rvamyanmar

rvamyanmar

ဉာဏ်ရည်တုကို ကောင်းကျိုးအတွက် အသုံးပြုခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး

၂၀၂၆ (ဂျနီဗာမြို့၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ) သို့ ပေးပို့သော သန့်ရှင်းမွန်မြတ်လှစွာသော ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ သဝဏ်လွှာ နိုင်ငံတော်အတွင်းရေးမှူး ကာဒီနယ် ပီယေ တရို ပါရိုလင် (Pietro Parolin) က လက်မှတ်ရေးထိုးသည်။ သန့်ရှင်းမွန်မြတ်လှစွာသော ရဟန်းမင်းကြီး လီယို (၁၄) သည် ကုလသမဂ္ဂ၏ အခြားသော အေဂျင် စီ များနှင့် ပူးပေါင်း၍…

ဗင်နီဇွဲလားတွင် ပြင်းထန်သော ငလျင်အမြွှာနှစ်ခုကြောင့် သေဆုံးသူဦးရေ ၄,၅၀၀ နီးပါးအထိ မြင့် တက် လာ။

ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းကို ပြင်းထန်တဲ့ ငလျင်အမြွှာနှစ်ခု လှုပ်ခတ်ခဲ့ပြီး သုံးပတ်နီးပါး ကြာမြင့်ခဲ့ တဲ့ အချိန်မှာ ပျက်စီးဆုံးရှုံးမှု ပမာဏဟာ အပြည့်အဝ ထင်ရှားလာခဲ့ပါပြီ။ မိသားစုဝင်တွေဟာ မျှော်လင့် ချက်ကို ဆုပ်ကိုင်ရင်း အပျက်အစီးပုံတွေအောက်မှာ သူတို့ချစ်ရသူတွေကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ လတ်တလော အခြေအနေအရ သိရှိထားရတဲ့ အချက်အလက်များ -
လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ထိခိုက်မှု – တရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူဦးရေဟာ ၄,၄၉၀ ဦး အထိ ဝမ်းနည်းဖွယ် မြင့်တက်လာခဲ့ပါတယ်။ လူပေါင်း ၁၆,၀၀ကျော်…

အေအိုင်ဒီအက်စ် (AIDS) ကာကွယ်ကုသရေးမှာ ဘယ်သူ့ကိုမှ နောက်ချန်မထားခဲ့ပါနဲ့။

ကုလသမဂ္ဂရဲ့ HIV/AIDS ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှာ ဗာတီကန်သံရုံး (Holy See) က အခုလို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ လူတိုင်း၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေ ဆေးဝါးကုသခွင့် ရရှိဖို့ ပိုပြီး ကြိုးစားကြဖို့ လိုအပ်နေပါသေးတယ်။ ရရှိထားတဲ့ တိုးတက်မှုနဲ့ လိုအပ်ချက်များ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစလို့ ကမ္ဘာ့ဒေသအတော်များများမှာ HIV ကူးစက်မှုအသစ်တွေ သိသိသာ သာ လျော့ကျသွားခဲ့ပါတယ်။ အိတ်ချ်အိုင်ဗီဆန့်ကျင်ရေးဆေး (ART) တွေကို ပိုမိုကျယ်ပြန့်စွာ ရရှိလာ…

ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ယုံကြည်မှုကို မည်သည့်အခါမျှ လက်မလျှော့ပါ။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ နွေရာသီအပန်းဖြေခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကက် စတယ် ဂန်ဒေါလ်ဖို မြို့၌ သာမန်ကာလ (၁၅) ပတ်မြောက် တနင်္ဂနွေနေ့တွင် အိန်ဂျလပ်စ် မေတ္တာဆိုခြင်း အခမ်းအနားတွင် ဘုရားဖူးဧည့်သည်များအားပြောကြားရာမှာ၊ ရှင်မာတေဦးခရစ်ဝင်ကျမ်း၏ “မျိုးစေ့ ကြဲသူ၏ ပုံဥပမာ” အပေါ် ဆင်ခြင်ဟောကြားခဲ့ပါသည်။၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နှလုံးသားတိုင်းကို ပြောင်းလဲစေနိုင်သော တန်ခိုးရှိကြောင်း၊ “ဘုရားသခင်က ကျွန်ုပ်တို့၏ နှလုံးသားထဲသို့ နှုတ်ကပတ်တော်ကို မည်မျှရက်ရော ယုံကြည်စွာ ကြဲဖြန်း တော်မူကြောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်…

