
ဂေဟစနစ်အကြောင်း။
“ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်” မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် ကျွန်တော် ပြောပြမယ့် အကြောင်းအရာကတော့ “ဂေဟစနစ်” ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဂေဟစနစ်ဆိုတာ ကျွန်တော်တို့ ကမ္ဘာမြေကြီးနဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်ကြတဲ့ လူသားအပါအဝင် သက်ရှိမျိုးစိတ်အားလုံးတို့ တစ်စုတစ်စည်းတည်း ပေါင်းသင်းနေထိုင်ကြပြီး သူတို့ရဲ့ သက်မဲ့ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ညှိနှိုင်းနေထိုင်ခြင်း Ecosystem ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဂေဟစနစ်ကို တစ်နည်းအားဖြင့် ဇီဝနေထိုင်ရာ သဘာဝပတ်ဝန်းကျင် တစ်မျိုးလို့ မှတ်ယူနိုင်ပါတယ်။ နေရာဒေသတစ်ခုတွင် နေထိုင်ကြတဲ့ သက်ရှိသက်မဲ့များအားလုံး အချင်းချင်း…








