rvamyanmar

rvamyanmar

ဖာသာရ် George ရွှေထွန်း(ရန်ကုန်) (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် သောကြာနေ့ ဩဝါဒ ၁၊ ၉၊ ၂၀၂၃

ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် ကြာသပတေးနေ့ ဩဝါဒ ၃၁၊ ၈၊ ၂၀၂၃

31 August 2023ဓမ္မမိတ်ဆွေတို့ ဒီးကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေဦး အခန်းကြိး ၂၄:၄၂-၅၁ မှာ á€˜á€Żá€›á€Źá€¸á€›á€žá€„် ဘယ်နေ့ကြွလာမယ်ဆိုတာကို မသိသောကြောင့်အဆင်သင့်စောင့်နေကြ ဆိုပြီး သတိပေးထားတာကို ကြားနာခဲ့ရတယ်။  á€œá€ąá€Źá€€ လူတွေမှာ အရွယ်သုံးပါးရှိတယ်ဆိုပြီးသွန်သင်ကြတယ် á€•ထမ အရွယ် ပညာရှာ ၊ ဒုတိယအရွယ် စီးပွါးရှာ ၊ တတိယအရွယ် တရားရှာဆိုပြီး အရွယ် သုံးပါမှာ ပြုမူလေ့လာ ဘုက်ဆောင်ရမှာတွေကိုသွန်သင်ပြကြတယ်လောကမှာလည်းကြာကြာ အသက်ရှည်ရှည်နေခြင်တယ်။ á€€á€ąá€Źá€„á€şá€¸á€€á€„á€şá€”á€­á€Żá€„á€şá€„á€śá€œá€˛á€¸á€žá€˝á€Źá€¸á€á€źá€„á€şá€á€šá€şáŠ အချိန်တိုင်အဆင်သင့်ပြင်ဆင်ထားရမယ်ဆိုတော့ အလုပ်တခုတောင်ဇွဲးရှိအောင်မလုပ်တပ်တဲ့သူတွေက  ဘယ်လို အဆင်သင့်ဖြစ်နိုင်မလဲး၊တို့ယုံကြည်သူတွေမှာကြတော့ အရွယ်သုံးပါးလုံး ပြင်ဆင်နေထိုင်ဖို့သတိပေးနေတယ်။ ကလေးအရွယ်၊ ပညာကို ဘာသားတရားနဲ့ တွဲးဖက် သွန်သင်ကြီးပြင်းစေရမယ်၊ á€œá€°á€„ယ်‌

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာအမျိုးသား ဆီကနေ လေးစား၊ တန်ဘိုးထားခံရတဲ့ သူဖြစ်ဖို့ ဘယ်လိုနေထိုင်ရမလဲ

ဒီနေ့မှာ relationship ကိုတည်ဆောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာအမျိုးသား ဆီကနေ လေးစား ခံရပြီး တန်ဘိုးထားခံရတဲ့ သူတစ်ယောက်ဖြစ်ချင်ရင် သိနိုင်ဖို့အချက်လေးတွေရှိ ပါတယ်ဆိုတဲ့အကြောင်း မျှဝေ ပေးသွားချင်ပါတယ်။ အမျိုးသားရဲ့ တန်ဘိုးထားခံရချင်ရင် အရင်ဦးဆုံးကတော့ မိမိကိုယ်မိမိ တန်ဖိုးထားရမှာပါ။ ဒါက အရာခပ်သိမ်းထက်အရေးကြီးဆုံး အခြေခံအချက်ပဲလို့ ဆိုနိုင်ပါတယ်။ မိမိကိုယ်မိမိယုံကြည် စိတ်ချမှုရှိမယ်။မိမိကိုယ် မိမိတန်ဖိုးထားမယ်၊ မိမိကိုယ်မိမိ ရိုသေလေးမြတ်မှုရှိမယ်။ မိမိကိုယ်မိမိမှန်ကန်စွာရပ်တည်တတ်တဲ့ ခွန်အားရှိတဲ့ အမျိုးသမီး အဲ့ဒီလိုစုပေါင်းမှုတွေရှိတဲ့ အမျိုးဆိုရင် ဘယ်လို အမျိုးသားကမှ မတွန်းလှန်နိုင်ပါဘူး။ မိမိစိတ်နဲ့ မိမိကိုယ်သက်တောင့်သက်သာရှိဖို့ အမြဲကြိုးစားနေပြီးမည်သူတစ်ဦးတစ်ယောက် ရဲ့…

ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၃၀၊ ၈၊ ၂၀၂၃

30. August 2023ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး အခန်းကြီး ၂၃:၂၇-၃၂ မှာ ဖာရီဇေဦးတွေနဲ့ ကျမ်းတပ်ဆရာတွေကို သခင်ခရစ်တော်က ဟန်ဆောင်သူတွေ၊ သချိုင်းကူများကဲ့သို့ အပြင်ပန်းသာဖြူဖွေးနေပြီး အတွင်းပိုင်းက ပုပ်ပွနေသူတွေအဖြစ်ပြင်းထန်စွာ စွတ်စွဲးပြောဆိုခဲ့တာကို ကြားနာခဲ့ရတယ်။ လောကမှာ ဟန်ဆောင်မူ့တွေနဲ့ အသက်ရှင်နေကြသူတွေကို သတိပေးနေခြင်ဖြစ်တယ်။ မကောင်းတဲ့သူက ကောင်းခြင်ယောင်ဆောင်တယ်၊ လူယုတ်မာက လိမ္မာခြင်ယောင်ဆောင်တယ်၊ သူခိုးက ပိုင်ရှင်ယောင်ဆောင်တယ်၊ လူလိမ်က သမာဓီရှိသူယောင်ဆောင်တယ်၊ စိတ်ပုပ် ကောက်ကျစ်ယုတ်မာသူက ဖြူစဉ်သူယောင်ဆောင်တယ်၊ မာန်မာနကြီးသူက နှိမ့်ချသူအဖြစ်ဟန်ဆောင်တယ်၊ ဘာသာရေး အရေခြုံက တရားသမာဟန် ဖြူစဉ်သူ ဟန်ဆောင်တယ်၊ မသိသူက သိသူတပ်သူ…

ပြန်ပေးဆွဲခံဘုန်းတော်ကြီးနှင့်ရဟန်းလောင်းကိုရင်များပြန်လည်လွတ်မြောက်လာကြ

ပြန်ပေးဆွဲခံဘုန်းတော်ကြီးနှင့်ရဟန်းလောင်းကိုရင်များပြန်လည်လွတ်မြောက်လာကြ နိုင်ဂျီးရီးယားနိုင်ငံသည် ခရစ်ယာန်များအတွက်အသက်အန္တရယ်လွန်စွာရှိသောနိုင်ငံဖြစ်သည်။ ခရစ်ယာန်ဟုဆိုလိုက်လျှင် ခရစ်ယာန်ဘာသာတူများကိုသာဆိုလိုသည်မဟုတ်။ သာသနာ့အမှုထမ်းများဖြစ်သော ဘုန်းကြီး၊ ရဟန်းလောင်းကိုရင်၊ သီလရှင်များကိုလည်းညွှန်းဆိုလိုပါသည်။ ၄င်းတို့အတွက်လည်းမလုံခြုံပေ။ မကြာခဏသတ်ဖြတ်ခံရ၊ ပြန်ပေးဆွဲခံရ၊ ဖမ်းဆီးထိန်းသိမ်းထားခံရသည့်အဖြစ်မျိုးနှင့်ကြုံနေရသည်။ ဩ ဂုတ်လ (၂) ရက်နေ့ကလည်း နိုင်ဂျီးရီးယားနိုင်ငံ ဂိုဏ်းအုပ်သာသနာတစ်ခုမှကက်သလစ်ဘုန်းတော်ကြီး (၁) ပါးနှင့်ရဟန်းလောင်းကိုရင် (၁) ပါးတို့ပြန်ပေးဆွဲခံခဲ့ရသည်။ သူတို့ (၂) ပါးသည်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောအဖြစ်ဆိုးနှင့်ကြုံသော်လည်း ကျန်းမာလျှက်ရှိသည်ဟုအာဖရိကသာသနာပြုသတင်းအရင်း အမြစ်ကဆိုပါသည်။ ဖမ်းဆီးခံရသူများမှာ တန်ဇားနီးယားနိုင်ငံမှရဟန်းလောင်းကိုရင် Melchior Mahinini နှင့်မာလီနိုင် ငံသားဖြစ်သော ဖာသာရ် Paul Sanogo တို့ဖြစ်ကြသည်။ ၄င်းတို့သည် လွန်ခဲ့သော…

