rvamyanmar

rvamyanmar

လူသားတို့၏ဂုဏ်သိက္ခာသည် ဘုရားသခင် ပေးသနားထားသည့်ဆုကျေးဇူးဖြစ်သဖြင့်အမြဲတစေ ကာ ကွယ်စောင့်ရှောက်ကြရမည်

ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်း (General Audience) တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဒုတိယဗာတီကန် ကောင်စီ၏ Gaudium et Spes လမ်းညွှန်စာတမ်းအပေါ် ဆက်လက်ဟောပြောခဲ့ပြီး၊ လူသားတိုင်း၏ ဂုဏ်သိက္ခာသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရခြင်းနှင့် ဘုရား၏ ချစ်ခြင်းမေတ္တာပေါ်တွင် အခြေခံထားကြောင်း မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး၏ တရားဒေသနာတော်မှ အဓိကအချက်များမှာ – •          ပင်ကိုယ်မွေးရာပါ တန်ဖိုး: လူသားတို့၏ ဂုဏ်သိက္ခာသည် စည်းစိမ်ဥစ္စာ၊ အရည်အချင်း၊ ရာထူး သို့မဟုတ် လွန်ခဲ့သော…

တရုတ်နိုင်ငံတွင် ချုံချင်းကက်သလစ်ဂိုဏ်းချုပ်ဆရာတော်သစ် သိက္ခာခံယူပွဲကျင်းပ။

တရုတ်နိုင်ငံ၊ ချုံချင်းမြို့၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် အန်ဒရီးယား ဒင်းယန်း (Andrea Ding Yang) ကို အင်္ဂါနေ့က ဂိုဏ်းချုပ်ဆရာတော်သိက္ခာတင်မြှောက်ခဲ့သည်။ ၎င်းအား ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီး ရုံးတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ချုပ်ဆိုထားသော ယာယီသဘောတူညီချက် မူဘောင် အတွင်းမှ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၈ ရက်၊ အင်္ဂါနေ့တွင် အန်ဒရီးယား ဒင်းယန်း၏ဂိုဏ်းချုပ်ဆရာတော်သိက္ခာခံယူ ပွဲ á€Ąá€á€™á€şá€¸ အနားကို ကျင်းပခဲ့သည်။ ဗာတီကန်နှင့် တရုတ်နိုင်ငံတို့အကြား ယာယီသဘောတူညီချက်အရ လျာထားသူအဖြစ် အတည်ပြုပြီး နောက်၊…

ဖာရ်သာ Paschal Thi Ko Shin (SDB) (၂၃)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ ၁၀၊ ၉၊ ၂၀၂၆

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်သခင်မပွဲနေ့မစ္ဆားတရား။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာတွင်းရှိ ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်သခင်မပွဲနေ့မစ္ဆား တရားတော်ကို ၇၅လမ်း၊ ၂၈နှင့်၂၉ ကြားရှိ စိန့်ဇေးဗီယား သာသနာအုပ်စု၌ (၈.၉.၂၀၂၆) အင်္ဂါနေ့ညနေ ၄:ဝဝ နာရီအချိန်၌ ဘုန်းတော်ကြီး John Aye Kyaw မှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ မစ္ဆားတရားအပြီး စီတန်းလှည့်လည်ခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းနှင့် အလံချအခမ်းအနားကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Alphonse Aung Ko Latt မှဦးဆောင်ကျင်းပခဲ့ပါသည်။ မယ်တော် သခင်မပွဲသို့ မန္တလေးမြို့ပေါ်ရှိသာသနာစီရင်စုအသီးသီးမှ ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလရှင်များ၊ ဘာသာဝင်များလာရောက်ပါဝင်းဆုတောင်းခဲ့ကြပါသည်။ မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr.…

