
ယခင်ရဟန်းမင်းကြီး၏ခရီးစဉ်များစီစဉ်ပေးရသူအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်တင်မြောက်

ယခင်ရဟန်းမင်းကြီး၏ခရီးစဉ်များစီစဉ်ပေးရသူအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်တင်မြောက် သူ၏အမည်ကား Rueda Beltz ဟုခေါ်သည်။ သူသည် ရဟန်းမင်းကြီး၏ လုပ်ဖော် ဆောင်ဖက်များအနက်တစ်ပါးဖြစ်သည်။ သူသည် ဗာတီကန်သံတမန်ရေးရာဌာန၏အတွင်းရေးမှူးလည်းဖြစ်ပြီး ရဟန်းမင်း ကြီး၏ပြည်ပတမန်တော်ခရီးစဉ်များကိုလည်းစီစဉ်ပေးရသူဖြစ်သည်။ ရဟန်းမင်းကြီး၏ပြည်ပတမန်တော်ခရီးစဉ်များ၌မကြာခဏမြင်တွေ့ရတတ်သည်။ ယခင်ထမ်းဆောင်ခဲ့သောအမှုတော်မှသည် သူ့အားစောင့် ဆိုင်းနေသောအမှုတော်သစ်အတွက် ဂိုဏ်းချုပ်ဆရာတော်သိက္ခာကိုထပ်လိုက်ပြီဖြစ်သည်။ သူ့အား အာဖရိကအနောက်ဖက်ပိုင်းရှိ Ivory Coast သို့ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်စေလွှတ်မည်ဖြစ်သည်။ ဤနိုင်ငံသည် အစာငတ်မွတ်ခြင်းဘေး၊ ပြည်တွင်းစစ်ဘေး၊ ရာသီဥတုအပြောင်းအလဲ၏ဒဏ်ကိုအလူးအလဲခံစားနေရသောဒေသဖြစ်သည်။ သူ့အားသိက္ခာထပ်ပေးသူမှာ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin ဖြစ်သည်။ သိက္ခာထပ်သည့်မစ္ဆားတရားကို စိန့်ပီတာဗာစီးလီကာ၌ကျင်းပခဲ့သည်။ သိက္ခာထပ်သည့်မစ္ဆားပူဇော်ခြင်းအပြီး၌ ရဟန်းမင်းကြီးကိုယ်စာလှယ်အမှုတော်ကိုထမ်းမည့်ဂိုဏ်းချုပ်ဆရာ တော်အသစ်က ရဟန်းမင်းကြီးအားကျေးဇူးတင်ကြောင်း၊…