အီဂျစ်နိုင်ငံ၌ မယ်တော်၏ဧရာမဆင်းတုတော်ကြီးအားထားရှိခွင့်ကိုအီဂျစ်အစိုးရခွင့်ပြု

အီဂျစ်နိုင်ငံ၌ မယ်တော်၏ဧရာမဆင်းတုတော်ကြီးအားထားရှိခွင့်ကိုအီဂျစ်အစိုးရခွင့်ပြု အီဂျစ်အစိုးရသည် (၉) မီတာရှိသော မယ်တော်မာရီယား၏ဧရာမ ကြေးဆင်းတု တော်ကို Asyut ပြည်နယ်၊ Dronka ဘုရားကျောင်းကြီး၌ထားရှိဖူးမြော်ခွင့်ပြုလိုက်သည်။ ယခုကောင်းချီးပေး၍ထားရှိဖူးမြော် သောမယ်တော်မာရိယာ၏ဆင်းတုတော်သည် အီဂျစ်နိုင်ငံအတွင်း၌အကြီးဆုံးဆင်းတု တော်ဖြစ်ပါသည်။ ဤဆင်းတုတော်ကို ပန်းပုပညာရှင်ပရောဖက်ဆာ Gerges Algawly မှအနုစိပ်၍လက်ရာပြောင်မြောက်စွာထွင်းထုထားသည်။ ပန်းပုပညာရှင်သည် Minia တက္ကသိုလ်၏အနုပညာများဆိုင်ရာအဖွဲ့၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ ယခုကဲ့သို့တည်ဆောက်နိုင်ရန် (၂) နှစ်အချိန်ယူခဲ့ရသည်။ ဆင်းတုတော်ကို (၃) နှစ်ကြာထွင်းထုခဲ့ရပြီး မြို့တော်ကိုင်ရိုမှတည်ထားမည့် Asyut မြို့သို့ အပိုင်းလိုက်သယ်ယူပို့ဆောင်ခဲ့ရသည်။ စုံစေ့ပြီးမှသာတစ်ဖန်ပြန်လည်တပ်ဆင်ခဲ့ရသည်။ ယခုကဲ့သို့တည်ထားဖူးမြော်ခွင့်ပြုခြင်းသည် ဘုရားကျောင်သို့လာရောက်ဘုရား ဖူးကြသူများ၊ ဒေသခံများအားကျေနပ်အားရဖွယ်ဖြစ်စေခဲ့သည်။ နှစ်စဉ်…

ရဟန်းမင်းကြီးဖရန်စစ်သည် ‘Laudato si’’ ဒုတိယပိုင်းကိုရေးသားနေ

ရဟန်းမင်းကြီးဖရန်စစ်သည် ‘Laudato si’’ ဒုတိယပိုင်းကိုရေးသားနေ ‘Laudato si’’ ဟုပြောလိုက်လျှင် ရဟန်း မင်းကြီးဖရန်စစ်၏ ‘သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ’ စာချွန်တော်ဖြစ်သည်ကိုလူတိုင်းနီးပါးသိကြပါသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုရက် ပိုင်း၌ မည်သည့်အဖွဲ့အစည်းနှင့်မျှတွေ့ဆုံခြင်းမရှိပေ။ ဤသို့တွေ့ဆုံခြင်းမရှိရသည့်အကြောင်းအရင်းမှာ သူ့အနေ ဖြင့် ‘Laudato si’’ ဒုတိယအပိုင်းရေးသားနေသောကြောင့်ဖြစ်သည်ဟုဥရောပကောင်စီ ၏ရှေ့နေများအဖွဲ့၏ ကိုယ်စားလှယ်နှင့်ခေတ္တတွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ အဆိုပါအဖွဲ့သည်လည်း သဘာ၀ပတ်၀န်းကျင်ထိန်း သိမ်းရေးအတွက်ဥပဒေပြုရေးလုပ်ငန်းစဉ်နှင့်အကြားသောလျှို၀ှက်လုပ်ငန်းစဉ်များကိုလည်းလုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်သည်။ ၄င်းတို့အဖွဲ့အစည်း၏လုပ်ဆောင် ချက်များအတွက်ရဟန်းမင်းကြီးဖရန်စစ်ကချီးကျူးစကားမိန့်ကြားခဲ့ပြီး သာသနာအတွင်း၌လည်းလျှို၀ှက်ချက်များကိုကာကွယ်ရမည့်အရာများလည်းရှိ ကြောင်း ဥပမာအားဖြင့်အာပတ်ဖြေခြင်းစက္ကရာမင်တူးမှရသောအချက်အလက်များသည်ထုတ်ဖော်ပြော၍မ ရဘဲကာကွယ်ရမည်ဖြစ်သည်။ တစ်ဆက်တည်း၌ပင် ရဟန်းမင်းကြီးက လက်ရှိခေတ်ရေစီးကြောင်း၌ လူ့ဂုဏ်သိက္ခာများအားခြိမ်းခြောက်သော အတွေးအခေါ်အယူအဆများလည်းရှိကြောင်း လူ့ဂုဏ်သိက္ခာသည် သူ၏အစမူလဇစ်မြစ် (ဖန်ဆင်းရှင်)…

