rvamyanmar

rvamyanmar

တရုတ်ပြည်မမှကက်သလစ်ဆရာတော်နှစ်ပါး ‘ဆီးနော့’ တက်ရောက်မည်။

တရုတ်ပြည်မမှကက်သလစ်ဆရာတော်နှစ်ပါး ‘ဆီးနော့’ တက်ရောက်မည်။ တရုတ်ပြည်မမှကက်သလစ်ဆရာတော်နှစ်ပါးမကြာမီကျင်းပမည့် ဆီးနော့သို့တက်ရောက်မည်ဖြစ်သည်။ အဆိုပါဆရာတော်နှစ်ပါးသည် ဆီးနော့၌ပါ၀င်ကြမည့်ကိုယ်စား လှယ် (၄၆၀) ဦးစာရင်းတွင်ပါ၀င်မည်ဖြစ်သည်။ ဆီးနော့သည် အောက်တိုဘာ (၄-၂၉) အထိကျင်းပမည်ဖြစ်သည်။ ဆီးနော့သည် တစ်လတာမျှကြာမည်ဖြစ်၍ တရုတ်ပြည်မမှဆရာတော်များအနေဖြင့် ဆီးနော့ပြီးဆုံးသည်အထိပါ၀င်သွားမည်၊ မပါ၀င်မည်ကိုမူပြောကြားထားခြင်းမရှိပေ။ လွန်ခဲ့သော (၂၀၁၈) ဆီးနော့ကျင်းပစဉ်ကကဲ့သို့ပင်ဖြစ်ပါသည်။ ထိုနှစ်က အဆိုပါဆီး‌နော့သို့ပါ၀င်သက်ရောက်ခဲ့မှုသည်သမိုင်းတွင်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်ပင်လျှင် ထိုမြင် ကွင်းကြောင့် မစ္ဆားအစ၌စိတ်လှုပ်ရှားသွားခဲ့သေးသည်။ ဆီးနော့ဖြစ်မြောက်ရေးကော်မတီ၏ထုတ်ပြန်ချက်အရ ဆီးနော့မှဆုံးဖြတ်ချက်အပေါ်အတည်ပြုမဲများထည့်ရာတွင် ရဟန်းမင်း ကြီးမပါပါက မဲပေးခွင့်ရှိသူဦးရေ (၃၆၄) ဦးရှိပြီး ၄င်းတို့အနက် အမျိုးသမီး (၅၄) ဦးပါ၀င်သည်။ အထူးဧည့်သည်တော်များလည်း…

ရဟန်းမင်းကြီးကြွရောက်သည့်ပြင်သစ်နိုင်ငံ၏မြို့ရှိသမိုင်း၀င်ဘုရားကျောင်းများ

ရဟန်းမင်းကြီးကြွရောက်သည့်ပြင်သစ်နိုင်ငံ၏မြို့ရှိသမိုင်း၀င်ဘုရားကျောင်းများ ရဟန်းမင်းကြီးဖရန်စစ်သည် ပြင်သစ်နိုင်ငံ၏အထင်အရမြို့တစ်ဖြစ်သည့် Marseille သို့ တမန် တော်ခရီး၌ ဘုရားကျောင်းများသို့ လည်း ကြွရောက်လည့်ပတ်ခဲ့ပြီဖြစ်သည်။ ဤမြို့သည် သ​ေင်္ဘာဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။ ဤမြို့၌တည်ဆေက်ထားသောဘုရားကျောင်းများသည် ဗိသုကာလက်ရာပြောင်မြောက်လှသည်။ ဂေါသစ် (Gothic) နှင့် ဘိုင်ဇန်တိုင်း (Byzantine) စတိုင်တည်ဆောက်ထားသည်။ ဆရာတော်ကျောင်းထိုင်သော Sainte Marie Majeure ကယ်သီဒရယ်သည် လွန်စွာလက်ရာမြောက်လှပါသည်။ အဆိုပါကယ်သီဒရယ်ကို La Major ဟုလည်းခေါ်လေ့ရှိသည်။ မြို့၏အထင်ကရာအမှတ်တညတစ်ခုလည်းဖြစ်သည်။ မြို့၏ဂုဏ်ဆောင်ဘုရားကျောင်းလည်းဖြစ်သည်။ (၁၉) ရာစုကတည်ဆောက်ခဲ့သောဘုရာကျောင်းဖြစ်သည်။ ပြင်သစ်နိုင်ငံအတွင်းအလွန်ကြီးမားသောဘုရားကျောင်းများအနက်တစ်ကျောင်းဖြစ်သည်။ ဤဘုရားကျောင်းကို Byzantine (ဘိုင်ဇန်တိုင်း) ပုံစံတည်ဆောက်ထားသည်။ Myre…

