
ဖာသာရ် Rev. Fr. Augustine တင်မောင်ထွန်း (မန္တလေး) ၁၉ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၃၊ ၈၊ ၂၀၂၃

သာမန်ကာလ (၁၉)ကြိမ်မြောက်တနင်္ဂနေ့ရှင်မာတေဦး ၁၄း၂၂ – ၃၃ယေဇူးဘုရားရှင်ကို သင်က ဘယ်လောက်ယုံကြည်သလဲဆိုတာ နေ့တိုင်း စုံစမ်းခံနေရပါတယ်။ အလုပ်ပြုတ်တဲ့အခါ၊ကိုယ့်လုပ်ငန်း မအောင်မြင်တဲ့အခါ၊ ဖျားနာတဲ့အခါ ကျနော်တို့ အားငယ်ပြီး ဘုရားအပေါ် ယုံကြည်အားကိုးတဲ့စိတ်မရှိကြတော့ဘူး။ ယနေ့ ဖတ်ရတဲ့ ပထမကျမ်းစာမှာ ပရောဖက် ဧလိယက ထာဝရဘုရားသာလျှင် စစ်မှန်တဲ့ဘုရားဖြစ်ကြောင်းလူတွေကို သက်သေပြနိုင်တဲ့အခါ လူတွေက သူတို့အပေါ်မှာ မဟုတ်မမှန်တဲ့ နတ်ဘုရားနဲ့ လှည့်စားနေတဲ့ နတ်ဆရာတွေကိုသတ်လိုက်ကြတယ်။ ဒီအကြောင်းကို ကြားသိရတဲ့ မိဖရားကြီးက သူကိုးကွယ်နေတဲ့နတ်ဆရာတွေကို ပရောဖက်ဧလိယကသတ်ရမလားဆိုပြီး ပရောဖက်ဧလိယကို လိုက်သတ်ခိုင်းပါတယ်။ ဒါနဲ့ ပရောဖက်ဧလိယလည်း အသက်လုပြီးထွက်ပြေးရပါတော့တယ်။ပရောဖက်ဧလိယက…









