
ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) အာဒ်ဝင်တူးကာလဒုတိယ သောကြာနေ့ သြဝါဒ ၉၊ ၁၂၊ ၂၀၂၂

ဒီဇင်ဘာလ (၉) ရက်၊ သောကြာနေ့ ဒီယနေ့ကျမ်းစာကို ရှင်မာတေဦး ဧဝံဂေလိကျမ်း ၁၁း ၁၆-၁၉ ထိ ကောက်နုတ်ထားပါတယ်။ ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်ဘုရားက စိတ်ပျက် လက်လျော့ချင်ပုံရတယ်။ တရားဒေသနာတွေ အမျိုးမျိုးဟောပြောတယ်။ ဥပမာတွေ၊ သာဓကတွေနှင့်အတူ လက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကို သုံးပြီး လူတွေနားလည်အောင် အမျိုးမျိုး ရှင်း ပြပါ တယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ တုန့်ပြန်မှုက သွေးအေး ငြိမ်သက်လွန်းလှတယ်။ ကိုရင်ဘဝတုန်းက စာသင်ကျောင် းမှာ ကလေးတွေကို စာသင်ခဲ့ရဖူးတယ်။ လူမျိုးမတူ စကားမတူတော့…








