
“ယေဇူးသခင်သည် သင်၏ ဘဝဇာတ်ကြောင်းကို သိရှိတော်မူပြီး ကိုယ်တော်နှင့်အတူ လျှောက်လှမ်းရန် ဆက်လက်ဖိတ်ခေါ်နေပါသည်”။

ကြာသပတေးနေ့ညနေပိုင်းက ပီရူးနိုင်ငံ၊ လီမာမြို့ရှိ Estadio Nacional အားကစားကွင်း၌ ထောင်ပေါင်း များစွာသော လူငယ်များ၊ တက္ကသိုလ်ကျောင်းသားများနှင့်အတူ ပြုလုပ်ခဲ့သည့် ဆုတောင်းခြင်းည အစီ အစဉ်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) သည် မျှော်လင့်ချက်၊ ဒုတိယအခွင့်အရေးနှင့် ရဲစွမ်းသတ္တိဆိုင်ရာ သတင်းစကားများကို မြွက်ကြားခဲ့ပြီး ခရစ်တော်နှင့်အတူ အသစ်တဖန် ပြန်လည် စတင်ရန် မည်သည့်အခါမျှ နောက်မကျသေးကြောင်း လူငယ်များအား သတိပေးခဲ့ပါသည်။
* အသစ်တဖန် ပြန်လည်စတင်ရန် မည်သည့်အခါမျှ နောက်မကျပါ- အတိတ်က အမှားများကြောင့် စိတ်ဓာတ်ကျ ဝန်ပိနေသူများအား ရည်ညွှန်းလျက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က “ယေဇူးသခင်ကို မျှော်ကြည့်ပါ။ ကိုယ်တော်သည် သင်၏ ဘဝဇာတ်ကြောင်းကို သိရှိတော်မူပြီး ကိုယ်တော်နှင့်အတူ လျှောက်လှမ်းရန် ဆက်လက်ဖိတ်ခေါ်နေပါသည်” ဟု အားပေးနှစ်သိမ့်ခဲ့သည်။ လူငယ်များအနေဖြင့် မိမိတို့၏ အနာဂတ်တစ်ခုလုံးကို ကြိုတင်အဖြေရှာပြီးမှ တုံ့ပြန်ရန် စောင့်ဆိုင်းမနေဘဲ ယနေ့ လှမ်းနိုင် သည့် ခြေလှမ်းကိုသာ စတင်လှမ်းကြရန် တိုက်တွန်းခဲ့ပါသည်။
* သင်၏ အခက်အခဲအစစ်အမှန်များကို ဆုတောင်းခြင်းထဲသို့ ယူဆောင်လာပါ- “ကိုယ်တော်သည် ကျွန်ုပ်တို့၏ မျက်ရည်များနှင့် ကျွန်ုပ်တို့ အဖြေရှာမတွေ့သေးသည့် မေးခွန်းများကို သိရှိတော်မူသည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပြီး ဆုတောင်းရန် စကားလုံး ရှာမတွေ့သည့် အချိန်၌ပင် ယေဇူးသခင်ထံ ရိုးသားစွာ ရင်ဖွင့်ပြောဆိုကြရန်နှင့် ဆင်းရဲဒုက္ခသည် နောက်ဆုံးအဆုံးသတ် မဟုတ်ကြောင်း လူငယ် များ အား သတိပေးခဲ့သည်။
* အလွယ်တကူ အရှုံးမပေးပါနှင့် — လှည့်ဖြားမှုများကိုလည်း သတိပြုပါ- ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆) ၏ စကားတော်များ (“မကောင်းမှုသည် အမြဲတမ်း အဆိပ်သင့်စေသည်” နှင့် “သခင်ဘုရားသည် သင့်ထံမှ မည်သည့်အရာကိုမျှ နှုတ်ယူတော်မမူဘဲ အရာခပ်သိမ်းကို ပေးသနားတော်မူသည်”) ကို ကိုး ကားလျက် ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် ပျော်ရွှင်မှုကို စွန့်လွှတ်ရခြင်းဖြစ်သည်ဟူသော မှား ယွင်းသည့် အယူအဆကို ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးခဲ့သည်။ ယင်းအစား အိမ်ထောင်ပြုခြင်း၊ မိသားစုတည်ဆောက်ခြင်း၊ ရဟန်းဘောင် သို့မဟုတ် သူတော်စင်ဘဝ စသည့် မိမိတို့၏ ထူးခြားသော ခေါ်တော်မူခြင်းကို ပိုင်းခြားသိမြင်နိုင်ရန် မဟာကိုယ်တော်မြတ်ရှေ့မှောက်၌ တိတ်ဆိတ်ငြိမ်သက်စွာ အချိန်ပေးကြရန် စိန်ခေါ်တိုက်တွန်းခဲ့ပါသည်။
* ကိုယ်တော်အား မိတ်ဆွေစစ်တစ်ဦးကဲ့သို့ ယုံကြည်ကိုးစားပါ- ဆုတောင်းခြင်း၊ ကိုယ်တော် မြတ် စက္ကရမင်တူးနှင့် သမ္မာကျမ်းစာတော်မြတ်တို့မှတစ်ဆင့် ခရစ်တော်နှင့် မိတ်ဆွေဖွဲ့မှုကို ပြုစုပျိုးထောင် ခြင်းက လူငယ်များအား ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကမ္ဘာလောကသို့ ဝေမျှနိုင်ရန် ခွန်အား ပေးပါ သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ နေ့စဉ်ရွတ်ဆိုရန် ရိုးရှင်းသော ဆုတောင်းမေတ္တာ-
“အို ယေဇူးသခင်၊ ကိုယ်တော်အား အကျွန်ုပ် ယုံကြည်ကိုးစားပါ၏။ အို ယေဇူးသခင်၊ ကိုယ်တော်အား အကျွန်ုပ် ယုံကြည်ကိုးစားပါ၏။ အို ယေဇူးသခင်၊ ကိုယ်တော်အား အကျွန်ုပ် ယုံကြည်ကိုးစားပါ၏။ ကြွလာတော်မူပါ သခင်ယေဇူး! အကျွန်ုပ်၏ နှလုံးသားထဲသို့ ကြွလာတော်မူပါ၊ အကျွန်ုပ်၏ မိသားစုထဲသို့ ကြွလာတော်မူပါ၊ အကျွန်ုပ်၏ အသိုင်းအဝိုင်းထဲသို့ ကြွလာတော်မူပါ။ အကျွန်ုပ်၏ ဘဝထဲသို့ အလျင် အမြန် ကြွလာတော်မူပါ! အလျင်အမြန် ကြွလာတော်မူပါ သခင်!”
#PopeLeoXIV #Peru #Lima #CatholicYouth #Faith #Hope #VaticanNews #PrayerVigil
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/en/pope/news/2026-11/pope-young-people-prayer-vigil-12-november-2026.html
