

တန်ဖိုး
“လူမိုက်တွေရဲ့ အမုန်းကို ခံရတာဟာ ကိုယ် သူတိုလိုလူ မဖြစ်ဖို ပေးရတဲ့ တန်ကြေးတစ်ခုပဲ။”
လူတိုင်းက ကိုယ့်ရဲ့ စံနှုန်းတွေ၊ ကိုယ့်ရဲ့ တိတ်ဆိတ်နေတတ်ပုံ၊ စည်းကမ်းရှိရှိ နေထိုင်တတ်ပုံနဲ့ လူအများနောက်ကို မလိုက်ဘဲ ကိုယ့်လမ်းကိုယ် ရွေးချယ်တတ်ပုံတွေကို နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။
ကိုယ်က တခြားသူတွေနဲ့ မတူဘဲ တွေးတတ်ဖို၊ ရိုးရိုးသားသား နေထိုင်ဖိုနဲ့ ကိုယ့်စိတ်ကို ကိုယ်ကာကွယ်ဖို ရွေးချယ်လိုက်တဲ့အခါ တချိုလူတွေက ကိုယ့်ကို မုန်းလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ရှိနေမှုက သူတိုမဖြစ်ချင်တဲ့အရာတွေကို သူတိုကိုယ်တိုင် ပြန်မြင်လာစေလိုပါ။
အတွေးအမြင်ကျဉ်းတဲ့သူတွေက ကိုယ်မှားနေလို ကိုယ့်ကို မုန်းတာ မဟုတ်ပါဘူး။ ကိုယ်က သူတိုလို မဖြစ်ဖို ငြင်းဆန်နေလို မုန်းတတ်ကြတာပါ။
ရက်စက်ကြမ်းတမ်းတဲ့အရာတွေကို ဟာသလုပ်ပြီး ရယ်မောဖို ကိုယ်က ငြင်းဆန်တယ်။ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အလိုက်အထိုက် သဘောတူဖိုလည်း ငြင်းဆန်တယ်။ သူတိုလက်ခံပေးဖိုအတွက် ကိုယ့်ဂုဏ်သိက္ခာကို လျှော့ချပြီး ကိုယ့်ကိုယ်ကို အောက်ကျအောင် နေဖိုလည်း ငြင်းဆန်တယ်။
ဒီလို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရပ်တည်နိုင်တာက ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တဲ့သူတွေအတွက် စိတ်မသက်မသာ ဖြစ်စေတတ်ပါတယ်။
လူတွေက ကိုယ့်ကို မနှစ်သက်တာဟာ အမြဲတမ်း ကိုယ်မှားနေတယ်၊ ကိုယ်မအောင်မြင်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ တစ်ခါတလေမှာတော့ အဲဒါဟာ ကိုယ့်ကိုယ်ကို သစ္စာမဖောက်ခဲ့ဘူးဆိုတဲ့ သက်သေ ဖြစ်နေတတ်ပါတယ်။
ကိုယ့်အတွက် မသင့်တော်တဲ့လူတွေက ကိုယ့်ကို ပယ်ချတာဟာ မထင်မှတ်ထားတဲ့ ကောင်းချီးတစ်ခုတောင် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတိုနဲ့ ဝေးကွာသွားခြင်းက ကိုယ်မဖြစ်ချင်တဲ့ဘဝနဲ့လည်း ဝေးကွာသွားစေလိုပါ။
ဒါကြောင့် ကိုယ့်ကို နားမလည်တဲ့လူတွေရှိလို စိတ်မပျက်ပါနဲ့။
ကိုယ့်ဂုဏ်သိက္ခာကို သူတိုရဲ့ လက်ခံမှုနဲ့ မလဲလှယ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ တစ်ခါတလေ ကိုယ့်တန်ဖိုးကို ထိန်းသိမ်းပြီး မှန်မှန်ကန်ကန် နေထိုင်ရခြင်းရဲ့ တန်ကြေးက အထီးကျန်ခြင်း ဖြစ်တတ်လိုပါ။
ဒါပေမဲ့ အဲဒီအထီးကျန်ခြင်းရဲ့ နောက်ကွယ်မှာ ပိုတန်ဖိုးရှိတဲ့ ဆုလာဘ်တစ်ခု ရှိပါတယ် …….
သူများလို ဖြစ်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို မပျောက်သွားဘဲ၊ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ပြန်လည်တွေ့ရှိလာခြင်းပါပဲ။

