
ဖာရ်သာ George Shwe Htun (ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလစတုတ္ထသီတင်းပါတ် စနေနေ့ ၂၊ ၅၊ ၂၀၂၆





၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် ပုဒ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သံတ မန်ရေးရာ အကယ်ဒမီ (Pontifical Ecclesiastical Academy) ၏ ၃၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့သို့ သွားရောက်ခဲ့ပါသည်။ ရဟန်းမင်းကြီးသည် ထိုခရီးစဉ်တွင် သံတမန်အရာရှိ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍကို နိုင်ငံရေးအကျိုးအမြတ်ထက် ကျော်လွန်၍ တစ်လောကလုံးဆိုင်ရာ လူသားမိသားစုကို ဝန်ဆောင်မှုပေးသူများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ၎င်းတို့၏ မစ်ရှင်သည် ဝိညာဉ်ရေးရာနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများသို့ ရောက်ရှိရန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။…


သံတာကက်သရင်း
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့က ဗာတီကန်တွင် ကျင်းပသည့် Regina Caeli ရွတ်ဆို ဆုတောင်းခြင်းတွင် သခင်ယေဇူးကိုယ်တိုင် သိုးထိန်းနှင့် သိုးခြံတံခါးအဖြစ် တင်စားပြောဆိုထားသည့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ကိုးကား၍သိုးထိန်းနှင့် သူခိုးကြားက ခြားနားချက်ကို အလေးပေး မိန့် ကြားခဲ့ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ တစ်စုံတစ်ရာကို လုယူရန် ကြွလာခြင်းမဟုတ်ပါ။ ထိုသို့ မဟုတ်ဘဲ ကိုယ်တော်သည် အသက်ကို တိုးပွားစေပြီး ကြွယ်ဝစွာ ပေးသနားတော်မူသော သိုးထိန်း ကောင်းအဖြစ်ကြွလာခြင်းဖြစ်ပါသည်။ ယုံကြည်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို အားဖြည့်ပေးသည့် ဆုကျေးဇူးများအပေါ်…

