
(၁၈) လကြာလာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ကလေး (၅၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရဟုဆို

(၁၈) လကြာလာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ကလေး (၅၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရဟုဆို ရုရှား၏ယူကရိန်းအပေါ်ကျူးကျော်စစ်သည် (၁၈) ကြာလာခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း ယူကရိန်းကလေး (၅၄၀) ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း Save the Children အဖွဲ့ကမှတ်တမ်းပြုစုထားသည်။ နွေရာသီ၌လည်း အခါအားလျှော်စွာဒရုံးနှင့်လေကြောင်းများဖြင့်လာရောက်တိုက်ခိုက်နေသောကြောင့် အသက်မဆုံးရှုံးသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု (၇) ရာခိုင်နှုန်းအထိတိုးလာကြောင်းလည်းလူမှုကူညီရေးအဖွဲ့အစည်ကလည်းတင်ပြလာသည်။ လူမှုကူညီရေးအဖွဲ့အစည်းများသည် (၂၀၁၄) မှစ၍ ကလေးသူငယ်များအားကူညီစောင့်ရှောက်သည့်လုပ်ငန်းကိုလုပ်ဆောင်လာခဲ့ရာ ယူကရိန်းနိုင်ငံ၌အဓိကလှုပ်ရှားနေခဲ့သည်။ ဤစစ်ပွဲကာလ၌ ကလေးသူငယ်များနှင့်မိသားစုများအားကယ်ဆယ်ရေးလုပ်ငန်းကိုတိုး မြင့်လုပ်ဆောင်နေရသည်။ ဤအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်း၌တင်ကျန်နေသောဒုက္ခသည်ကလေးများကိုသာမက ဥရောပတစ်လျှောက်သို့ပြန့်နှံ့ရောက်ရှိနေသောကလေးများအားလည်းပံ့ပိုးပေးနေရသည်။ ကူညီရာ၌ ယခုကဲ့သို့စစ်ကိုတိမ်းရှောင်နေစဉ်အတောအတွင်း၌ပညာသင်ကြားနိုင်ခွင့်တို့လည်းပါ၀င်သည်။ လူမှုကူညီရေးအဖွဲ့အစည်းကလည်း ဒရုန်းနှင့်လေကြောင်းမှတိုက်ခိုက်မှုသည် အစောပိုင်းလများနှင့် ယှဉ်လျှင်…








