rvamyanmar

rvamyanmar

သံတာ ရို့စ်

ဒီကနေ့အတွက် သံတာရို့စ်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။သူမဟာ ၁၅၈၆ခုနှစ်၊ တောင်အမေရိကတိုက်မှာရှိတဲ့ ပီးရူး(Peru)နိုင်ငံ၊ လီမာမြို့တွင် နေထိုင်ကြတဲ့ စပိန်မျိုးနွယ်စုကနေ မွေးဖွားခဲ့ပါတယ်။ သူမဟာ မိဘများကို အလွန်ကျိုးနွံသူဖြစ်ပြီး ဆီအယ်နာမြို့သူ စိန့်ကက်သရင်းရဲ့ ဝိညာဉ်ရေးကျင့်စဉ်တွေကို အားကျအတုယူ ခဲ့ပါတယ်။ သခင်ယေဇူးကို ချစ်တဲ့ စိတ်နဲ့ သူမအား ခိုင်းသမျှကို ပြုံးရွှင်စွာ လက်ခံဆောင်ရွက်ခဲ့ပါတယ်။ လူအများအတွက် အမြဲကြိုးစားပြီး ကူညီခဲ့တယ်။ ဒါ‌ကြောင့် သူမရဲ့ ချမ်းသာတဲ့ မိဘဆွေမျိုးတွေက သူမကို လှောင်‌ပြောင် ခဲ့ကြတယ်။ စိန့်ရို့စ်ဟာ အလွန်လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် သူမကို မြင်သူတိုင်း ငေးမောကြည့်…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၀) ကြိမ်မြောက် စနေနေ့ သြဝါဒ ၂၀၊ ၈၊ ၂၀၂၂

သာမန်ကာလ(၂၀)ကြိမ်မြောက်စနေနေ့ ယေဇူးဘုရားရှင်မိန်တော်မူတာကကျမ်းတတ်ဆရာတို့နှင့် ဖါရီဇေဦးတို့သည်မိုးဇယ်၏တရားပလ္လင်ပေါ်မှာ နေရာယူထားကြလိုသူတို့ဟောပြောတာကိုလိုက်နာကျင်ကြံကြပါ။ ဒါပေမဲ့သူတို့ကျင့်သောအကျင့်ပုံစံ ကိုအတုမယူကြနဲ့လို့ မိန့်တော်မူပါတယ်။ ဒီလောက်သူတော်ကောင်းယောင်ဆောင်နေတဲ့ကျမ်းတတ်ဆရာ တွေ၊ ဖါရီဇေဦးတွေရဲ့ဟော ပြောချက်ကိုတောင်သခင်ရေဇူးကလိုက်နာကျင့်ကြံဖို့မိန့်တော်မူထားခဲ့သေးတာ ဘဲ။ ကျနော်တို့ကကာဒီနယ်တို့၊ ဆရာတော်တို့ရဲ့ဟော‌ပြောသွန်သင်ချက်ကိုဘာကြောင့်မလိုက်နာမကျင့်ကြံပဲ နေရမှာလည်း။ ကောင်းတာကိုဟောပြောသွန်သင်တဲ့ဘယ်သူကိုမဆိုနားထောင်ရမှာပဲ။ ဒါဝိဒ်မင်းကသူမယား ကိုပြစ်မှာပြီးသူယောကျ်ားကိုသေကြောင်းကြံတဲ့အတွက်ကြောင့်ဒါဝိဒ်မင်းရေးခဲ့တဲ့ဆာလံကျမ်းကိုမဖတ်ပဲနေ ကြတော့မှာလားဗျာ။ ကျမ်းတက်ဆရာတွေ၊ ဖါရီဇေဦးတွေကသူတိုဟောပြောတာ‌ကိုသူတို့ ကိုယ်တိုင်ကမကျင့် ကြံ မနေထိုင်ကြတာကသူတိုအပြစ်။ “ကျနော်တိုကတော့အကောင်းမှန်သမျှကိုလက်ခံနာခံကြရမယ်”ဘာဆင်ခြေ မှပေးစရာမလိုပါဘူး။ ကိုယ်မျက်စီထဲမှာရှိတဲ့သစ်တုံးကြီးကိုတော့မမြင်ပဲနဲ့သူတပါးလာဆုံးမ မနေနဲ့လို့လည်းပြန် ပြောစရာမလိုဘူး။ ကိုယ့်ကိုယ်တိုင်ခြောက်ပြစ်ကင်းသဲလည်းစင်မှ၊ ကိုယ့်ကိုယ်တိုင်အပြစ်ကင်မှသူတပါးကိုဆုံးမ သွန်သင်ရမယ်ဆိုရင် သင့်ကိုဆုံးမသွန်နိုင်မယ်သူတစ်ယောက်မျှရှိမှာမဟုတ်တော့ဘူး။ ကျနော်တို့ဟာသံပေါလူးရဲ့ တရားနာပရိတ်သတ်လို့ဖြစ်ရမယ်။ တရားနာပရီတ်သတ်ကသံပေါလူးရဲ့စကားကိုသံပေါလူးစီကလာတဲ့စကားလို့မခံ ယူပဲဘုရားသခင်စီကလာတဲ့စကားလို့ခံယူကြတယ်။ ဒါကြောင့်လည်းပဲနှုတ်တော်ထွက်စကားကိုကြားနာပြီးပြောင်းလဲ ခဲ့ကြတာပေါ့။ ဘာသာသူအပေါင်းတို့လည်း…

