏ္ဍိုင်ဖြစ်ခဲ့သူ ကာဒီနယ် ကာမီလို ရူအီနီ (Cardinal Camillo Ruini) ၏ ဈာပနမစ္ဆားတရားတော်ကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကြာသပတေး နေ့မွန်းလွဲပိုင်းတွင် စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ ဦးဆောင်ကျင်းပခဲ့ပြီး ၎င်းအား “ပညာသတိရှိပြီး လုံ့လဝီရိယရှိသော သိုးထိန်းကြီး” အဖြစ် အောက်မေ့ဂုဏ်ပြုစကား မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄)…