rvamyanmar

rvamyanmar

ပုပ်ဖရန်စစ်၏ မွန်ဂိုးလီးယားတမန်တော်ခရီးစဉ်လှုပ်ရှားမှုများ

ပုပ်ဖရန်စစ်၏ မွန်ဂိုးလီးယားတမန်တော်ခရီးစဉ်လှုပ်ရှားမှုများ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကသူသည် မွန်ဂိုးလီးယားသို့ငြိမ်းချမ်းရေးခရီးသွားတစ်ဦးအဖြစ်ရောက်ရှိလာခြင်းဖြစ်သည် ဟုဧည့်သည်တော်သမ္မတ အိမ်တော်ရှိ ဧည့်သည်တော် မှတ်တမ်း၌ရေးသားလက်မှတ်ထိုးခဲ့သည်။ ရဟန်းမင်း ကြီးအား Sukhbaatar ရင်ပြင်၌ လှိုက်လှဲနွေးထွေးသော၊ လွန်စွာခမ်းနားကြီးကျယ်စွာကြိုဆိုခဲ့သည်။ ထိုရင်ပြင်၌ မွန်ဂိုးလီးယားနိုင်ငံအားတည်ထောင်ခဲ့သော Chinggis Khan ဘုရင်၏ရုပ်တုလည်းတည်ဆောက်ထားသည်။ ရဟန်းမင်းကြီးအား ရိုးရာ၀တ်စုံအပြည့်၀တ်ဆင်ထားသော နိုင်ငံတော်သမ္မတ Khurelsukh၊ လွှတ်တော်အဖွဲ့အ၀င်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်ဗာတီကန်၀န်ထမ်းတို့ကကြိုဆိုခဲ့ကြသည်။ ရဟန်းမင်းကြီးအား ကြိုဆိုသည့်အခမ်း အနား၌ ရှေးဟောင်းစစ်၀တ်စုံအပြည့်၀တ်ဆင်ထားသောကြည်းတပ်နှင့်မြင်းတပ်တို့၏စစ်ရေးပြအခမ်းအနားလည်းပါ၀င်ခဲ့သည်။ ထို့နောက်နှစ်နိုင်ငံ၏နိုင်ငံတော် သီချင်းကိုသီဆိုနေစဉ် ရဟန်းမင်းကြီးသည်လုံခြုံရေး၀န်ထမ်းများခြံရံလျှက် နိုင်ငံတော်၏အိမ်တော်သို့ကြွလာခဲ့သည်။ နိုင်ငံတော်၏အိမ်တော်အတွင်း၌ သိုးမွေးမြူသောသူတို့အသုံးပြုခဲ့သည့် တဲ၌တွေ့ဆုံမှုကိုစီစဉ်ထားသည်။ ယခုကဲ့သို့ ရဟန်းမင်းကြီးနှင့်နိုင်ငံတော်သမ္မတတို့သီးသန့်တွေ့ဆုံရန် ပုံဖော်စီစဉ်ထားခြင်းလည်း ဖြစ်သည်။…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) (၂၄) ကြိမ်မြောက်သာမန်သီတင်းပတ် ကြာသပတေးနေ့ ဩဝါဒ ၂၁၊ ၉၊ ၂၀၂၃