ပုပ်ဖရန်စစ်သည် ဇွဲမလျော့ဘဲကမ္ဘာ့ငြိမ်းချမ်းရေအတွက်ဆုတောင်းရန်ဆက်လက်တိုက်တွန်း

ပုပ်ဖရန်စစ်သည် ဇွဲမလျော့ဘဲကမ္ဘာ့ငြိမ်းချမ်းရေအတွက်ဆုတောင်းရန်ဆက်လက်တိုက်တွန်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူး (၁၀၀၀၀) တို့နှင့်အတူအန်ဂျေလူးမေတ္တာကိုဆုတောင်းမေတ္တာကိုအတူတကွဆုတောင်းခဲ့သည်။ အမိမယ်တော်ကောင်းကင် ဘုံသို့ဘုန်းတော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံရသောပွဲနေ့ကြီး၌ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရန်အတွက် ရဟန်းမင်းကြီးကအမိမယ်တော်ထံတိုင် တည်အပ်နှံပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက်ဆုတောင်းရာ၌ဆုတောင်းမပြည့်သကဲ့သို့ဖြစ်နေသော်လည်း စိတ်ဓာတ်မကျရန်၊ ခေတ်မှီလူသတ်လက်နက်များ၏အသံဗလံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလွှမ်းသွားတတ်ကြောင်း၊ ကြီးမားသောခြိမ်း ခြောက်မှုဖိ အားသည် တရားဥပဒေကိုအနိုင်ပိုင်းလိုက်သကဲ့သို့ဖြစ်တတ်ကြောင်း၊ သို့သော်ကျွန်ုပ်တို့သည်စိတ်ဓာတ်မကျဘဲ ဆုတောင်းခြင်း၌မျှော်လင့်ချက်ထား၍ ဆက်လက်ဆုတောင်းကြပါစို့ဟုဘုရားဖူးများအားတိုက်တွန်းခဲ့သည်။ ဗာတီကန်အနေဖြင့် ငြိမ်းချမ်းရေးအတွက်သံတမန်လမ်းကြောင်းဖြင့်ဆက်လက်ကြိုးစားအားထုတ်လုပ်ဆောင်လျှက်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်၏တာ၀န်ပေးအပ်ခံထားရသော ကာဒီနယ် Zuppi က ရုရှားနှင့်ယူကရိန်းကြားပေါင်းကူး တံတားတည်ဆောက်နိုင်ရန်အားထုတ်လျှက်ရှိသည်။ ထို့အတူ ဗာတီကန် ၏အတွင်းရေးမှူးသည်လည်း အန်ဂိုလာနှင့်တောင်ဆူဒန်သို့သွားရောက်၍ ဒေသငြိမ်းချမ်းရေးရရှိနိုင်ရေးညှိနှိုင်းဆွေးနွေးပေးလျှက်ရှိသည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

ပုပ်ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်အတွက် မွန်းဂိုးလီးယားဘာသာတူများ စိတ်လှုပ်ရှားနေကြ

