
ကြီးပြင်းတဲ့ပတ်ဝန်းကျင်
ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင် ဖြတ်သန်းဖူးတဲ့ ဘဝတွေမတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့ အကြည့်တွေလည်း ခြားနားခဲ့တယ်။ စိတ်ပညာရှင်တစ်ဦးက (၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ #Tom က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊ ဆင်းရဲသားမိသားစုကလာတဲ့ ကလေးဖြစ်တယ်။ #Andy က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့ တစ်ဦးတည်းသောသားဖြစ်တယ်။ ပညာရှင်က ကလေးနှစ်ယောက်ကိုခေါ်ပြီး ပန်းချီကားတစ်ချပ်ပြခဲ့တယ်။ ပန်းချီကားက ယုန်ကလေးတစ်ကောင်က ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။ စားပွဲဘေးမှာ မျက်နှာထားတင်းတဲ့ယုန်မေမေရပ်နေတယ်။ စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို ပန်းချီကားရဲ့အဓိပ္ပာယ်မေးခဲ့တယ်။ ပန်းချီကားကိုကြည့်ပြီး Tom က “ယုန်ကလေးငိုနေတာက…