လူ့အဖွဲ့အစည်းဟာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အခြေအနေပေါင်းစုံပါ၀င်ရှင်သန်နေတဲ့အဖွဲ့အစည်းဖြစ် တယ်

၄။ ကျေးဇူးတင်တတ်အောင်ယူပါ။ တကယ်လို့ သက်ကြီးရွယ်အိုတွေဟာ နေရာပေးခံရတယ်၊ အရေးကြီးတဲ့အခမ်းအနားတွေမှာမြင်ရတွေ့ရတယ်ဆို ရင်ဖြင့် အဲ့ဒီလူ့အဖွဲ့အစည်းဟာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အခြေအနေပေါင်းစုံပါ၀င်ရှင်သန်နေတဲ့အဖွဲ့အစည်းဖြစ် တယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ လူငယ်၊ လူလတ်ပိုင်း၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကဘဲနေရာယူထားတဲ့အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကိုသိနိုင်ပါတယ်။ အဲ့လိုဆိုရင် အရမ်းကိုတန်ဖိုးရှိတဲ့ ဘုရားသခင်ကိုကျေးဇူးသိတတ်အမှုကိုပြုဖို့သိလာ မှာဖြစ်တယ်။ ၅။ ကျွန်ုပ်တို့အားလုံးသွားနေသောနေရာဆီသို့ပိုမိုနီးကပ်သွားစေသည်။ အလှအပဟာ ငယ်ရွယ်နုနယ်မှရှိကြတာမဟုတ်။ သက်ကြီးတွေမှာလည်း ဘယ်သူနဲ့မှမတူတဲ့ သူတို့ရဲ့အလှတ ရားရှိတယ်။ ကျွန်တော်တို့အားလုံးက ထာ၀ရ ဆီကိုဦးတည်လျှောက်လှမ်းနေကြတာပါ။ သက်ကြီးရွယ်အိုတွေကတော့ အဲ့ဒီထာ၀ရဆိုတဲ့ ပန်းတိုင်၊ ဘုရားသခင်ဆီကိုကြိုသွားနင့်ကြမှာပေါ့။ သူတို့က ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ဘ၀အတွေ့အ ကြုံတွေရဲ့အသိတရားတွေနဲ့အဲ့ဒီကိုခရီးပြုကြတယ်။ ၆။ သူတစ်ပါးကကူညီတာကိုလက်ခံပါ။…