
အကျိုးအမြဲထက် လူသားတို့၏ ဂုဏ်သိက္ခာသည် အမြဲတမ်း သာလွန်ဆန်းသစ်ရမည်။

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ ကက်သလစ်တက္ကသိုလ်တွင် ကျင်းပသော လူမှုရေးလှုပ်ရှားမှုများ နှင့် လုပ်ငန်းခွင်ကမ္ဘာသို့ မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က လူသားတို့၏ ဂုဏ်သိက္ခာသည် အစဉ်သဖြင့် အဓိကဦးစားပေး ဖြစ်ရမည်၊ စီးပွားရေးလုပ်ငန်းများသည် လူသားဆန်မှုကို ၎င်းတို့၏ ဆုံးဖြတ်ချက်များ၏ ဗဟိုချက်တွင် ထားရှိရမည်၊ ပြီးလျှင် နည်းပညာသည် အမြဲတမ်း ကျင့်ဝတ်၏ အောက်တွင် ရှိနေရမည်ဟု အလေးအနက် ပြောကြားခဲ့သည်။
၎င်း၏ မိန့်ခွန်းတွင် ရဟန်းမင်းကြီးက သာသနာတော်၏ လူမှုရေးဒေသနာ (Church’s Social Doctrine) ၏ မူဝါဒများကို အခြေခံပြီး “ပထမနှင့် အခြေခံအကျဆုံး” မူမှာ “လူသားတစ်ဦးစီ၏ ဂုဏ်သိက္ခာ” ဖြစ် ကြောင်း၊ ဘုံအကျိုးစီးပွားကို မြှင့်တင်ရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့ပြီး ၊ ပစ္စည်းဥစ္စာများကို အများပြည်သူအကျိုးအတွက် သုံးစွဲရေးမူသတိပြုရန် နှင့် “အကျိုးမဲ့ တစ်ဦးကောင်းတစ်ယောက် ကောင်းဝါဒနှင့် အဖွဲ့အစည်းအကျိုးစီးပွားအခြေပြု အသုံးချဝါဒတို့ကို ကျော်လွှားရန် ငါတို့အား တောင်း ဆိုနေသည်” ဟု ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းများသည် လူသားဂုဏ်သိက္ခာကို မျက်ခြည်မပြတ်စေရ
“သာသနာတော်သည် ကိုယ်ပိုင်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြု၍ ကာကွယ်ပေးသော်လည်း၊ ဤပိုင်ဆိုင်ခွင့်သည် အမြဲတမ်း လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရား (social mortgage) ၏ အောက် တွင် ရှိသည် – ကမ္ဘာမြေနှင့် ယင်း၏ အသီးအပွင့်များကို ဘုရားသခင်က လူသားအားလုံး ရှင်သန်ရပ်တည် နိုင်ရေးအတွက် ပေးသနားထားခြင်းဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ရှင်းပြခဲ့သည်။
စည်းလုံးညီညွတ်မှုဆိုင်ရာ မူဝါဒ
စည်းလုံးညီညွတ်မှုသည်”တရားမျှတမှုဆိုင်ရာ စံနှုန်းများ၊ အပြန်အလှန်ကူညီမှု သဘောတရားများ၊ ဈေး ကွက်လိုအပ်ချက်များနှင့် လုပ်သားဆက်ဆံရေးကို ပြန်လည်ပုံဖော်နိုင်သည့် လူမှုရေးစနစ်တစ်ခုကို တည် ဆောက်နိုင်သော အင်အား” ဖြစ်စေသည်ဟု ဆိုသည်။
ပိုင်ဆိုင်မှုနှင့် အရင်းအနှီးတို့၏ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍ
“စီးပွားရေးအမြတ်အစွန်းကို မအောင်မြင်မှု၊ အောင်မြင်မှု၏ တစ်ခုတည်းသော စံနှုန်းအဖြစ် သတ်မှတ် လိုက်သောအခါ စီးပွားရေးလုပ်ငန်းတစ်ခုသည် လူသားဆန်မှု ကင်းမဲ့သွားပြီး ဖယ် ကျဉ်ပစ်ပယ်မှုများကို ဖြစ်ပေါ်စေသည့် စနစ်ဆိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်” ဟု မိန့်ကြားခဲ့သည်။
နည်းပညာသည် ကျင့်ဝတ်၏ အောက်တွင် ရှိရမည်
ပုပ်ရဟန်းမင်းကြီးသည် အယူအဆကွဲပြားမှုများကြောင့် အစွန်းရောက် Polarize ဖြစ်ခြင်းကို ကျော်လွှား ပြီး တရားမျှတမှုနှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး ကို ပုံဖော်ပေးမည့် စစ်မှန်သော “လူမှုရေး ချစ်ကြည်ရင်းနှီးမှု” ၌ အခြေပြုသော စည်းလုံးညီညွတ်သည့် အာဂျင်တီးနားနိုင်ငံကို တည် ဆောက်ရန် တောင်းဆိုခဲ့သည်။