ဘဝမှာစွန့်ပစ်သင့်တဲ့အရာများ

ကျွန်တော်တို့အများစုဟာ မိမိကိုယ်ကိုလေးစားမှုမရှိဘူးဆိုတာကိုသတိမထားမိကြပါဘူး။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့အကောင်းမြင်ဖို့ထက်သူတပါးကိုပိုပြီးအကောင်းမြင်ကြတယ်။ လေးစားကြတယ်။ ဘဝမှာပျော်ရွှင်မှုရဖို့ဆိုရင် ဒီအချက်တွေကိုစွန့်လွှတ်ရမယ်။ လူတချို့ကအလေ့အကျင့်ဆိုတာဖျောက်ဖျက်ဖို့ခက်ခဲတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် အချိန်ယူပြီး ကြိုးစားကြရပါမယ်။ဘဝမှာ ဘယ်လိုအရာတွေကို အပြီးတိုင်စွန့်လွှတ်သင့်သလဲ? ကြည့်ကြရအောင် မိမိကိုယ်ကိုဝေဖန်တိုက်ခိုက်တာကိုရပ်တန့်ပါ သင့်ကိုယ်သင်အပြစ်တင်ဖို့မလိုပါဘူး။ လူတိုင်းအမှားလုပ်မိကြမှာဘဲ။ အမှားနဲ့ကင်းတဲ့လူသားဆိုတာလောကကြီးမှာမရှိပါဘူး။ သင့်ကိုယ်သင် အရှုံးသမားလို့မြင်ဖို့မလိုသလို ရည်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုပြီး သံသယရှိနေဖို့မလိုပါဘူး။ အမြဲ မိမိကိုယ်ကိုအကောင်းမြင်ပါ။ အရာရာတိုင်းဟာ အကောင်းဆုံးဖြစ်လာမှာအသေအချာပါဘဲ မလိုမုန်းထားသူတွေရဲ့ဝေဖန်အပြစ်တင်သံတွေ၊ အကြံညဏ်တွေကိုမယုံကြည်မိပါစေနဲ့ လူတွေဟာ တယောက်နဲ့တယောက် မကောင်းပြောကြတယ်။ သင့်ကိုမကောင်းပြောသူတွေ၊ ဝေဖန်တိုက်ခိုက်သူတွေရှိလာမှာပါ။ဒါပေမယ့် ဝေဖန်ကဲ့ရဲ့မှုတွေအောက်မှာ ကျရှုံးမသွားစေပါနဲ့။ နားမဝင်စေပါနဲ့။ သည့်အစား သင်ကဘယ်လောက်ကြံ့ကြံ့ခံနိုင်တယ်၊ ဘယ်လောက်…

လူနည်းစုပါကိစ္စတန်ခရစ်ယာန်ကိုယ်စားလှယ်များက ဘရာဆယ်နိုင်ငံ၌ဖွင့်လှစ်ထားသည် ဥရောပပါလီမန် အမတ်များနှင့်ဘာသာရေးဖိနှိပ်မှုအရေးဆွေးနွေး

လူနည်းစုပါကိစ္စတန်ခရစ်ယာန်ကိုယ်စားလှယ်များက ဘရာဆယ်နိုင်ငံ၌ဖွင့်လှစ်ထားသည် ဥရောပပါလီမန် အမတ်များနှင့်ဘာသာရေးဖိနှိပ်မှုအရေးဆွေးနွေး ပြီးခဲ့သောပတ် ကြာသပတေးနေ့က လူနည်းစုပါကိစ္စတန်ခရစ်ယာန်များအားကိုယ်စားပြုသောကိုယ် စားလှယ်တစ်ဦးက၄င်းတို့၏မိခင်နိုင်ငံ၌ကြုံတွေ့နေရသော ဘာသာရေးဖိနှိပ်ညှဉ်းပမ်းမှုအရေးနှင့်စပ်လျင်း၍ဘရာဆလ်၌ဆွေးနွေးခဲ့သည်။ ပါလီမန်အနေဖြင့် မကြာမီက ပါကိစ္စတန်၌လူအုပ်ကြီး၏အကြမ်းဖက်မှုကိုခံခဲ့ရသော ပါကိစ္စတန်နိုင်ငံ၊ Faisalabad ပြည်နယ်၊ Jaranwala အခင်းကိုလည်းအလေးပေးစေလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုအကြမ်းဖက်မှုသည် အကြမ်းဖက်သူတို့၏ဘာသာရေးအား ပုတ်ခတ် စော်ကားသည်ဟူသောစွပ်စွဲချက်ဖြင့် ယခုကဲ့သို့အကြမ်းဖက်ခြင်းခံရခြင်းဖြစ်သည်။ ပါကိစ္စတန်နိုင်ငံ၌လူ နည်းစုခရစ်ယာန်တို့အားဖိနှိပ်ညဉ်းဆဲမှုနှင့်စပ်လျင်း၍ဆွေးနွေးအဖြေရှာပေးရန်ကိုလည်းတိုက်တွန်းခဲ့သည်။ အထက်ကတောင်းဆိုချက်ကို Joseph Jansen, Shagufta Kausar နှင့် Asif Mall တို့ပါ၀င်သော ကိုယ်စားလှယ်များက ဘရာဆဲလ်ဥရောပလွတ်တော်၌တင်ပြခဲ့ခြင်းဖြစ်သည်။ ပါကိစ္စတန်နိုင်ငံအတွင်းလူနည်းစုခရစ်ယာန်များအားဖိနှိပ်ညဉ်းဆဲမှုလောလောလတ်လတ်ဖြစ်စဉ်များကိုလည်းတင်ပြခဲ့သည်။ ဘာသာရေးအခြေခံသော နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Tehreek-e-Labbaik…