မွေးနေ့မြတ်မင်္ဂလာအကြောင်းနဲ့ ဒီကနေ့ရဲ့မွေးနေ့ရှင်ဖြစ်တဲ့ မယ်တော်သခင်မ

ဗေလန်ကန်နီကျန်းမာခြင်းမယ်တော်သခင်မပွဲနေ့ဩဝါဒတရား။

ပဋိပက္ခများကြား၌ ငြိမ်းချမ်းရေးနှင့် မေတ္တာ၏ သက်သေများအဖြစ် ရပ်တည်ရန်။ 

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အနောက်အာဖရိကရှိ လူငယ်များ၏ ယုံကြည်ခြင်းခရီးစဉ်တွင် ခွန် အားပေးခဲ့ပြီး၊ စစ်ပွဲများနှင့် ပဋိပက္ခများ ဖုံးလွှမ်းနေသော ကျွန်ုပ်တို့၏ ကမ္ဘာကြီးထဲတွင် မေတ္တာ၊ တရား မျှတမှုနှင့် ငြိမ်းချမ်းရေး၏ သဝဏ်လွှာများအဖြစ် သက်ဝင်လှုပ်ရှားကြရန် ဖိတ်ခေါ်လိုက်သည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဂါနာနိုင်ငံ၊ အာကရာမြို့၌ ပထမဆုံးအကြိမ်အဖြစ် စုဝေးရောက် ရှိနေကြသော သောင်းပေါင်းများစွာသော လူငယ်များထံ အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားဖြင့် ဗီဒီယို သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ ဤပွဲကို အနောက်အာဖရိက ဒေသဆိုင်ရာ…

အနောက်အာဖရိက လူငယ်များနေ့ – ငြိမ်းချမ်းရေးနှင့် မျှော်လင့်ခြင်းကို ဖော်ဆောင်မည့် ၅ ရက်တာ ခရီး စဉ်။

၂၀၂၆ အနောက်အာဖရိက လူငယ်များနေ့ (JOAJ) အခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့က ဂါနာ နိုင်ငံ၊ အာကရာမြို့၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ လာမည့် ၄ ရက်တာအတွင်း အနောက်အာဖရိက ၁၆ နိုင်ငံမှ ကက်သလစ်လူငယ်များသည် “သတ္တိမွေးကြပါ – ကက်သလစ်လူငယ်များ၊ အနောက်အာဖရိ က၌ ငြိမ်းချမ်းရေးနှင့် မျှော်လင့်ခြင်းကို ဖော်ဆောင်သူများနှင့် မြှင့်တင်ပေးသူများ” ဆိုသည့် ဆောင်ပုဒ် အောက်တွင် စုဝေးကြမည်ဖြစ်သည်။ ပထမနေ့တွင် ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့များကို ကြိုဆိုခြင်းနှင့် ဂါနာ၏ ယဉ်ကျေးမှုကို လေ့ လာခြင်းများ…

ဖာရ်သာ Paschal Thi Ko Shin (SDB) (၂၃)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ ၉၊ ၉၊ ၂၀၂၆

အပြန်အလှန် ချစ်ခြင်းမေတ္တာသည် ‘ငါတို့ကို ကျေးကျွန်မဖြစ်စေသော’ ကြွေးမြီတစ်ခု ဖြစ်သည်။

အန်ဂျေလူး မေတ္တာဆိုခြင်းတွင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ခရစ်ယာန်များအနေဖြင့် အပြန် အလှန် ချစ်ခြင်းမေတ္တာကို ကျင့်သုံးရန် ယေဇူးသခင် ခေါ်ဖိတ်ထားသော နည်းလမ်းနှစ်ခုဖြစ်သည့် ညီ အစ်ကိုမောင်နှမအချင်းချင်း ပြုပြင်တည့်မတ်ပေးနိုင်ခြင်းနှင့် ချစ်ခင်စုံမက်ခြင်းတို့အပေါ် ထောက်ရှု ဝေမျှခဲ့ပါသည်။ ဗာတီကန် နန်းတော်ပြတင်းပေါက်မှနေ၍ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် တနင်္ဂနွေနေ့ အန်ဂျေ လူး မေတ္တာဆိုကို ရွတ်ဆိုအပြီး ယနေ့တရားတော်၌ တွေ့ရှိရသော “အတွေးအခေါ်နှင့် လုပ်ဆောင် ချက်များအတွက် အခြေခံစံနှုန်းများ” အပေါ် ထောက်ရှုရင်း ရှင်ပေါလု၏…