rvamyanmar

rvamyanmar

ပင်လည်ထည်းရှိပလတ်စတစ်များအကြောင်း။

“ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်” မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီကနေ့ ကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာကတော့ ကျွန်ုပ်တို့ပင်လယ်ထဲမှာ ပလတ်စတစ်တွေဘာကြောင့်များနေရတာလဲ ပြီးတော့ အဲဒီပလတ်စတစ်တွေကဘယ်ကနေ ဘယ်လိုလုပ်ပီးတော့ ရောက်လာရတာလဲ။ ကျွန်တော်တို့ယနေ့ခေတ်မှာ ပင်လယ်ထဲက ပလတ်စတစ်ပြဿနာတွေက ကမ္ဘာကြီးအတွက် စိုးရိမ်စရာပေါင်းစုံ သဘာဝပတ်ဝန်းကျင်ပြဿနာတစ်ခုဖြစ်လာနေပါပြီ။ ပင်လယ်ထဲမှာ ပလတ်စတစ်အမှိုက်တွေကို ဘာကြောင့်ဒီလောက်များနေရတာလဲ၊ ဒီပလတ်စတစ်တွေကကော ဘယ်ကနေလာသလဲဆိုတာကို စဉ်းစားဖူးကြပါသလား။ ပလတ်စတစ်တွေဟာ လူသားတွေရဲ့ လူနေ့စဉ်ဘဝမှာ အသုံးများတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ ရေသန့်ဗူးတွေ၊ စားသောက်ကုန်ထုပ်ပိုးမှုတွေ၊ ပလတ်စတစ်အိတ်တွေ၊ ပစ္စည်းတွေဝယ်တဲ့အခါ ကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေက ပလတ်စတစ်နဲ့လုပ်ထားတာများပါတယ်။ ဒါပေမဲ့ အဲဒီပလပ်စတစ် တွေကို မှန်ကန်အောင်စွန့်ပစ်ဖို့လိုအပ်ပါတယ်။…

ပုပ်ရဟန်းမင်းကြီး လီယို ကိုလံဘီယာသမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံ။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကိုလံဘီယာသမ္မတနိုင်ငံ သမ္မတ ဂျီအိုဗာနီ ဂူစတာဗို ပီထရို ဥရီဂို အား ကြာသပတေးနေ့က ဗာတီကန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့နောက် သမ္မတသည် ဗာတီကန်၏ နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယေထရို ပါရိုလင်၊ နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေးကဏ္ဍ၏ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအတွင်း ရေးမှူး မွန်ဆီညော် ဒန်နီရယ် ပါချို တို့နှင့် နိုင်ငံတော်အတွင်းရေးမှူးရုံးတွင် ဆက်လက်ဆွေးနွေးခဲ့သည်။ ဗာတီကန် သတင်းပြန်ကြားရေးရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတွင်းရေးမှူးရုံးတွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများသည် “ရင်းနှီးပွင့်လင်းမှု”…

ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာလုံးဆိုင်ရာ ပရဟိတလုပ်ငန်းများအတွက် ၂၀၂၅ ခုနှစ် ပေတရုအလှူငွေ (Peter’s Pence) မှ ယူရို ၅၄.၅ သန်း ကောက်ခံရရှိ။

ကမ္ဘာတစ်ဝှမ်းရှိ ဘာသာတူများ၏ ရက်ရောစွာ လှူဒါန်းမှုကြောင့် ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာလုံးဆိုင်ရာ အမှုတော်လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများအတွက် ၂၀၂၅ ခုနှစ်အ တွင်း ယူရို ၅၄.၅ သန်းကောက်ခံရရှိခဲ့ကြောင်း ဗာတီကန်မှ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်လိုက် ပါတယ်။ လှူဒါန်းမှုတိုင်းကို ဗာတီကန်သံရုံး (Apostolic See) ကို ထောက်ပံ့ဖို့နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အခြေခံ အကျဆုံး ဆင်းရဲနွမ်းပါးသူတွေကို ကူညီဖို့အတွက် အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။ သင်တို့ရဲ့ မေတ္တာကရုဏာအလှူငွေတွေကို ၂၀၂၅ ခုနှစ်မှာ ဘယ်နေရာတွေမှာ အသုံးချခဲ့လဲဆိုတာ ဖော်ပြ…