ကိုးရီးယားကျွန်း၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်း၌အစဉ်ရှိဟုပုပ်ဖရန်စစ်မိန့်ကြား

ကိုးရီးယားကျွန်း၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်း၌အစဉ်ရှိဟုပုပ်ဖရန်စစ်မိန့်ကြား စိန့်အန်ဒရူးကင်းမ်တေဂွန်သည် ကိုးရီးယားနိုင်ငံ၏ပထမဦးဆုံးကက်သလစ်ရဟန်းလည်းဖြစ်ပြီး ဓမ္မအာဇာနည်တစ်ပါးလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၄) တောင်ကိုးရီးယားသို့ကြွရောက်စဉ်က ဓမ္မအာဇာနည်ကြီး၏ဇာတိချက်ကြွေမြေသို့ကြွရောက်ဆုတောင်းခဲ့သည်။ ရဟန်းမင်းကြီးက ဓမ္မအာ ဇာနည်ကြီးအား ဧ၀ံဂေလိတရားဟောကြားသူတို့စံထားရမည့်သူဟုသူ၏တရားထောက်ရူချက်၌ထည့်သွင်းဂုဏ်ပြုမိန့်ကြားခဲ့သည်။ ယခုအခါ ဓမ္မအာဇာနည်ကြီးအားဂုဏ်ပြုသောအားဖြင့် သူ၏ဆင်းတုတော်ကို ရောမမြို့၊ ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းကြီးပြင်ပ၌ ဘုရားဖူးများဖူးမြှော်နိုင်ရန်ထားရှိသည့်အခမ်းအနားကိုကျင်းပခဲ့သည်။ အ ခမ်းသို့ ကိုးရီးယားမှဘုရားဖူး (၃၀၀) ပါ၀င်ခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်က ကိုးရီးယားမှဘုရားဖူးအဖွဲ့နှင့်တွေ့ဆုံစဉ်၌ ဓမ္မအာဇာနည်ကြီးသည် သူလူလားမြောက်ကြီးပြင်းခဲ့ရသောကာလ၌ စစ်မြေပြင်ဖြစ်နေခဲ့သော်လည်း သူသည်အမုန်းတရား၏လောင်းရိပ်အောက်မရောက်ခဲ့ပေ။ ငြိမ်းချမ်းရေးမျိုးစေ့ကိုကြဲသူဖြစ်လာခဲ့သည်။ သူ၏စံပြုထိုက်သောအသက်တာသည် ကိုးရီးယားကျွန်းစွယ်အတွက်လည်းကောင်း၊ ကမ္ဘာကြီးတစ်ခု လုံးအတွက်လည်းကောင်း ကြိုတင်ဟောကိန်းတစ်ခုဖြစ်ခဲ့သည်။ သူနှင့်အတူခရီးသွားဖော်ဖြစ်ရခြင်း၊ ပြန်…

