
နိုင်ဂျီးရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုဆက်လက်မြင့်တက်နေဆဲ

နိုင်ဂျီးရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုဆက်လက်မြင့်တက်နေဆဲ Aid to Church in Need (ACN) ဟုခေါ်သော ကက်သလစ်သာသနာတော်ကြီး ၏ကရုဏာရေးလုပ်ငန်းအဖွဲ့မှနို၀င်ဘာ (၁၄) ရက်နေ့ကထုတ်ပြန်သည့်အစီရင်ခံစာ၌ ကက်သလစ်ဘုန်းတော်ကြီးများအားပြန်ပေးဆွဲသည့်ရာဇ၀တ်မှုသည် ယခုနှစ်စမှစ၍နိုင်ဂျီးရီးယားနိုင်ငံ၌ဆက်လက်မြင့်တက် နေဖော်ပြထားသည်။ အစီရင်ခံစာအရာ နို၀င်ဘာ (၁၃) ရက်နေ့အထိ ပြန်ပေးဆွဲခံရသော ကက်သလစ်ဘုန်း တော်ကြီး၊ သီလရှင်များ၊ ရဟန်းလောင်းကိုရင်စုစုပေါင်း (၂၃) ဦးရှိခဲ့ရာမှ (၂၂) ဦးမှာပြန်လည်လွတ်မြောက်လာခဲ့သည်။ တစ်ဦးမှာထိန်းသိမ်းထားစဉ်ကွပ်မျက်ခံခဲ့ရသည်။ ထို့ကြောင့် နိုင်ငံဂျီးရီးယားနိုင်ငံအတွင်း ကက် သလစ်သာသနာ၏အမှုထမ်းများအားပြန်ပေးဆွဲခြင်းသည် အကြီးမားဆုံးသောခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်သည်။ အစီရင်ခံစာအရ (ဇန္န၀ါရီလ ၂၀၂၃) ခုနှစ် Ekiti…