“ဉာဏ်ရည်တု (AI) နှင့် စည်းကမ်းမဲ့ အလိုအလျောက်စနစ်များမှ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများသည် ရေတွက်မကုန်နိုင်သော အလုပ်အကိုင်များကို အန္တရာယ်ဖြစ်စေနိုင်ပြီး စစ်မှန်သော လူသားဘက်စုံဖွံ့ ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်” ဟု အလေးပေး ပြောကြား ခဲ့သည်။
“နည်းပညာသည် အမြဲတမ်း လူ့ကျင့်ဝတ်၏ အောက်တွင် ရှိရမည်” ဟု အလေးအနက်ဆိုကာ အယ်လ ဂိုရီသမ် (Algorithm) တစ်ခုသည် လူသား၏ ပိုင်းခြားသိမြင်မှု သို့မဟုတ် အလုပ်သမားတစ်ဦး၏ ရုပ်ပိုင်း ဆိုင်ရာ တည်ရှိမှုနှင့် ကြိုးပမ်းအားထုတ်မှုတို့၏ မွေးရာပါ တန်ဖိုးကို အစားမထိုးနိုင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး၊
ဘုရားသခင်သည် လူတစ်ဦးစီအား အခြားသူများ၏ လိုအပ်ချက်များကို ဂရုပြုရန်နှင့် မိမိတို့၏ အလုပ်မှ တစ်ဆင့် ၎င်းတို့ကို အစေခံရန် ခေါ်ယူထားကြောင်း၊
“ငါတို့အတွက် မည်မျှပင် သာမန်ဆန်ပြီး အရေးမပါဟု ထင်ရပါစေ၊ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ခရစ်တော်နှင့် နေ့စဉ်တွေ့ဆုံခြင်းမှ ရှောင်လွှဲမသွားကြရန်” လူတိုင်းကို ဖိတ်ခေါ်ခဲ့သည်။
“ဘုရားသခင်၏ မျက်မှောက်တော်၌ မည်သည့်အလုပ်မျှ သာမန်အလုပ်ဟူ၍ မရှိပါ။ အလုပ်တစ်ခု၏ ကြီးမြတ်မှုသည် ပြုလုပ်သည့် အရာပေါ်တွင် မူတည်သည်မဟုတ်ဘဲ၊ လုပ်ဆောင်ချက်တိုင်း၊ စကား လုံးတိုင်းနှင့် အတွေးတိုင်းတွင် ထည့်သွင်းထားသည့် မေတ္တာပေါ်တွင် မူတည်ပါသည်။”
ငါတို့၏ လုပ်ဆောင်ချက်များရှေ့တွင် ဘုရားသခင်ကို ထားရှိပြီး၊ ရွေးချယ်မှုများ၏ ဗဟိုချက်တွင် လူသား ကို ထားရှိပါ
နက်ရှိုင်းသော ပြောင်းလဲမှုများကို ဖြတ်သန်းနေရသည့် ကမ္ဘာကြီးတွင် ပုပ်ရဟန်းမင်းကြီး လီယိုက တက် ရောက်လာသူများအား “ငါတို့သည် အတူတကွ ချစ်ခြင်းမေတ္တာ၏ ယဉ်ကျေးမှုကို တည်ဆောက် နိုင်စေရန် လူသားတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ပါ၊ ဘုံအကျိုးစီးပွားကို မြှင့်တင်ပါ၊ ဥစ္စာပစ္စည်းများကို အများပြည်သူအတွက် သုံးစွဲရေးကို အသိအမှတ်ပြုပါ၊ ထိရောက်သော စည်းလုံးညီညွတ်မှုနှင့် တာဝန်သိ ကူညီမှု (subsidiarity) များကို ကျင့်သုံးပါ” ဟု တိုက်တွန်းခဲ့သည်။
“ငါတို့၏ လုပ်ဆောင်ချက်များရှေ့တွင် ဘုရားသခင်ကို ထားရှိပြီး ရွေးချယ်မှုများ၏ ဗဟိုချက်တွင် လူ သားကို ထားရှိကာ ဇွဲဖြင့် လုပ်ဆောင်ကြပါစို့” ဟု မိန့်ကြားခဲ့သည်။
“ဤသို့ ပြုလုပ်မှသာလျှင်” “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ငါတို့အတွက် ပြင်ဆင်ပေးထားသော လမ်းစဉ်အတိုင်း ကမ္ဘာမြေပေါ်တွင် လျှောက်လှမ်းနေကြောင်း သေချာစေနိုင်မည်ဖြစ်သည်။ အမှန် တကယ်ပင် ဤသို့ ပြုလုပ်မှသာလျှင် ငါတို့၏ အလုပ်သည် အသီးအပွင့်များကို သီးပွင့်စေမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
Fr. Peter Kyi Maung
Fr. Peter Kyi Maung
Creditto Vatican News
https://www.vaticannews.va/…/meeting-with-social…
See less