ကမ္ဘာ့ဘော်လုံးချန်ပီယံ ရော်နာဒို နာ့ဇ်ရီးယို အသက် ၄၆ နှစ်တွင် ဆေးကြောခြင်းခံယူ

ကမ္ဘာ့ဘော်လုံးချန်ပီယံ ရော်နာဒို နာ့ဇ်ရီးယို အသက် ၄၆ နှစ်တွင် ဆေးကြောခြင်းခံယူ Ronaldo Nazrio သည် သူ၏ အသက် ၄၆ နှစ်တွင် ဆေးကြောခြင်းခံယူခဲ့သည်။ သူသည် ယခုတစ်ကြိမ်မှသာ ဘာသာရေး ပုံရိပ်များအကြောင်း ပိုစ့်တင်ခဲ့ခြင်း မဟုတ်ပါ။ (၂၀၁၆) ဗာတီကန်သို့သွားရောက်လည်ပတ်စဉ်ကလည်း ရဟန်းမင်းကြီးဖရန်စစ်၏ ဗုဒ္ဓဟူးနေ့တိုင်း စိန့်ပီတာရင်ပြင်၌ ဘုရားဖူးများနှင့်တွေ့ဆုံဆုတောင်းသောအခမ်း အနား၌လည်းပါ၀င်ခဲ့သည့်ပုံရိပ်များကိုလည်းတင်ခဲ့ဖူးသည်။ ယခင်နှစ် (၂၀၂၂) က Camino de Santiago (ဆန်တီယေဂိုသို့လမ်းလျှောက်ခြင်း) လှုပ်ရှား မှု၌သူကိုယ်တိုင်ပါ၀င်ခဲ့သည်။ သူ့အားဆေးကြောခြင်းစက္ကရာမင်တူးပေးသောဘုန်းတော်ကြီးမှာ ဖာသာရ် Fabio…

စိန့်ပီတာကလဲဗားသည် လူပေါင်း (၃၀၀၀၀၀) ကိုအဘယ်သို့ပြောင်းလဲနိုင်ခဲ့သနည်း>

ဧ၀ံဂေလိတရားတော်နှင့်ထပ်တူကျသောသာသနာပြုနည်း (သို့) စိန့်ပီတာကလဲဗားသည် လူပေါင်း (၃၀၀၀၀၀) ကိုအဘယ်သို့ပြောင်းလဲနိုင်ခဲ့သနည်း> အမိသာသနာတော်ကြီးသည် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့၌ စိန့်ပီတာကလဲဗား၏ပွဲနေ့ကိုအမှတ်ရကျင်းပလေ့ရှိသည်။ ဤရဟန္တာသည် အလွန်ထူးခြားသူဖြစ်သည်။ သူသည် လူပေါင်း (၃) သိန်းကိုပြောင်းလဲနိုင်ခဲ့သူဖြစ်သည်။ ဤသို့ပြုလုပ်ရာ၌ အတင်း အဓမ္မဖက်ခြင်း၊ မက်လုံးပေးသိမ်းသွင်းခြင်းမျိုးကိုလုံး၀မပြုလုပ်ခဲ့။ မကျင့်သုံးခဲ့။ တစ်ဦးစီအားဂရုစိုက်ပြုစုပျိုးထောင်သည့်နည်းကိုသာအသုံးပြုခဲ့သည်။ စိန့်ပီတာကလဲဗားသည် (၁၇) ရာစုက ဂျက်ဆွီစ်အသင်း၀င်ရဟန်းတစ်ပါးဖြစ်ပြီး စပိန်နိုင်ငံမှဖြစ် သည်။ သူ၏ဘ၀တူညီအစ်ကိုရဟန်းတစ်ပါးဖြစ်သော စိန့် Alphonsus Rodriguez ၏အားပေးမှုဖြင့်စပိန် ၏ကိုလိုနီနယ်၌သာသနာပြုရန်စွန့်စားခဲ့သည်။ ထိုနေရာသို့ရောက်ရှိသွားပြီးနောက် ဖြစ်ပျက်နေမှုကိုကိုယ်တိုင်မြင်တွေ့ကြုံကြိုက်လိုက်ရသောအခါ သူလွန်စွာထိတ်လန့်စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော်…

