
နောက်ဆုံး မှာတမ်း ကြာသာပတေးနေ (ခြေဆေးခြင်း)

နောက်ဆုံး မှာတမ်း ကြာသာပတေးနေ (ခြေဆေးခြင်း) သေခါနီးဆဲဆဲ ဖြစ်နေတဲ့သူတစ်ယောက်ရဲ့ နှုတ်က ထွက်ကျလာတဲ့ မှာကြားချက်တွေကို ကြားဖူးမြင်ဖူးကြပါလိမ့်မယ်။ မိသားစု၀င်တွေကို မှာစရာရှိတာတွေမှာ၊ လွှဲစရာရှိတာတွေလွှဲ၊ စိတ်မချတာတွေကို လည်းစိတ်ဖြောင့်သွားအောင် သေခါနီးသူတွေက အမှာပါးလေ့ရှိကြတယ်။ အဲ့ဒီအချိန်မှာပြောတဲ့စကားတွေက အဓိပ္ပါယ်ပိုရှိနေတတ်တယ်။ သူတို့ အသက်ကုန်ဆုံးတော့မယ်ဆိုတာကို သိနေတဲ့အချိန်မှာ လိမ်ညာပြီးတော့ မပြောတော့ဘူး။ အသေဖြောင့်အောင် အမှန်တရားတွေကို ဖွင့်ချတယ်။ စိတ်ထဲရင်ထဲကနေ ထွက်လာတဲ့ စကားတွေကိုပဲ ပြောထွက်လာတတ်ပါတယ်။ ဒါကြောင့်မို့ မသေခင်ပြောသွားတဲ့စကားဆို တန်ဖိုးထားပြီး မှတ် မှတ်ရရရှိနေတတ်ကြတာပဲ မဟုတ်လား။ သခင်ခရစ်တော်လည်း အသေမခံတော်မူမီ တစ်ရက်အလို ကြာသပတေးညမှာ…








