
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သခင်ယေဇူးမွေးနေ့ ဒီဇင်ဘာလ၂၅ရက်နေ့ သြဝါဒ ၂၅၊ ၁၂၊ ၂၀၂၂
Merry Christmas to you all သင်တို့အားလုံးပေါ်ခရစ္စမတ်ကာင်းကြီးများသို့ရောက်ပါစေ။ မြေကြီးပေါ်၌လည်း စိတ်ကောက်နှလုံးကောင်းရှိသူတို့ အားငြိမ်ချမ်းသာယာခြင်းပါစေ။ ယေဇူးဘုရားရှင်ကလူ့အဖြစ်နဲ့မွေးဖွားခံတယ်။ လူ့အဖြစ်နဲ့မွေးဖွားခင်ကတည်းက ယေဇူးဘုရားရှင်က ဘုရားသခင်ဖြစ်တော်မူပါတယ်။ ဒါကြောင့်ယေဇူးဘုရားရှင်ကဘဝမှာ တရားကျင့်လို့ဘုရားဖြစ် တာမဟုတ်ပါဘူး။ အစကတည်းကဘုရားဖြစ်ပြီးသားပါ။ လူတွေကိုဖန်ဆင်းတဲ့ဘုရားဖြစ်ပါတယ်။ ယေဇူးဘုရားက ခုလိုလူအဖြစ်နဲ့မွေးဖွားခံတာက လူတွေကိုအပြစ်မှကယ်တင်ဖိုအတိုချုပ်ပြောကြပါတယ်။ ဒီထက်ရှင်းအောင်ပြောရ မယ်ဆိုရင်လူတွေကိုထောက်ဝရအသက်ရစေဖို့၊ ဘုရားကလူအဖြစ်နဲ့မွေးဖွားခံခဲတာပါ။ အဲဒီအခါယေဇူးဘုရားရှင် ကိုလူ့အဖြစ်နဲကျနော်တို့အလယ်မှတွေ့မြင်ရတော့သူ့နေပုံထိုင်ပုံတွေကိုမြင်တွေ့ရတော့ကျင့်ကြံရတယ်အတုယူရတယ်။ သူဟောပြောတဲ့တရားတွေကိုကြားရပြီးတော့ အဲဒီတရားတော်အတိုင်းကျင့်ကြံနိုင်ကြတယ်။ ဒါမှတဆင့်လူသားတွေ ဟာ ဘဝမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာသိလားကြပြီ ဘယ်လိုချစ်ရမလဲဆိုတာလည်းသိလာကြာပြီ။ ဘယ်လို ကောင်းရမလဲဆိုတာလဲကြားပြီးဘယ်လိုရှင်းသန်စင်ကြယ်ရမလဲဆိုတာသိလာကြပြီ။ ဒါမှသာခုနကပြောခဲ့တဲ့အတိုင်း လူတွေဟာထာဝရအသက်ရနိုင်တော့မယ်။ ကျေကျေနပ်နပ်ကြည့်ကြည့်နူးနူးအသက်ရှင်နိုင်တော့မယ်။ ဂုဏ်သိက်ခါရှိ တဲ့လူတွေဖြစ်လာနိုင်။ ကမ္ဘာပေါ်မှာလူအများဟာ…