Marseille ခရီးစဉ် အတွက် ဆုတောင်းပေးရန် ပုပ်ဖရန်စစ်တောင်းခံ

Marseille ခရီးစဉ် အတွက် ဆုတောင်းပေးရန် ပုပ်ဖရန်စစ်တောင်းခံ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လောလောလတ်လတ်မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးထွက်ထားသည်။ ယခုလာမည့်သောကြာနေ့၌လည်း Marseille သို့တမန်တော်ခရီးထပ်မံကြွရောက်မည်ဖြစ်ကြောင်း အသိပေးကြေငြာခဲ့သည်။ Marseille သည်ပြင်သစ်တောင်ပိုင်းမှမြို့တစ်မြို့ဖြစ်သည်။ ရဟန်းမင်းကြီးသည် စစ်ကြောင့်ပျိုလဲနေကြသောယူကရိန်းနှင့်စစ်သင့်နေသောကျွန်းပေါ်ရှိပြည်သူများနှင့်အတူတကွရှိနေကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ် Marseille သို့ကြွရောက်ရခြင်း၏ရည်ရွယ်ချက် ရဟန်းမင်းကြီးဖရန်စစ် Marseille သို့ကြွရောက်ရသည့်ရည်ရွယ်ချက်မှာ မြေထဲပင်လယ်ဒေသ၏ အစည်းအ‌ဝေးပိတ်ပွဲအတွက်ဖြစ်သည်။ ဤအစည်းအ‌ဝေးမှာ မြေထဲပင်လယ်ဒေသမှဆရာတော်ကြီးများ၊ လူငယ်များတက်ရောက်နေပြီး (စက်တင်ဘာလ ၁၇-၂၄) ရက်နေ့အထိကျင်းပမည်ဖြစ်သည်။ ဤခရီးစဉ်သည် ညီအစ်ကိုမောင်နှမစိတ်ဓာတ်တိုးမြှင့်လာအောင်လုပ်ဆိုင်ရန်အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း၊ တက်ရောက်ကြသူများသည် ဒေသ၏ကိုယ်စားပြုအဖြစ်လာကြမည်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ Marseille သို့ စက်တင်ဘာ (၂၂-၂၃) အထိကြွရောက်သောပြည်ပတမန်တော်ခရီးသည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ပြီးနောက်…

