rvamyanmar

rvamyanmar

” ပုံမှန်လေးစီးဆင်းပါစေ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ ” ပုံမှန်လေးစီးဆင်းပါစေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး/တည်းဖြတ် – ပင်ကီ Video credit – YouTube and Canva

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၅၊ ၉၊ ၂၀၂၂

နာကျဥ်ခြင်းမယ်တော်  နာကျဥ်ခြင်းမယ်တော်ပွဲတော်ကို ကျွန်တော်တို့ ကျင်းပနေခြင်းဖြစ်ပါတယ်။ မယ်တော်ရဲ့ဘဝမှာ ၇င် ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နာကျဥ်ရခြင်းတွေအကြောင်းကို ၁၂ ရာစု ၁၃ ရာစုနှစ်ကတည်းက ရသေ့ကျောင်း တစ်ချို့တွေမှာ ကျင်းပခဲ့ကြတယ်။ ဘက်နဒစ်တင်း ရသေ့တစ်ပါးဖြစ်တဲ့ ပုပ် ပီဦး VII လက်ထက် ၁၈၁၄ ခုနှစ်ကျမှ တစ်ကမ္ဘာလုံးကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ ပုပ်က သတ်မှတ်ခဲ့တာဖြစ်တယ်။ နာကျဥ်ခြင်းမယ်တော်ပွဲနေ့ကို ပုပ်ပီဦး VII က ဘာကြောင့်သတ်မှတ်ခဲ့တာလဲဆိုရင် သူကို့ နပီုလီယန် ကနေ ဖမ်းဆီးထောင်ချထားခံနေရခြင်းကနေ လွတ်မြောက်လာတာကြောင့် ကျေးဇူးတင်ချီးမွမ်းခြင် းအဖြစ် ပြုလုပ်ခဲ့တာဖြစ်တယ်။ နပိုလီယန်ကနေ…

မိမိကို ပျော်ရွှင်စေမဲ့ ကိုယ်ပိုင် နည်းလမ်းကို ပြောင်းနိုင်ရမယ်

Marriage Without Tears ဒီနေ့မှာ အိမ်ထောင်တစ်ခုတည်ဆောက်ကြတဲ့ခါ ပျော်ရွှင်မှုတွေ ဆိတ်သုန်းပြီး ဝမ်းနည်း ပက်လက်နဲ့ ငိုကြွေးစရာတွေဖြစ်လာရတဲ့ အကြောင်းရင်းလေးတွေကို ကျွန်မသိထား၊ မြင်ထား၊ တွေ့ကြုံထားတာလေးတွေနဲ့ မျှဝေပေးသွားချင်ပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်တဲ့ခါ တချို့က ကံတရားနဲ့လဲဆိုင်တယ်လို့ ဆိုကြပါတယ်။ အိမ်ထောင်များစွာအတွက် မတူတဲ့အကြောင်းရင်းခံတွေလည်း အများကြီးရှိတာပါ။ တချို့သော သူတွေအတွက် ဆိုးယုတ်တဲ့ အိမ်ထောင်ရေးဖြစ်လာသလို တချို့ကျတော့ အိမ်ထောင်ရှိတယ်ဆိုရုံ သက်သက်တွေလဲ မြင်တွေ့ရတယ်။ တချို့ကျတော့ အိမ်ထောင်တစ်ခုကို စာချုပ်စာတမ်းတွေနဲ့ အခိုင်အမာတည်ဆောက် ကြတယ်။ တချို့ကျတော့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ အယူသီးမှုတွေနဲ့ အိမ်ထောင်ကို တည်ဆောက်ကြတယ်။…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၄၊ ၉၊ ၂၀၂၂

ခရစ္စတူးကားတိုင်၏အောင်နိုင်ခြင်းပွဲဘုရားဘယ်ရောက်နေလဲ  လူ့ဘဝရဲ့ထိတ်လန့်ဖို့ကောင်းတဲ့အခြေအနေကို ဝတ္ထုရေးဆရာကြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Elie Wiesel က အခုလိုရေးထားပါတယ်။ Elie Wiesel က ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလာ ဂျူးတွေ အစုလိုက်အပြုံ လိုက်သတ်ခံရခြင်း Holocaust ကနေ အသက်မသေလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်တယ်။ Holocaust ထဲမှာ သူ့အဖေ၊ အမေ နဲ့ ညီမလေး သေသွားခဲ့ကြတယ်။ အဲဒီလိုဆိုးဝါးလွန်းတဲ့ဝေဒနာတွေရှိနေရခြင်းအတွက် ဘာ့ကြောင့်ဆိုပြီး အလွယ်တစ်ကူအဖြေတွေနဲ့ပြီးဆုံးမသွားစေဖို့ Elie ပြောခဲ့တယ်။ သူ့အမေ နဲ့ သူ့ညီမလေး တို့ ထည့်ပြီး အသတ်ခံရတဲ့ မီးဖိုအိမ်ကြီးထဲကနေ ကောင်းကင်ကိုတက်နေတဲ့ အနက်ရောင်မီးခိုးတွေကို သူ့…

ရင့်ကျက်သန်မာသူ

ဒီကနေ့အတွက်ရင့်ကျက်သန်မာသူဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။လူတိုင်းမှာ … အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ်…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၃၊ ၉၊ ၂၀၂၂

၁၃ စက်တင်ဘာ ၂၀၂၂   နာအိမ်လို့ခေါ်တဲ့မြို့လေးမှာ သူမရဲ့တစ်ဦးတည်းသောသားလေးကိုသဂြိုလ်ဖို့ သင်းချိုင်းကိုသွားနေတဲ့ ရင်ထဲနာကျဥ်မှုကို သူမကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှအပြည့်အဝခံစားနားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ နာအိမ်မြို့ကလူအမြောက်အများ စျာပနကိုလိုက်ပို့နေကြတယ်လို့ ရှင်လုကာကဆိုထားတယ်။ ဒါပေမဲ့လဲ သူမဘေးနားမှာ ဘယ်လောက်ပဲလူတွေအများကြီးရှိနေပါစေ လောကကြီးထဲမှာ သူမှတစ်ယောက်တည်း ဖြစ်နေသလိုဖြစ်တယ်။ နာအိမ်လို့ခေါ်တဲ့လှပတဲ့မြို့လေးမှာ သူမတစ်ခြားဘာကိုမှမမြင်နိုင်တော့ပါဘူး။ အုတ်ဂူနှစ်ခုကိုပဲ သူမမြင်တွေ့နေရတယ်။ တစ်ခုက သူမခင်ပွန်းရဲ့ဂူနဲ့ အခုသူမသားလေးရဲ့ဂူ။ ဒီလိုအဖြစ် ဆိုးတွေကြောင့် တစ်ခြားဘာကိုမှမမြင်နိုင်၊ မလုပ်နိုင် မကိုင်နိုင်ဖြစ်နေတော့ပဲ ရင်ထဲမှာ ဝမ်းနဲမှုတွေနဲ့ပဲ ပြည့်နှက်နေတဲ့အဖြစ်မျိုးက နာအိမ်မြို့ကမုဆိုးမတစ်ဦးတည်းရဲ့ဘဝမှာပဲဖြစ်တာလားဆိုရင် လူတိုင်းရဲ့ ဘဝမှာ ကြုံကြရတဲ့အရာဖြစ်တာကို ကျွန်တော်တို့သိကြပါတယ်။ စီတန်းလာနေတဲ့…