
ဖာသာရ် David တိုးဝေအောင်(မန္တလေး) သာမန်ကာလ (၁၂) ကြိမ်မြောက်အင်္ဂါနေ့ သြဝါဒ ၂၁၊ ၆၊ ၂၀၂၂

သခင်ခရစ်တော်၌ ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို ဒီနေကြာနာခဲ့ရတဲ့ (မာတေဦး ၇:၆၊၁၂-၁၄) မှာ ကိုယ်ရှင်က သူရဲ့တမန်တော်ကြီးများနဲ့အတူကျွန်ုပ်တို့ကိုကျင်ကြံရန် တရား ၃ ခုကိုြမွတ်ြကားခဲ့ပါတယ်။ ပ- ချက်အနေနဲ့ အခန်းကြီး ၇ အခန်ငယ်၆မှာ ကိုယ်တော်ရှင်က တမန်တော်တွေကိုခွေးတွေနဲ့ ဝက်တွေရဲ့ရှေ့မှာသန့်ရှင်းတဲ့ အရာတွေကိုမချထားဖိုသွန်သင်ပါတယ်။ သမ္မာကျမ်းစာတော်မြတ်မှာ အထူးသဖြင့် ဓမ္မဟောင်းကျမ်းမှာခွေးများနဲ့ ဝက်များကိုမနှစ်မြို့ဖွယ်သတ္တဝါအဖြစ်သတ်မှတ်ထားတာတွေရပါတယ်။ ဖန်ဆင်းခံသတ္တဝါတွေထဲ့မှာနှိမ့်ညံ့တယ် လို့ခံယူထာကြတယ်။ ဒါကြောင့် မိမိမနှစ်မြါဒ့တဲ့သူကိုလဲခွေးများဝက်မျာနဲ့ခိုင်းနိုင်းလေ့ရှိတာတွေ့ရပါတယ်။ …









