
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အာား ပီရူးနိုင်ငံမှ ကြိုဆိုပါ၏။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် လီမာမြို့ရှိ ခါယာအို လေတပ်စခန်းသို့ တရားဝင် ရောက်ရှိလာခဲ့ပြီး၊ ၎င်း၏ ပီရူးနိုင်ငံသို့ ခြောက်ရက်တာ ခရီးစဉ်နှင့် တောင်အမေရိက သာသနာပြုခရီးစဉ်၏ နောက်ဆုံး အဆင့်ကို စတင်လိုက်ပြီ ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် လေယာဉ် ဆိုက်ရောက်စဉ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အား သမ္မတ ကဲကို ဖူဂျီမိုရီ၊ နိုင်ငံခြားရေးဝန်ကြီး ခါလို့စ် အက်စ်ပါ နှင့် Sinfonía por el Perú လူငယ် တေး ဂီတအဖွဲ့ တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးသည် လူထုနှင့် ထိတွေ့ရန် အချိန်ယူခဲ့ပြီး၊ မွေး ကင်းစကလေးငယ်များနှင့် မသန်စွမ်းသူများကို အထူးဆုတောင်းမေတ္တာ ပို့သပေးခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုအတွက် ဤခရီးစဉ်သည် ဩဂတ်စတီနီယန် သာသနာပြုတစ်ဦး အဖြစ်လည်း ကောင်း၊ ၂၀၁၅ မှ ၂၀၂၃ အထိ ချိကလာယိုမြို့၏ ဆရာတော်အဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ သာသနာပြုခဲ့သည့် နိုင်ငံသို့ အလွန်ပင် လေးနက်သော အိမ်ပြန်ခရီးစဉ် ဖြစ်သည်။ ၎င်း၏ တစ်ပတ်ကြာ ခရီးစဉ်အတွင်း လီမာ၊ ချိကလာယို၊ သမိုင်းဝင် အန်းဒီးစ် တောင်တန်းမြို့တော်ဖြစ်သော ကူးစကို နှင့် အမေဇုန်ဒေသရှိ ပူကယ်ပါ မြို့များသို့ ကြွရောက်မည် ဖြစ်သည်။
#PopeLeoXIV #Peru #PapalVisit #VaticanNews #Lima #CatholicChurch
Fr. Peter Kyi Maung
Credit to Vatican News