ရုရှား၏ဗာတီကန်အတွက်သံအမတ်သစ်ခန့်အပ်လွှာပေးအပ်

ရုရှား၏ဗာတီကန်အတွက်သံအမတ်သစ်ခန့်အပ်လွှာပေးအပ် ရုရှားနိုင်ငံသည် ဗာတီကန်အတွက်သံအမတ်သစ်အဖြစ် Ivan Soltanovsky အားပြောင်းလဲခန့်အပ် လိုက်သည်။ ထိုတရား၀င်ခန့်အပ်လွှာကိုရဟန်းမင်းကြီးဖရန်စစ်အားပေးအပ်ခဲ့သည်။ ရုရှားသံအမတ်သစ်က ရုရှားသမ္မတပူတင်၏သံအမတ်အဖြင့်ခန့်အပ်လွှာကို ရဟန်းမင်းကြီးထံပေးအပ်ရသည့်အတွကလွန်စွာဂုဏ်ယူမိပါကြောင်းပြောကြားခဲ့သည်။ ယခုအသစ်ခန့်အပ်သောသံအမတ်သည် သံအမတ်အတွေ့အကြုံများစွာရှိ သည်။ သူသည် ရုရှားနိုင်ငံ ‘နေတိုး’ ၏အမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်သည်အပြင် ဥရောပကောင်စီး၏ ကိုယ်စားပြုသူဖြစ်သည်။ သူနောက်ဆုံးအမှုထမ်းခဲ့သည့်ခုနှစ်မှာ (၂၀၁၅ မှ ၂၀၂၂) ပြီးဖြစ်သည်။ လက်ရှိ၌ ယူကရိန်းအား ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်၍ ဗာတီကန်အနေဖြင့်ယူကရိန်အတွက် တစ်စိုက်မတ်မတ်ရပ်တည်ပြောဆိုလာခဲ့သောယခုလိုအချိန်၌ဤတာ၀န်ကိုထမ်းဆောင်ရန်တာ၀န်ပေးအပ်ခံရသည်။ ယူကရိန်းအားရုရှားမှကျူးကျော်စစ်ဆင်နွှဲနေမှုကိုရပ်တန်းကရပ်တန့်နိုင်ရန် ဗာတီကန်အနေဖြင့်အမှုတော်တစ်ခုအဖြစ်ပင် ကိုယ်စားလှယ်လွဲပင်လုပ်ဆောင်စေလျှက်ရှိသည်။ ယခုဗာတီကန်၏ရုရှားသံအမတ်သစ်သည် သူမတိုင်ခင်ကသံမတ်ဖြစ်ခဲ့သော Alexander Avdeed ကိုအစားထိုးခြင်းဖြစ်သည်။ Alexander Avdeed…

လာချိဒ် ဘာသာစကားဖြင့် ပထမဦးဆုံးအကြိမ် ကက်သလစ်ဘာသာသူများ၏ မစ္ဆားတရားပူဇော်

လာချိဒ် ဘာသာစကားဖြင့် ပထမဦးဆုံးအကြိမ် ကက်သလစ်ဘာသာသူများ၏ မစ္ဆားတရားပူဇော် စက်တင်ဘာလ၊၁၈ ရက်၊၂၀၂၃ ခုနှစ်။ ကချင်တိုင်းရင်းသား မျိုးနွယ်စုထဲမှ လာချိဒ် လူမျိုး ကက်သလစ်ဘာသာဝင်များ ၏ ပထမဦးဆုံး အကြိမ် အဖြစ် မိမိတို့၏ လာချိဒ် ဘာသာစကားဖြင့် မစ္ဆားတရား တော်မြတ်ပူဇော်ခြင်းအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ကက်သလစ် သာသနာ ၊လားရှိုးမြို့ ယေဇူးရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ (၁၆) ရက်နေ့ ၊စနေနေ့ နံနက် (၁၁း၀၀) နာရီအချိန်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ပထမ…

နာဇီဂျာမဏီလက်ထက် ကက်သလစ်သာသနာတော်ကြီးမှကယ်တင်ပေးခဲ့သောဂျူးလူမျိုး (၃၂၀၀) ရှိခဲ့

နာဇီဂျာမဏီလက်ထက် ကက်သလစ်သာသနာတော်ကြီးမှကယ်တင်ပေးခဲ့သောဂျူးလူမျိုး (၃၂၀၀) ရှိခဲ့ နာဇီဂျာမဂီလက်ဇောင်းထက်ချိန် ရောမရှိ ကက်သလစ်ဘုရားကျောင်းများ၊ အဆောက်အဦးများ၊ အသင်းအဖွဲ့များ၌ အသက်ဘေးမှကင်းလွှတ်ရန်ခိုလှုံခဲ့ကြသောဂျူးလူမျိုး (၃၂၀၀) ရှိကြောင်း စာရင်းပြုစုနိုင်ခဲ့သည်။ ထုတ်ပြန်လာသောစာရင်းများကိုထောက်၍ ရောမရှိဂျူးအသင်းအဖွဲ့များနှင့်ဂျူးလူမျိုးအစုလိုက်အ ပြုံလိုက်သတ်ဖြတ်ခံရသည့်အရေးကိုစမ်းစစ်လေ့လာသောနိုင်ငံတကာအဖွဲ့ (the International Holocaust) ကလည်း ပျောက်ဆုံးဦးရေစာရင်းနှင့်ချိန်ညှိကြည့်ရာဖြစ်နိုင်ချေရှိသောစာရင်းအင်းဖြစ်နေ သည်ဟုရောမမြို့ရှိဂျူးအဖွဲ့အစည်း၏ တာ၀န်ခံ Claudio Procaccia ပြောကြားခဲ့သည်။ နာဇီဂျာမဏီရောမမြို့ကို၀င်စီးချိန်၌ ရောမမြို့၌မှီသင်းနေထိုင်နေသောဂျူးလူမျိုး (၂၀၀၀) ကိုဖမ်းဆီးသွားခဲ့သည်။ ထိုဖမ်းဆီးခံသွားခဲ့သောဂျူးလူမျိုးအချို့သည် လက်ရှိတရားဇရပ်၏ပတ်၀န်းကျင်း၌နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု၄င်းကဆိုပါသည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

