rvamyanmar

rvamyanmar

အီစ္စရေး-ဟားမာစ်ပဋိပက္ခချက်ချင်းချုပ်ငြိမ်းရေးတောင်းဆိုဆန္ဒပြသူ (၃၀၀) ကျော်ရဲတို့၏ဖမ်းဆီးခံရ

အီစ္စရေး-ဟားမာစ်ပဋိပက္ခချက်ချင်းချုပ်ငြိမ်းရေးတောင်းဆိုဆန္ဒပြသူ (၃၀၀) ကျော်ရဲတို့၏ဖမ်းဆီးခံရ ပါလက်စတိုင်းကိုအားပေးထောက်ခံသူ လူရာကျော်သည် ၀ါရှင်တန်ဒီစီမြို့တော်ခန်းမရှေ့၌အီစ္စရေးနှင့်ဟားမာစ်ကြားဖြစ်ပွားနေသော ပဋိပက္ခများချက်ချင်းရပ်တန့်ရေး ဆန္ဒပြခဲ့ကြသည်။ မြို့တော်ရဲများ၏အဆိုအရ ဆန္ဒပြသူ (၃၀၀) ကျော်အားဖမ်းဆီးထားသည်ဟု ဆိုပါသည်။ ဖမ်းဆီးရခြင်းမှာ ကွန်ဂရက်စ်၀င်းအတွင်း၌ဆန္ဒပြခွင့်မရှိသည်ကိုပိုင်နက်ကျော်လွန်၍ဆန္ဒပြခဲ့သောကြောင့်ဖြစ်ကြောင်းရဲများကရှင်းပြပါသည်။ ၄င်းတို့အားသတိပေးသည့်အမှတ်အသားကိုပြသခဲ့သော်လည်း အရေးမလုပ်၍ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံများသည် ဆန္ဒပြနေစဉ်၌ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့အနက် (၃) ခန့်မှာရဲအားပြန်လည်တိုက်ခိုက်သည့်အမှုဖြင့်စွပ်စွဲခံထားရသည်။ ယခုဖမ်းဆီးခံများသည် တရား၀င်ခွင့်ချက်မရှိသောနေရာ၌ လူစုလူ‌ေ၀းပြုလုပ်ခဲ့သည့်အမှုဖြင့်တ ရားရင်ဆိုင်ရမည်ဖြစ်သည်။ ဆန္ဒပြနေသောလူအုပ်ကြီးက ‘Ceasefire Now’ (စစ်ပွဲကို ချက်ချင်းရပ်) ဟုအော်ဟစ်တောင်းဆိုခဲ့ကြသည်။ ကွန်ဂရက်စ်အမတ်များအားလည်း အီစ္စရေးနှင့်ဟားမာစ်ကြားဖြစ်ပွားနေသောစစ်ကိုချက်ချင်းရပ်တန့်စေရန် တိုက်တွန်းပေးရန်တောင်းဆိုချက်များကိုဗွီဒီယိုရိုက်ယူ ထားသည့်မှတ်တမ်းမှသိရသည်။ ဆန္ဒထုတ်ဖော်ကြသူများသည် အကျီအနက်ရောင်ကို၀တ်ဆင်ထားပြီး နောက်ကျော၌ ‘စစ်ပွဲကိုချက်ချင်းရပ်’…

နိုင်ဂျီးရီးယားမြောက်ပိုင်း၌ သာသနာနယ်သစ်တစ်ခုကိုဖွင့်လှစ်

နိုင်ဂျီးရီးယားမြောက်ပိုင်း၌ သာသနာနယ်သစ်တစ်ခုကိုဖွင့်လှစ် ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု များမြင့်တက်နေသော နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသ၌ ဂိုဏ်းအုပ်သာသနာသစ်တစ်ခုကိုတည်ထောင် ခဲ့သည်။ ယခုကဲ့သို့ သာသနာနယ်အသစ်တည်ထောင်ခြင်းအတွက် ဒေသခံများကလှိုက်လှဲ၀မ်းသာစွာကြိုဆိုကြသည်။ ထိုသာသနာကို Katsina ဂိုဏ်းအုပ်သာသနာဟုခေါ်သည်။ ဤသာသနာနယ်သည် ယခုကဲ့သို့သာ သနာသစ်မတည်ထောင်သေးစဉ်က Sokoto ဂိုဏ်းအုပ်သာသနာနယ်ထဲ၌ရှိခဲ့ပြီး Kaduna ဂိုဏ်းချုပ်သာသ နာ၏လက်အောက်၌ရှိသည်။ အောက်တိုဘာ (၁၆) ရက်နေ့က သာသနာပိုင်ဆရာတော်အဖြစ် ဖာသာရ် Gerald Mamman Musa အားပထမဦးဆုံးသာသနာပိုင်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ သူသည် အာဖရိကယဉ်ကျေးမှုလေ့လာရေးဌာန၌စာချပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ အာဖရိကအနောက်ဖက်မှကက်သလစ်အသင်းအဖွဲ့များချိပ်ဆက်မှုရှိရန်ဆက်သွယ်ပေးသောအမှုတော်ကိုထမ်းဆောင်နေသူဖြစ်သည်။ ယခုသာသနာအသစ်ကြောင့် Kaduna ဂိုဏ်းချုပ်၏လက်အောက်၌ ဂိုဏ်းအုပ်သာသနာ (၇)…

ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၃၄) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၂၊ ၁၁၊ ၂၀၂၂

ဓမ္မိတ်ဆွေတို့ ဒီကနေ့ကြာနာရတဲ့ ရှင်လုကာ ဧဝံဂေလိကျမ်းမှာ လူတွေက ဂျေရူဇလင်ဗိမာန်တော်ကြီး လှပကြောင်းကိုပြော ဆိုနေကြတယ်။ သို့သော်လည်း အရာရာကိုသိမြင်တော်မူသော သခင်ခရစ်‌‌တော်ဘုရားက ဒီဗိမာန်တော်ရဲ့  ကျောက်တုံ းတွေဟာ တတုံးပေါ်တတုံး မတင်ကျန်ရစ်ရလေအောင် ဖြိုချ ဖြက်စီးချင်းကိုခံရလိမ့်မယ်။ သခင်ခရစ်တော်ရဲ့ နောက် လိုက်တပည်များက ဆရာသခင် ထိုအရာများဘယ်တော့ဖြစ်ပျက်မည်နည်း။ ထိုအရများမတိုင်မီ မည်ကဲ့သို့သောနမိတ် လက္ခဏာများပေါ်ပေါက်လာမည်နည် စသည့်မေးခွန်းများကိုမေးခဲ့ကြတာကိုကျွန်တော်တို့အကြးနာခဲ့ရတယ်။လှည့်ဖြားခြင်းမခံရအောင်သတိရှိစွာနေကြသော၊ ငါသည်ထိုသူပင်ဖြစ်သည်ဟုဆိုကာ ငါ၏နားမ၌များစွာလာကြလိမ့်မည်။  အချိန်ကျရောက်ခါနီးပြီ၊ ထိုသူတို့နောက်သို့လိုက်မသွားကြလေနှင့်။ ဒီကနေ့ကြးနာခဲ့ရတဲ့ကျမ်းစာက ဂျေရူဇလင် ဗိမာန် တော် အကြောင်းကိုပြောနေသော်လည်း။ တစ်ခြားတစ်ဖက်ကနေ ပြန်လည် ထောက်ရှု့ကြည့်မယ်ဆိုလျှင် ကျနော်တို့ရဲ့ ခန္ဒာနာကိုယ်ကြီးဟာလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားကြိမ်းအောင်းရာ၊ ဘုရားရှင်၏မေတ္တာတော်များ၊ ကျေးဇူ းတော်များ၊…

ဆယ်ကျော်သက် သားသမီးလေးတွေ မရိုမသေဆက်ဆံပုံတွေကနေ သိတတ် ရိုသေတတ်လာအောင် ဘယ်လိုသွန်သင်ပေးရင် ကောင်းမလဲ

Coachဒီနေ့မှာ မိဘတွေက ဆယ်ကျော်သက် သားသမီးလေးတွေ မရိုမသေဆက်ဆံပုံတွေကနေ သိတတ်နားလည်ရိုသေတတ်လာအောင် ဘယ်လိုသွန်သင်ပေးရင် ကောင်းမလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ဆယ်ကျော်သက် သားသမီးတွေရှိတဲ့ မိဘတိုင်း ဘယ်လိုဆက်ဆံပြောဆိုရမယ်ဆိုတာ မိဘ တွေကို အင်မတန်မှ စိတ်ရှုပ်ထွေးစေပါတယ်။မိဘက ဒါလေးလုပ်ပေးပါအုံးဆိုရင်လည်း ဘာမှပြန်မပြောပေမယ့် မျက်လုံးကလည်ပြီး ပြန်ကြည့်နေတတ်တယ်။ မိဘနဲ့ ဒီသားသမီး နေ့စဉ်နေ့တိုင်း ရန်ပွဲတစ်ခုလိုပဲ ဆင်နွှဲရတယ်။ တခါတလေ သူတို့ရဲ့ အသံကျယ်ကျယ်နဲ့ မဆင်မခြင်ပြောတာကိုလည်း ခံနေရတယ်။မိဘအနေနဲ့ပြန်စဉ်းစားကြည့်တယ် နေ့စဉ် ဒီလိုပဲ ဖြစ်နေမှာလား။ ပထမဆုံးမိဘအနေနဲ့ သိနေရမှာက ဒီ disrespect မရိုမသေပြုမူတာက ဘယ်ကနေ ရောက်လာလို့…