
ကက်သလစ်ရဟန်းတော်

ဒီကနေ့အတွက်ကက်သလစ်ရဟန်းတော်ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ “ရဟန်းသိက္ခာမင်္ဂလာ” ကို ဖန်ဆင်းပေးထားခဲ့ခြင်းဟာ လူသားတွေအတွက် ဘုရားရဲ့ အကြီးမားဆုံး ကျေးဇူးတော်တွေထဲက တစ်ခုပါပဲ။ “ကက်သလစ်ရဟန်းတော်” ဆိုတာ အားနည်းတတ်တဲ့ အပြစ်သား လူသားတွေအတွက် ပြန်ကုစားဖို့ အသက်သွေးကြောတစ်ခုဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ကက်သလစ်ရဟန်းတစ်ပါးဟာ ရဟန်းဝိနည်းတွေအတိုင်းနေထိုင်ကျင့်ကြံမယ်ဆိုရင် ဝိညာဉ်ရေးပိုင်း မှာရော၊ ပညာ၊ ဗဟုသုတအပြင်၊ ပါရမီပိုင်းတွေမှာပါ သာမန်လူဝတ်ကြောင်တွေထက် သာကိုသာနေရမှာ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူက ဝိညာဉ်ရေးရာနဲ့ပတ်သက်လာရင် ဆရာဝန်တစ်ယောက်ပဲလေ။ စိတ်ဒဏ်ရာရနေတဲ့သူတွေ၊ ဝန်လေးပြီးပင်ပန်းနေတဲ့သူတွေ၊ အပြစ်သည်တွေ၊ အားငယ်တတ်သူတွေ၊ ပစ်ပယ်ခံရသူတွေ၊ အသိမ်ငယ်ဆုံးသောသူတွေ၊ မတရားစွပ်စွဲခံရသူတွေ စသဖြင့်ပေါ့လေ၊…







