rvamyanmar

rvamyanmar

အမျိုးသမီးတစ်ယောက်က အမျိုးကောင်းသမီးဖြစ်ဖို့ ဘယ်လိုအကျင့်စရိုက်တွေနဲ့ ပြုပြင်လုပ်ယူလို့ရနိုင်မလဲ

Traits ဒီနေ့မှာ အမျိုးသမီးတစ်ယောက်က အမျိုးကောင်းသမီးဖြစ်လို့ ဘယ်လိုအကျင့်စရိုက်တွေနဲ့ ပြုပြင်လုပ်ယူလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူ့ပတ်ဝန်းကိင်က ဘယ်လိုအခြေအနေမျိုးမှာပဲ ရှိနေပါစေ။ အမူအကျင့်စရိုက်တွေကို မိမိကိုယ်မိမိ practice လုပ်ယူရင် second nature မှာ အဆင့်မြင့်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ဘဝခရီးကို ကျော်ဖြတ်သွားနိုင်ပါတယ်။ တန်ဘိုးရှိတဲ့ အဆင့်ရှိတဲ့ အမျိုးသမီးဟာ အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေဖို့ လိုပါ တယ်။ ချောလှနေဖို့ မဟုတ်ပါဘူး။ စိတ်အတွင်းပိုင်း စိတ်လှုပ်ရှားထိခိုက်လွယ်တာ ငွေရေးကြေးရေး ကို စနစ်တကျ သုံးစွဲတတ်တာတွေက အခြေခံဖြစ်တယ်။ ဒါတွေကို…

သံစတီးဖင်း

ဒီကနေ့အတွက်သံစတီးဖင်းရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။သံစတီးဖင်းဟာဟန်ဂေရီနိုင်ငံရဲ့ဘုရင်ဖြစ်ပါတယ်။တကယ်လို့သားဟာအဖေ့ရဲ့အရိုက်အရာကိုဆက်ခံပြီး၊ တိုင်းပြည်ကိုမင်းလုပ်အုပ်ချုပ်ရတယ်ဆိုရင်ဖြင့် ခရစ်တော်ရဲ့တ ပည့်တော် ကြီးတွေကဆင်းသက်လာတဲ့တစ်ဆူတည်းသောကက်သလစ်သာသနာ တော်ရဲ့သွန်သင်ချက်ကိုမြေ၀ယ်မကျလိုက်နာဖို့ဖေဖေအကြံပေး မှာကြား ချင်တယ်။ ဒီတော့မှဖေဖေ့သားဟာရှင်၊ လူ၊ နတ်၊ သိကြားရှေ့ မှောက် မှာ ကိုယ်ကျင့်တရားကောင်းမွန်စွာနဲ့ရှင်သန်မင်းလုပ်နိုင်မယ်။ ဒီလိုဘဲဘု ရား ရဲ့သားတော်တွေဖြစ်တဲ့သာသနာ့ ၀န်ထမ်းတွေလည်းဖေဖေ့ သားကို ကိုယ်ကျင့်တရားနဲ့တကယ်ပြည့်စုံသူ၊ ကျင့်တရားမြဲသူ၊ ခရစ်တော်ရဲ့တ ရားတော်အ ညီရှင်သန်တဲ့ဘုရင်လို့ ၀မ်းသာပီတိသာဓုခေါ်နိုင်ကြ၊ ဂုဏ် ယူကြမှာပါ။ ဖေဖေ့သားလေးဟာအထက်ကပြောခဲ့သလိုကျင့်ကြံအသက်မရှင်ရင်တော့၊ ခရစ်တော်တရားနဲ့အညီစီ ရင်အုပ်ချုပ်တဲ့ဘုရင် တစ်ပါး မဖြစ်သလို၊ ကက်သလစ်သာသနာတော်က ဂုဏ်ယူအားထားရ တဲ့သား လည်းဖြစ်မှာမဟုတ် ဘူး။ ဖေဖေတို့ရဲ့နန်းတွင်းထဲမှာဘုရားကိုသက်၀င် ယုံကြည်မူပြီးရင်၊…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၀) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၅၊ ၈၊ ၂၀၂၂

