
ရဟန်းမင်းကြီး၏ အပတ်စဥ် ဗုဒ္ဓဟူးနေ့ တိုင်းလူထုပရိသတ်နှင့် တွေ့ဆုံခြင်း မိန့်ခွန်းကောက်နုတ်ချက်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ – ယနေ့ ဘာသာရေးသွန်သင်ချက် (catechesis) တွင် ပြီးခဲ့သည့်အပတ်က စပိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ကျွန်ုပ်၏ တမာန်တော်ခရီးစဉ် (Apostolic Journey) နှင့်ပတ်သက်၍ သင်တို့နှင့်အတူ အချို့သောအမြင် များကို မျှဝေလိုပါသည်။ ခရီးစဉ်တစ်ခုလုံးတွင် ဘုရားသခင်၏ လူစုတော်က ပြသခဲ့ကြသော ဝမ်း မြောက်ဖွယ်ရာ ယုံကြည်ခြင်း သက်သေခံချက်များနှင့် မေတ္တာတရားများ၊ ထို့ပြင် ကျွန်ုပ်ကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည့် လူထုပရိသတ်ကြီးကို မြင်တွေ့ရခြင်းဖြင့် ကျွန်ုပ် စိတ်သက်သာ ရာရခဲ့ ပါသည်။…




