
ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၉၊ ၃၊ ၂၀၂၃

ဝါတွင်းကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ မတ်လ၂၉. ၂၀၂၃ (ရှင်ယောဟန် ၈း၃၁-၄၂) ဓမ္မမိတ်ဆွေတို့ ဒီကနေ့ရှင်ယောဟန်ရဲ့ကျမ်းစာက ဝါတွင်းကာလမှာ သတိပေးနေတယ်။ ငါ၌တည်နေသူတွေဟာငါရဲ့စစ်မှန်သော နောက်လိုက်တွေဖြစ်တယ်။ သူတို့တွေဟာ သမ္မာတရား အမှန်တရားကို တွေ့ရှိကြမယ် အဲ့ဒီအမှန်တရားက ထိုသူတို့ကို လွတ် မြောက်စေမယ်တဲ့။ သခင်ခရစ်တော်၌တည်နေခြင်းဆိုတာဘာလဲးသူရဲ့တရားတော်တွေမှာ လိုက်ကျင့်သူ၊ အသက်ရှင်နေထိုင်သူ ၊ သူတရားက ဘာတွေလဲး ချစ်ခြင်းမေတ္တာတရား၊ ခွင့်လွှတ်ခြင်းတရား သည်းခံခြင်းတရား နှိမ့်ချခြင်းတရား၊ ကိုယ် ခြင်းစာခြင်း တရား၊ အနစ်နာခံခြင်းတရား အဲ့ဒီတရားဓမ္မတွေမှာ အသက်ရှင်နေသူတွေဟာ စစ်မှန်တဲ့ ခရစ်တော်နောက်လိုက်တွေဖြစ်တယ်။ အဲ့တရားတွေမှာ နေထိုင်ရှင်သန်သူတွေဟာ သမ္မာတရား အမှန်တရားဖြစ်တဲ့ဘုရားရှင်ကို တွေ့မြင်ကြရမယ်၊ ဘုရားကိုတွေ့ရှိသူ…