“စစ်မီးလျှံလေပြင်းများကြောင့် မျှော်လင့်ခြင်းတရား ငြိမ်းသတ်မသွားပါစေနှင့်၊ ဆွေးနွေးညှိနှိုင်းခြင်း လမ်း ကြောင်းဆီသို့လည်း ပြန်လည်ရောက်ရှိနိုင်ပါစေ”

ကျွန်ုပ် ရက်အနည်းငယ် အပန်းဖြေနေသည့် ဤလှပသော ကက်စတယ် ဂန်ဒေါလ်ဖို မြို့သူမြို့သား များ အား နှုတ်ခွန်းဆက်သအပ်ပါသည်၊ ကမ္ဘာ့အနှံ့အပြားမှ လာရောက်ကြသော ဘုရားဖူးခရီးသည် အပေါင်း တို့အားလည်း ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုပါသည်။ စိတ်မကောင်းစရာအကြောင်းမှာ စစ်မီးလျှံလေပြင်းများသည် အရှေ့အလယ်ပိုင်း၊ ယူကရိန်းနှင့် ကမ္ဘာ့ အခြားသော ဒေသများစွာတွင် တစ်ကျော့ပြန် တိုက်ခတ်နေပြီး၊ အကြမ်းဖက်မှု၊ ထိတ်လန့်ခြောက် ခြားမှု နှင့် သေဆုံးခြင်းများကို ကြဲဖြန်းနေကာ အပြစ်မဲ့ပြည်သူ အများအပြားကို ထပ်မံ၍ ထိခိုက်ခံစားရ စေလျက် ရှိပါသည်။ ထိုစစ်မီးလေပြင်းများကြောင့် ကျွန်ုပ်တို့၏…

 “တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို တည်ဆောက် သူ များ ဖြစ်ကြပါ”ဟု ပုပ်ရဟန်းမင်းကြီးက အာရှ အသင်းတော်များသို့မိန့်ကြား။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ ၂၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပမည့် အာရှကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ၏ (၁၂) ကြိမ်မြောက် စုံညီအစည်းအဝေး သို့ ပုပ်ရဟန်းမင်း ကြီး လီယို (၁၄) မှ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး အာရှအသင်းတော်အား ခွန်အားဖြည့် တိုက်တွန်းနှိုး ဆော်လိုက်သည်။ ပုပ်ရဟန်းမင်းကြီးက ၎င်း၏ အထူးကိုယ်စားလှယ် ကာဒီနယ် အော့စဝေါလ် ဂရာစီယာစ် ထံ ပေးပို့သော သဝဏ်လွှာတွင် ခရစ်ယာန်တို့အနေဖြင့် မိမိတို့၏…

ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၅)ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ ၁၃၊ ၇၊ ၂၀၂၆

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ညီအစ်ကိုမောင်နှမအပေါင်းတို့ယနေ့ဧဝံဂေလိကျမ်းစာက ကျွန်ုပ်တို့ကို အံအားသင့်စေပါတယ်။ သခင်ခရစ်တော်က ရှင်မာတေဦး ၁၀:၃၄ မှာ” ကမ္ဘာပေါ်သို့ ငြိမ်းချမ်းခြင်း ဆောင်ကြဥ်းပေးရန် ငါလာသည်ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကို ဆောင်ကြဥ်းပေးရန် ငါလာသည်မဟုတ်။ ဓါးကို ဆောင်ကြဥ်းပေးရန်သာ ငါလာ၏။ ” ဆိုပြီး မိန့်ဆိုတာကို တွေ့ရပါတယ်။ဒီစကားလုံးတွေက နားလည်ရခက်တဲ့အနေအထား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော်က ငြိမ်းချမ်းရေးရဲ့အရှင်သခင်ဖြစ်လို့ပါပဲ။ ဒါပေမဲ့ ခရစ်တော်က အကြမ်းဖက်မှုအကြောင်းကို ပြောနေတာမဟုတ်ပါဘူး။တကယ်တော့် သခင်ခရစ်တော်ရဲ့ တပည့်တော်တိုင်း ပြုလုပ်ရမယ့် ခက်ခဲတဲ့ရွေးချယ်မှုကို ပြောကြားနေခြင်း ဖြစ်ပါတယ်။…