စက်တင်ဘာ (၁၁) ၏အဖြစ်ဆိုးမှသူရဲကောင်းကြီး ရာသက်ပန်ဦးပဉ္ဇင်းးကြီးအဖြစ်ခံယူ

စက်တင်ဘာ (၁၁) ၏အဖြစ်ဆိုးမှသူရဲကောင်းကြီး ရာသက်ပန်ဦးပဉ္ဇင်းးကြီးအဖြစ်ခံယူ ကက်သလစ်သာသနာ၌ ဦးပဉ္ဇင်း (၂) မျိုးရှိပါသည်။ တစ်မျိုးမှာ ထာ၀ရရဟန်းသိက္ခာ ထပ်ခြင်းကိုခံယူရန်စောင့်စားနေသောဦးပဉ္ဇင်းနှင့်ရာသက်ပန်ဦးပဉ္ဇင်းဟူ၍ဖြစ်ပါသည်။ ဤရာသက်ပန်ဦးပဉ္ဇင်းမှာကက်သလစ်သာသနာတော်ကြီးမှအတိအလင်းဥပဒေများချမှတ်၍သတ်မှတ်ထားသောအမှုတော်ဆောင်အသက်တာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၌မူ ရင်းနှီးမှုသိပ်မရှိသောအမှုတော်ဆောင်တစ်ခုဖြစ်သည်။ သို့သော် ရာ သက်ပန်ဦးပဉ္ဇင်းမှုတော်ဆောင်အသက်တာကိုကြားဖူးသောဘာသာတူများလည်းရှိပေမည်။ ယခုရာသက်ပန်ဦးပဉဇင်းသိက္ခာကိုခံယူခဲ့သူမှာ Paul Carris ဟုခေါ်သည်။ သူသည် အမေရိကန်ပြည် ထောင်စုအတွက်မေ့မရနိုင်သော စက်တင်ဘာ (၁၁) ရက်နေ့၏အနိဌာရုံကိုကြုံတွေ့ဖြတ်သန်းခဲ့သူတစ်ဦးလည်းဖြစ်သည်။ စက်တင်ဘာ (၁၁) ဟုထိုသွေးပျက်စရာအဖြစ်သနစ်ဖြစ်ခဲ့သည့်ရက်စွဲကိုအစွဲပြု၍ အလွယ် တကူခေါ်ခြင်းဖြစ်သည်။ အမှန်မှာ အမေရိကန်နိုင်ငံ၏စီးပွားရေးအမွှာမျှော်စင်ကြီးအား အစွန်းရောက်အ ကြမ်းဖက်အဖွဲ့များကလေယာဉ်ဖြင့်ဆင့်ကဲတိုက်ခိုက်ခဲ့သည့်နေ့ကိုညွှန်းဆိုခြင်းဖြစ်သည်။ ထိုအခင်းမဖြစ်ပျက်မီအချိန်ထိ Paul Carris ဆိုသူသည်…