
ဖိလစ်ပိုင်၌မှုးယစ်မှုဖြင့်စွပ်စွဲသတ်ဖြတ်ခံရသူများအောက်မေ့ဖွယ်သချိုင်းနေရာဖွင့်လှစ်

ဖိလစ်ပိုင်၌မှုးယစ်မှုဖြင့်စွပ်စွဲသတ်ဖြတ်ခံရသူများအောက်မေ့ဖွယ်သချိုင်းနေရာဖွင့်လှစ် ဖိလစ်ပိုင်စကားဖြင့် ‘Dambana ng Paghilom’ (the Shrine of Healing – ကုသရန်နေရာ) ဟုအမည်ပေးထားသော အောက်မေ့ဖွယ်နေရာတစ်ခုကို ဖာသာရ် Flaviano Villanueva နှင့်အတူ ဖိလစ်ပိုင်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သော Caloocan သာသနာပိုင်ဆရာတော် Pablo Virgilio David တို့ခြံရံလျှက် မကြာမီကဖွင့်လှစ်ခဲ့ပါသည်။ ဤအောက်မေ့ဖွယ်ရာနေ ရာသည် အစိုးရ၏စနစ်တကျလူသတ်မှုကိုကျူးလွန်ခဲ့သည့်ပြစ်မှုကိုပြန်လည်အမှတ်ရစေရန်နေရအဖြစ်တည်ရှိသွားပြီး စနစ်ဆိုးကြောင့်ဤအဖြစ်ဆိုးမျိုးနောက်နောင်ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်ခွင့်အခြေအနေမပေါ် ပေါက်စေရန်လည်းဖြစ်ကြောင်း ဖာသာရ် Flaviano Villanueva အခမ်းအနား၌ပြောကြားခဲ့သည်။ ဆရာတော်မှလည်း အောက်မေ့ဖွယ်ရာသည် သူရဲကောင်းများကိုသာဂုဏ်ပြုခြင်းမဟုတ်၊ ကျွန်ုပ်တို့အားလည်း…








