
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) ၏ ၇၁ နှစ်မြောက် မွေးနေ့ မင်္ဂလာ။

ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆိုမှုများ၊ သာသနာပြုခရီးစဉ်များနှင့် လူ့ဂုဏ်သိက္ခာအပေါ် အလေးထား မှုများဖြင့် ပြည့်နှက်နေသော တစ်နှစ်တာကို ဖြတ်သန်းခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် တနင်္လာနေ့တွင် သူ၏ ၇၁ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့သည်။
မွေးနေ့မင်္ဂလာကျရောက်ချိန်တွင် ကမ္ဘာအနှံ့အပြားမှ မွေးနေ့ဆုတောင်းစကားများနှင့် ဆုမွန်ကောင်း တောင်းလွှာများ ဗာတီကန်သို့ ရောက်ရှိလာခဲ့ပြီး အီတလီ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ် (CEI) ကလည်း အသင်းတော်များ၏ နှုတ်ခွန်းဆက်စကားနှင့်အတူ ပုပ်ရဟန်းမင်းကြီး၏ အနစ်နာခံ အမှုတော် ဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး
ပုပ်ရဟန်းမင်းကြီး တာဝန်ယူသည့် ပထမဆုံးနှစ်အတွင်း သူ၏ သာသနာပြုခရီးစဉ်များနှင့် မိန့်ခွန်းများ၌ “ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး” အကြောင်းကို အကြိမ် ၄၀၀ ထက် မနည်း ထည့်သွင်း ပြော ကြားခဲ့သည်။
�တူရကီနှင့် လေဘာနွန် ခရီးစဉ်: နိကေးယ (Nicaea) မြို့တွင် ခရစ်ယာန်ညီညွတ်ရေးကို အလေးပေးခဲ့ပြီး လေဘာနွန်တွင်မူ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို ပန်းတိုင် ထားခဲ့သည်။� �မိုနာကိုနှင့် အယ်လ် ဂျီးရီးယား ခရီးစဉ်: မိုနာကိုနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့သည့် ပထမဆုံး ပုပ်ရဟန်း မင်းကြီး ဖြစ်လာခဲ့သည်။� �စပိန် ခရီးစဉ်: စပိန်ပါလီမန်တွင် ပထမဆုံး မိန့်ခွန်းပြောကြားခဲ့သည့် ပုပ်ရ ဟန်းမင်းကြီးအဖြစ် သမိုင်းဝင်ခဲ့သည်။�
အရေးပါသော သာသနာပြုလုပ်ဆောင်ချက်များ�Jubilee Year 2025 ရုပ်သိမ်းခြင်း: ဇန်နဝါရီ ၆ ရက်တွင် စိန့်ပီတာ ဘာစိလီကာ ကျောင်းတော်၏ သန့်ရှင်းသော တံခါးပေါက် (Holy Door) ကို ပိတ်၍ မင်္ဂလာနှစ်မြတ်ကို ရုပ်သိမ်းခဲ့သည်။� �ပထမဆုံး စာချွန်တော် (Magnifica humanitas): စိုက်ပျိုး ရေး နှင့် AI နည်းပညာများသည် လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် အများကောင်းကျိုးတို့အတွက်သာ အသုံး ပြုရမည်ဟု မီးမောင်းထိုးပြခဲ့သည်။� �သာသနာပြု တိုက်တွန်းစာ (Dilexi te): ဆင်းရဲသားများအပေါ် ချစ်ခြင်းမေတ္တာထားရှိရေးအတွက်ရေးသားခဲ့ပြီး ၊ ဇူလိုင်လ လမ်ပီဒူဆာခရီးစဉ်တွင်လည် ရွှေ့ပြောင်း နေထိုင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။�
၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချီကာဂို၌ မွေးဖွားခဲ့သော ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လူ့ဂုဏ်သိက္ခာ ကာကွယ်မြှင့်တင်ရေးဟူသော မူများကို ကိုင်စွဲ လျက် ၇၂ နှစ်အတွင်းသို့ ခြေလှမ်းသစ်ဖြင့် ကူးပြောင်းဝင်ရောက်လာခဲ့ပြီ ဖြစ်ပါသည်။
Website: rvamyanmar.org
/ @rvamyanmar8152
#PopeLeoXIV#VaticanNews#PeaceAndUnity#ChristianNews#Myanmar
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/pope-leo-xiv-celebrates…
See less