အိုင်ယာလန်နိုင်ငံ၌ စက်တင်ဘာ (၁၄ မှ ၁၆) အထိ ‘ကားတိုင်လမ်းလျှောက်’ လှုပ်ရှားမှုပြုလုပ်

အိုင်ယာလန်နိုင်ငံ၌ စက်တင်ဘာ (၁၄ မှ ၁၆) အထိ ‘ကားတိုင်လမ်းလျှောက်’ လှုပ်ရှားမှုပြုလုပ် အိုင်ယာလန်နိုင်ငံမှကက်သလစ်ဘာသာတူများသည် ‘The Walk the Cross’ (ကားတိုင်လမ်း လျှောက်) သည့်လှုပ်ရှားမှုကို စက်တင်ဘာ (၁၄ မှ ၁၆) ရက်နေ့အထိပြုလုပ်ကြသည်။ ဤလမ်း လျှောက်လှုပ်ရှားမှု၌ စိတ်အားထက်သန်သောဘာသာတူများသည် မိမိတို့နှင့်အတူ ခရီးတစ်လျှောက်၌ သစ် သားလက်၀ါးကပ်တိုင်ကိုထမ်းကြသည်။ လှုပ်ရှားမှု၏ရည်ရွယ်ချက်မှာ ဆုတောင်း၊ နောင်တတရားယူခြင်းနှင့်ဧ၀ံဂေလိတရားပြန့်ပွားခြင်းသည်အရေးကြီးကြောင်းသိရှိစေရန်ဖြစ်သည်။ ဤလှုပ်ရှားမှုကြီးကျင်းပသည့် မိုင်အရှည်မှာ (၃၃) မိုင်ခရီးဖြစ်ပြီး အပိုင်း (၄) ပိုင်းပိုင်းထားသည်။ ၄င်းတို့မှာ အိုင်ယာလန်အရှေ့၊…

လာမည့်အထွေထွေရွေးကောက်ပွဲနှင့်စပ်လျင်း၍ နိုင်ဂျီးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏စိုးရိမ်မကင်သောထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခဲ့

လာမည့်အထွေထွေရွေးကောက်ပွဲနှင့်စပ်လျင်း၍ နိုင်ဂျီးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏စိုးရိမ်မကင်သောထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခဲ့ နိုင်ဂျီးရီးယားနိုင်ငံသည် ခရစ်ယာန်များကိုဗဟိုပြုတိုက်ခိုက်မှုအမြင့်မားဆုံးသောကမ္ဘာ့နိုင်ငံများစာရင်း၀င်သည်။ မကြာခဏ ကက်သလစ်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာ၀င်များဘုရားရှိခိုးနေစဉ်၊ ကျောင်းတိုက် ၌ရှိနေစဉ်၊ ရွာများဆီသို့တမန်တော်ခရီးသွားရောက်စဉ်၊ ခရီးထွက်နေစဉ်များ၌အမည်မသိသောလက်နက် ကိုင်အဖွဲ့အစည်းများ၏မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းကိုပတ်နှင့်ကြာ၊ လနှင့်ကြာ၊ နှစ်ချီကြာသည်များလည်းရှိနေသည်။ ထိုသို့ခြိမ်းခြောက်မှုများလက်တွေ့ဖြစ်နေသော်လည်း နိုင်ဂျီးရီးယားကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်က လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆရာတော်ကြီးများအဖွဲ့ချုပ်၏စိုးရိမ်စိတ်ကိုပွင့်လင်းစွာကြေညာချက်ထုတ်ပြန်လာခဲ့သည်။ သမ္မတရွေးကောက်ပွဲကိုကျင်းပရန်အစီအစဉ်သည် မသေချာမရေရာဖြစ်နေသည်။ ရွေးကောက်ပွဲကော်မရှင်သည် ဆက်လက်၍ လုပ်ဆောင်လျှက်ရှိသည်။ နိုင်ဂျီးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်၏ဥက္ကဌဖြစ်သူ ဂိုဏ်းချုပ်ဆရာတော် Lucius Iwejuru Ugorji က ရွေးကောက်ပွဲနှင့်စပ်လျင်း၍ (၂၀၂၃) Abuja ၌ကျင်းပသော ဆရာတော်ကြီးများ၏နှစ်၀က်အစည်းအ‌ဝေး၌ထုတ်ဖော်ပြောကြားလာပါသည်။ ဆရာတော်ကြီးက ရွေးကော်၏ အရည်…