
၉/၁၁ အဖြစ်ဆိုးကို သတိရအောက်မေ့ခြင်းက ငါတို့အား ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရန် နှိုးဆော် နေသည်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူများအတွက် ဆုတောင်းပေးခဲ့ပြီး၊ စစ်ဒဏ်သင့်နေသော ငါတို့ကမ္ဘာကြီးအတွက် ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရရန်ဆု တောင်းကြဖို့ မေတ္တာရပ်ခံလိုက်သည်။
“လွန်ခဲ့သော နှစ်ရက်က အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သော စက်တင်ဘာ ၁၁ ရက် အကြမ်း ဖက်တိုက်ခိုက်မှု၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်” ဟု ပုပ် ရဟန်းမင်းကြီး လီယို ၁၄ က တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာရွတ်ဆိုဆုတောင်းခြင်းအပြီးတွင် ဘာသာဝင်များအား အင်္ဂလိပ်ဘာ သာ ဖြင့် မိန့်ကြားခဲ့သည်။
နယူးယောက်၊ ဝါရှင်တန် ဒီစီ နှင့် ပင်ဆယ်ဗေးနီးယားတို့တွင် အကွက်ချတိုက်ခိုက်ခဲ့သော အကြမ်း ဖက်မှု များကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ ၉/၁၁ နှင့် ဆက်စပ်သော ရောဂါများကြောင့် နောက် ပိုင်းတွင်လည်း လူပေါင်း ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။
စိန့်ပီတာရင်ပြင်ကို စီးမိုးမြင်တွေ့ရသော လသာဆောင်မှနေ၍ မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီးက “ထိုအဖြစ်ဆိုးကြီးဖြစ်ပွားခဲ့သည့် နေ့တွင် အသက်ဆုံးရှုံးခဲ့ရသူများ နှင့် ယနေ့ထိတိုင် ထိုဒဏ်ရာများကို ဆက်လက်ခံစားနေရသူများအတွက်” ဆုတောင်းမေတ္တာများကို ထပ်လောင်းပို့သကြောင်း မိန့်ကြား ခဲ့ သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြရန် မေတ္တာရပ်ခံချက်
ထို့ပြင် ပုပ်ရဟန်းမင်းကြီးက “ငါတို့၏ ညီအစ်ကို မောင်နှမ အမြောက်အမြား ပဋိပက္ခနှင့် အကြမ်းဖက် မှုများကို ခံစားနေရသော ယခုကဲ့သို့ အချိန်မျိုး၌ ထာဝရဘုရားသည် သူ၏ ငြိမ်းချမ်းခြင်းဆုလာဘ်ကို ကမ္ဘာကြီးထံ အပ်နှင်းသနားတော်မူပါစေကြောင်း လူတိုင်း ဆုတောင်းပေးကြရန်” တိုက်တွန်းခဲ့ပါသည်။
ဆက်လက်၍ အီတလီဘာသာသို့ ပြောင်းလဲ မိန့်ကြားရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်က ထိုဝမ်း နည်းဖွယ် အဖြစ်အပျက်သည် ငါတို့အား “ကညာစင်မာရီ၏ အသနားခံဆုတောင်းပေးမှုနှင့်အတူ ဆု တောင်းခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ငါတို့၏ ကတိကဝတ်ကို ပြန်လည် ဆန်းသစ်ရန်” တိုက်တွန်းနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
Website: rvamyanmar.org
/ @rvamyanmar8152
#PopeLeoXIV#Angelus#911Anniversary#PrayForPeace#VaticanNews#Peace#CatholicChurch
Fr. Peter Kyi Maung
Credit: ဗာတီကန် သတင်း
https://www.vaticannews.va/…/pope-leo-xiv-angelus-9…
See less



