rvamyanmar

rvamyanmar

ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် သောကြာနေ့ သြဝါဒ ၃၁၊ ၃၊ ၂၀၂၃

31 March 2023  ဓမ္မမိတ်ဆွေတို့ ယုံကြည်သူ ကက်သလစ်ခရစ်ယာန်တွေအတွက် ဝါတွင်းကာလာ အဓိကရက်ပိုင်းတွေကိုရောက်လာခဲ့ပြီ ကျွန်တော်တို့ဘယ်လောက်အထိပြင်ဆင်ခဲ့ကြပြီလဲ။ ဒီရက်ပိုင်းတွေမှာကြားနာခဲ့ရတဲ့ကျမ်းချက်တွေမှာ သခင်ယေဇူးနဲ့ကျမ်း တတ်ဆရာတွေကြား နားလည်မူ့လွဲးမှားတဲ့အချင်းအရာတွေ၊ သခင်ခရစ်တော်ရဲ့ဟောပြောချက်တွေကိူ လက်မခံနိုင်မှု့တွေဟာ ဇာတ်ရှိမ်မြင်လာနေတာကိုနေစဉ်ကြားနာခဲ့ရတယ်။ သူတို့လက်မခံနိုင်တာကသခင်ခရစ်တော်ဟာမက်ဆီးယားသခင်ဖြစ်တယ်။ ဘုရားရဲ့သားတော်ဖြစ်တယ်ဆိုတာ ကို အကြိမ်ကြိမ်သခင်ခရစ်တော်ရှင်းပြခဲ့ပေမဲ့ ဒီလူတွေနားမလည်ခဲ့ကြလက်မခံနိုင်ခဲ့ကြဘူး။သခင်ခရစ်တော်သက်သေပြခဲ့တာလေးတွေ ပြန်ထောက်ရှုကြည့်ရအောင်၊ အကြီးဆုံးပရောဖက်လိုဂျူးလူမျိုးတွေလက်ခံခဲ့ကြတဲ့ ယောဟန်ဗတ္တစ်တား က ဘုရား၏သိုးငယ်တော်ကိုကြည့်ကြ ၊သူရဲးလမ်းတော်ကိုပြင်ဆင်ဖို့ငါဟာ စေလွတ်ခညင်းခံရသူဖြစ်တယ်။ လိုသက်သေခံခဲ့တယ်၊ ဒါပေမဲ့ ဂျူးတွေခရစ်တော်ကို လက်မခံခဲ့ကြဘူး။ နောက်တခါ သခင်ခရစ်တော်ကိုတိုင်ပြသခဲ့တဲ့ တခိုး လက္ခဏာတွေ၊ မျက်စိမမြင်သူ၊ နားမကြားသူ၊ ရောဂါဝေဒနာခံစားနေရသူ၊ နောက်ဆုံး သင်းချိုင်လေးရက်ကြာမြုပ်ထားပြီးသာ ဖြစ်တဲ့လာဇရူးကိူ ရှင်ပြစေခဲ့တယ်။…

ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် ကြာသပတေးနေ့ သြဝါဒ ၃၀၊ ၃၊ ၂၀၂၃

30 March 2023 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန်ဧဝံဂေလိကျောင်းစာမှာ သခင်ခရစ်တော်က ငါ၏စကားကိုလိုက်နာကျင့် ဆောင်သောသူတို့သည်သေခြင်းကိုမတွေ့ရ။ ဒီကျမ်းပိုက်ကလေးကိုကျနော်နဲ့အတူထောက်ရှု့ကြည့်ကြပါဆို။သခင်ခရစ်တော်ရဲ့ နှုတ်တော်ထွက်တရားတော်တွေမှာ တည်နေခြင်း၊ လိုက်ကျင့်သူ၊ အသက်ရှင်နေထိုင်သူ တွေသေခြင်းကိုမတွေ့ရတဲ့၊ ဘာလို့လည်း  ကျွန်တော်တို့ဘယ်လို နားလည်ကြလည်းသေခြင်း နှစ်မျိုးနဲ့ ခရစ်တော်တရားကို ထောက်ရှုကြည့်ရအောင်လောကမှာ အသက် ရှင်လျှက်သေနေခြင်း၊ လောကအသက်တာ သေခြင်း ပြီးတော့ ထာဝရအသက်တာပါသေခြင်းလောက မှာ ရှင်လျှက်သေနေသူတွေ ကို တွေ့ဖူးကြမှာ ကိုယ်ရဲ့ မတော်လောဘစိတ်၊ တဏှာရာဂစိတ်၊ လိုခြင်တပ်မက်ကြီးတဲ့စိတ်၊ မနာလို မုန်းထားတဲ့စိတ်၊ မာန်မာန ထောင်လွှားတဲ့စိတ်တွေက လူ့လောကမှ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲးတဲ့အတွက် အသိုင်းဝန်းနဲ့တရား‌ဥပဒေတွေက သူတို့ကို…