ပုပ်ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်အတွက် မွန်းဂိုးလီးယားဘာသာတူများ စိတ်လှုပ်ရှားနေကြ ရဟန်းမင်းကြီးသည်များမကြာမီရက်ပိုင်းအတွင်း အာရှတိုက်ရှိနိုင်ငံငယ်တစ်ခုသို့တမန်တော်ခရီးကြွ ရောက်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ဤခရီးစဉ်ကိုကြိုတင်၍ အသိပေးထားခဲ့သည်မှာလည်းအတော်ကြာပြီဖြစ်သည်။ ဤရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်စတင်မည့်အကြောင်းနှင့်နေ့ကိုမွန်ဂိုးလီးယားနိုင်ငံ၊ ကက်သလစ်သာသနာ၏တာ၀န်ခံအဖြစ်ရဟန်းမင်းကြီးခန့်အပ်ထားသော ကာဒီနယ် Giorgio Marengo က​ကြေငြာထားပြီးဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မွန်ဂိုးလီးယားသို့ယခုလ (ဩဂုတ် ၃၁) ရက်နေ့၌တမန်တော်ခရီးကြွရောက်မည်ဖြစ်ပြီး စက်တင်ဘာလ (၄) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ မွန်းဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူမိသားစုသည် ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်လာခြင်းကိုစိတ်အားထက်သန်လှုပ်ရှားစွာဖြင့်မျှော်နေကြောင်း၊ ပြင်ဆင်မှုများကိုလည်းပြုလုပ်ထားပြီဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ ယခု ကဲ့သို့ကြွရောက်ခြင်းသည် မွန်ဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူများအား ၄င်းတို့သည်ကမ္ဘာတစ်၀ှမ်းရှိကက်သလစ်သာသနာတော်ကြီးနှင့်တစ်လုံးတစ်တည်းရှိကြောင်းကိုပိုမိုခံစားသွားစေမည်ဖြစ်ကြောင်း၊ ယခု ကြွရောက်မည့်တမန်တော်ခရီးစဉ်သည် လွန်စွာကြီးမားထူးခြားသောကောင်းချီးတော်တစ်ခုဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည်ကမ္ဘာပေါ်ရှိသိုးစုကြီးငယ်တို့ကိုဂရုစိုက်ကြောင်း၊ ထို့အတူမွန်ဂိုးလီးယားကက်သလစ်သိုးစုများအနေဖြင့်လွန်စွာသေးငယ်သော်လည်းမေ့မထား​ဟုခံစားရကြောင်း၊ ယခုကြွရောက်ခြင်းသည် သံ တမန်ရေးရာအရလည်းအခရကျကြောင်းဗာတီကန်သတင်းဌာနအားဖြေကြားခဲ့သည်။ မွန်ဂိုးလီးယားနိုင်ငံနှင့်ဗာတီကန်တို့၏…

WYD မှ ပြန်ရောက်ပြီးရုတ်တရက်ကွယ်လွန်သွားသောလူငယ်၏မိခင်ထံရဟန်းမင်းကြီးဖုန်းခေါ်ဆိုနှစ်သိမ့်

WYD မှ ပြန်ရောက်ပြီးရုတ်တရက်ကွယ်လွန်သွားသောလူငယ်၏မိခင်ထံရဟန်းမင်းကြီးဖုန်းခေါ်ဆိုနှစ်သိမ့် ပြီးခဲ့သောတပတ်က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်အလွန်ကိုယ်ရေးကိုယ်တာဆန်လှသောဖုန်းခေါ်ဆိုမှုတစ်ခုကိုပြုလုပ်ခဲ့သည်။ ဤသို့ပြုရခြင်းမှာ ၀မ်းနည်းကြောင်းထုတ်ဖော်ပြရန်ဖြစ်သည်။ ရဟန်းမင်းကြီး၏ ဖုန်းခေါ်ဆိုမှုကိုလက္ခံရရှိခဲ့သူမှာ Luca Re Sartù ဆိုသူ၏မိခင်ဖြစ်သည်။ Luca Re Sartù သည်အသက် (၂၄) နှစ်သာရှိသေးသည့်လူငယ်တစ်ဉီးဖြစ်ပြီး သူသည် (ဩဂုတ် ၂၀၂၃) ခုနှစ်ကကျင်းပသောကမ္ဘာ့လူငယ်များနေ့အခမ်း အနားသို့လည်း လောလောလတ်လတ်ပါ၀င်ခဲ့သူဖြစ်သည်။ သူသည် လစ်ဘွန်ကမ္ဘာ့လူငယ်များနေ့အခမ်းအနားမှနိုင်ငံ သို့ပြန်ရောက်လာသည်နှင့်ခံစားနေရသောရောဂါကြောင့် အိမ်သို့ပင်ပြန်မရောက်ဘဲ ဆေးရုံသို့တန်းပို့ဆောင်ခဲ့ရကာ ဆေးရုံတင်ပြီး (၂) ရက်အကြာတွင် သူနှင့်အတူကမ္ဘာ့လူငယ်များနေ့၌သိကျွမ်းရင်းနှီးခဲ့ရသူများအားလုံးအတွက် ၀မ်းနည်းယူကျုံးမရစရာကောင်း သောသတင်းဖြစ်သည့် သူ၏ဆုံးပါးသွားခြင်းသတင်းထွက် ပေါ်လာခဲ့သည်။ သူ၏စျာပနအခမ်းအနားကို သူ၏ဇာတိမြို့ဖြစ်သော…