မျှော်လင့်စရာမရှိတဲ့အချိန်မှာမှ တစ်ကယ့်စစ်မှန်တဲ့မျှော်လင့်ခြင်းဖြစ်လာတယ်မြင်ရကြားရတာတွေ၊ ဖြတ်သန်းနေရတာတွေကြောင့် တစ်ခါတစ်လေကျရင် မျှော်လင့်ချက်ကုန်ဆုံးသွားသလိုခံစားကြရပါတယ်၊ ကမ္ဘာကြီးကိုကြည့်လိုက်ရင်၊ ကိုယ့်ကိုယ်ကိုပြန်ပြီးကြည့်လိုက်ရင်သိစိတ်ကဖြစ်စေ မသိစိတ်ကဖြစ်စေ ကျွန်တော်တို့တွေးတတ်ကြတယ်၊ ဒါကတော့ အရမ်းကိုနောက်ကျသွားပြီ၊ ဒါကတော့အရမ်းကိုလွန်သွားပြီ၊ ဘယ်အရာကမှ ဒါကိုမကယ်နိုင်တော့ဘူး၊ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့ အခွင့်အရေးတွေအကုန်လုံးကိုလဲ သုံးပြီးပြီ၊ မျှော်လင့်ချက်မရှိတော့ဘူး။ ဒါမဲ့ ဒီသဘာဝကျတဲ့ စိတ်ဓါတ်ကျခြင်းခံစားချက်က မျှော်လင့်ခြင်းဆုံးရှုံးခြင်းလား။မဟုတ်ပါဘူး။ တစ်ကယ်တမ်းက ဒီလိုမျိုးခံစားရတဲ့အချိန်မှာ ကျွန်တော်တို့မှာရှိတဲ့ အခွင့်အလမ်းတွေအကုန်လုံးကိုကုန်ခမ်းသွားပြီလို့ခံစားချက်ဖြစ်လာတဲ့အချိန်မှာမှ မျှော်လင့်ချက်ကရောက်ရှိလာနိုင်ပြီး၊ မျှော်လင့်ချက်အစစ်အမှန်မဟုတ်တဲ့ wishful thinking အကောင်းဖက်ကတွေးခြင်း နဲ့ natural optimism သဘာဝအလျောက် အကောင်းမြင်ခြင်း တွေနေရာမှာ တစ်ကယ့် မျှော်လင့်ခြင်း hope က…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) မယ်တော်သခင်မမိုးကောင်းကင်သို့ပင်ဆောင်ခံရသောပွဲ တနင်္ဂနွေနေ့ သြဝါဒ ၁၄၊ ၈၊ ၂၀၂၂

 မယ်တော်က ဘာ့ကြောင့်ခန္ဓာရော၊ ဝိညာဉ်ရော မိုးကောင်းကင်ကို ပင့်ဆောင်ခြင်းခံရတာလဲ။ ဘုရား၏ထူးခြား သောကျေးဇူးတော်ဖြင့် မယ်တော်သည်အပြစ်ရင်းမပါပဲ လောကထဲသို့မွေးဖွားခြင်းခံခဲ့ရပါတယ်။ အပြစ်ရင်း တွေထဲကတစ်ခုက သေခြင်းဖြစ်တာကြောင့်အပြစ်ရင်းမပါပဲမွေးဖွားခြင်းခံရတဲ့ မယ်တော်သည် သေခြင်းကနေ လွတ်မြောက်ခွင့်ကျေးဇူးတော်ကိုရရှိခဲ့ပါတယ်။ လူတွေအတွက်မယုံကြည်နိုင်စရာဖြစ်ပေမဲ့ ဘုရားအတွက်မဖြစ် နိုင်တဲ့အရာဘာတစ်ခုမှမရှိတဲ့အကြောင်းတန်ခိုးလက္ခဏာတွေကို ဒီကမ္ဘာကြီးပေါ်မှာ ဘုရားကပေးထားပါတယ်။ ခန္ဓာကိုယ်မပုပ်မသိုးတဲ့ရဟန္တာတွေအများကြီးရှိပါတယ်။ ပြင်သစ်နိုင်ငံ လုဒ်မြို့မှာ ၁၈၅၈ ခုနှစ်မှာ မယ်တော်ရဲ့ ရူပါရုံထင်ရှားပြခြင်းကိုရရှိခဲ့တဲ့ ဘက်နက်ဒက်တားက သီလရှင်ကျောင်းကိုဝင်ရောက်ခဲ့တယ်။ ၁၈၇၉ ခုနှစ်မှ ာ သူမ သေဆုံးခဲ့တယ်။ သူမသေဆုံးပြီး နောက်နှစ် ၃၀ အကြာ ၁၉၀၉ ခုနှစ်မှာ…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၉) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၃၊ ၈၊ ၂၀၂၂