လူမှုဆက်ဆံရေးမှာ အဆင့်မြင့်စွာပြုမူတတ်တဲ့ စုံတွဲနဲ့ အဆင့်နိမ့်စွာပြုမူတတ်တဲ့ စုံတွဲတွေရဲ့ကွာခြားချက်

Difference             ဒီနေ့မှာ relationship တစ်ခုကို တည်ထောင်ကြတဲ့ လက်တွဲဖော်တွေရဲ့ အတွေးအခေါ်နဲ့ လူမှုရေးပေါင်းသင်းဆက်ဆံရေးတို့မှာ အဆင့်မြင့်စွာ ပြုမူတတ်တဲ့ စုံတွဲနဲ့ အဆင့်နိမ့်စွာ ပြုမူတတ်တဲ့ စုံတွဲတွေရဲ့ ကွာခြားချက်တွေကို ဖတ်ဖူးထားတဲ့ စာပေတွေ့ ကျွန်မပတ်ဝန်းကျင်မှာ တွေ့ရတဲ့ အဖြစ်တွေနဲ့ ပေါင်းပြီးဝေငှ ပြောပြပေးသွားချင်ပါတယ်။             သောတရှင်တို့ရဲ့ ပတ်ဝန်းကျင်မှာကော ကျွန်မတို့တတွေဖြတ်သန်းနေရတဲ့ လူမှုဝန်းကျင်မှာ ဘယ်သူတွေ့တော့ဖြင့် အားကျစဖွယ် အောင်မြင်သွားတဲ့ စုံတွဲတွေရှိသလို ပျက်စီးယုံယွင်းသွားတဲ့ စုံတွဲတွေကို တွေ့နေရပါတယ်။             သုတေသနပြုပြီး ရေးသားထားတဲ့ စာအုပ်တွေ့မှာ –…

ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၉၊ ၃၊ ၂၀၂၃

ဝါတွင်းကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ မတ်လ၂၉. ၂၀၂၃ (ရှင်ယောဟန် ၈း၃၁-၄၂) ဓမ္မမိတ်ဆွေတို့ ဒီကနေ့ရှင်ယောဟန်ရဲ့ကျမ်းစာက ဝါတွင်းကာလမှာ သတိပေးနေတယ်။ ငါ၌တည်နေသူတွေဟာငါရဲ့စစ်မှန်သော နောက်လိုက်တွေဖြစ်တယ်။ သူတို့တွေဟာ သမ္မာတရား အမှန်တရားကို တွေ့ရှိကြမယ် အဲ့ဒီအမှန်တရားက ထိုသူတို့ကို လွတ် မြောက်စေမယ်တဲ့။ သခင်ခရစ်တော်၌တည်နေခြင်းဆိုတာဘာလဲးသူရဲ့တရားတော်တွေမှာ လိုက်ကျင့်သူ၊ အသက်ရှင်နေထိုင်သူ ၊ သူတရားက ဘာတွေလဲး ချစ်ခြင်းမေတ္တာတရား၊ ခွင့်လွှတ်ခြင်းတရား သည်းခံခြင်းတရား နှိမ့်ချခြင်းတရား၊ ကိုယ် ခြင်းစာခြင်း တရား၊ အနစ်နာခံခြင်းတရား အဲ့ဒီတရားဓမ္မတွေမှာ အသက်ရှင်နေသူတွေဟာ စစ်မှန်တဲ့ ခရစ်တော်နောက်လိုက်တွေဖြစ်တယ်။ အဲ့တရားတွေမှာ နေထိုင်ရှင်သန်သူတွေဟာ သမ္မာတရား အမှန်တရားဖြစ်တဲ့ဘုရားရှင်ကို တွေ့မြင်ကြရမယ်၊ ဘုရားကိုတွေ့ရှိသူ…