၁၃ သြဂုတ် ၂၀၂၂  ကောင်းကင်နိုင်ငံတော်ကို ကလေးတွေနဲ့ ကလေးတွေကဲ့သို့သောလူတွေကသာ ဝင်ရောက်နိုင်တယ်လို့ ကိုယ်တော်က ရှင်းရှင်းလင်းလင်းမိန့်ဆိုထားတယ်။ ကလေးတွေက အပြစ်မရှိကြလို့ ဖြူစင်ကြလို့မဟုတ်ပါဘူး၊ ဆိုးသွမ်းတဲ့ကလေး တွေ၊ မဟုတ်တာတွေ အမျိုးမျိုးကိုလုပ်တတ်ကြတဲ့ကလေးတွေရှိပါတယ်။ ဒါပေမဲ့ ကလေးတွေက နှိမ့်ချတယ်၊ သွန်သင်ပေးလို့ရတယ်၊ စကားပြောရလွယ်တယ်။ အပြစ်မရှိတာထက် ရိုးရှင်းခြင်းကြောင့် ကလေးတွေက ကောင်း ကင်နိုင်ငံဝင်နိုင်တဲ့ လူအမျိုးအစားဖြစ်တာဖြစ်တယ်။ထာဝရဘုရားလက်ခံတော်မူတဲ့ နှလုံးစိတ်ထားမျိုးကို နော်ဝေလူမျိုးဓမ္မဗေဒပညာရှင် Ole Hallesby က စကားလုံးတစ်လုံးထဲနဲ့ အကောင်းဆုံးအနှစ်ချုပ်ဖေါ်ပြခဲ့ ပါတယ်။ အဲဒါကတော့ အကူအညီမဲ့နေတဲ့နှလုံးသား helplessness ဖြစ်ပါတယ်။ အကူအညီမဲ့နေသူသာ…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၁၉) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၂၊ ၈၊ ၂၀၂၂

 ဒီနေကြားနာရတဲ့ဧဝ့ဂေလိကျမ်းစာထဲ့မှာသခင်ခရစ်တော်က ဓမ္မဟောင်းကာလမှာအိမ်ထောင်ကွဲခွင့် ကိုတရားဝင် ခွင့်ပြုပေခဲ့တဲ့မိုးဇယ်ရဲ့ ဥပဒေနဲ့ပတ်သက်ပြီးသွန်သင်တယ်။ ခရစ်တော်ပြောတာက မိုးဇယ်ဟာထိုခေတ်အချိန်အခါ ကများပြားလာတဲ့လင်မယားကွာရှင်းပြတ်ဆဲခြင်းများကိုထိန်းချုပ် ဖို့ရန်ရွယ်ပြီးတော့ ထိုဥပဒေကိုပြဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ မိုးဇယ်ဥပဒေ မတိုင်ခင်ကအမျိုးသားများ သည်သူတို့မပေါင်းသင်းလိုတော့သည်အမျိုးသမီးကိုစွန့်ပြစ်ပြီး နောက်တစ်ယောက်နဲ့ပေါင်းသင်းကြ တယ်။ စွန့်ပြစ်ခံရတဲ့အမျိုးသမီးမှာမူနောက်အိမ်ထောင်ပြုခွင်မရ။ နောက်အိမ်ထောင်ပြုလျှင်အရင် အိမ်ထောင်သည်အမျိုးသားက ထိုအမျိုးသမီကိုအိမ်ထောင်ရေးဖောက်ပြန်မူဖြင့် တရားစဲ့ပြီးကျောက် ခဲနဲ့ပေါက်သေဒဏ်ပေးလိုရပါတယ်။ ထိုပြသနာများကိုဖြေရှင်းပေရန် မိုးဇယ်က မိမိမယားကို မပေါင်းသင်းလိုလျှင်ဖြတ်စာပေး၍ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်တယ်။ ထိုဖြတ်စာရှိပြီဆိုလျှင်စွန့်ပြစ် ခံအမျိုးသမီးသည် လည်းလွတ်လပ်စွာနောက်အိမ်ထောင်ပြုလိုရပြီဖြစ်တယ်။ ဒါကြောင့် သခင်ခရစ်တော်က မိုးဇဘ်ဟာထိုဥပဒေကို ပြဒါန်းရခြင်းမှာ ထိုခေတ်အခါက ဂျူးလူမျိုးများ ၏ခေါင်းမာမှုကြောင့်ဖြစ်တယ်လို့ဆိုခဲ့တယ်။ ဒါ့အပြင်ဆက်လက်၍ သခင်ခရစ်တော်သွန်သင် သည်မှာမည်သည်ဥပဒေမှ လက်ထပ်ထိမ်းမြားခြင်းရဲ့ထာဝရဖြစ်ခြင်းနှင့်မကွဲကွာနိုင်ခြင်း ကိုဖယ်ဖျက်လိုမရဘူလို့ဆိုခဲ့တယ်။…