
ဖာသာရ် Stephen Ah Chu (Keng Tong) (၂၂) ကြိမ်မြောက်သာမန်သီတင်းပတ် အင်္ဂါနေ့ ဩဝါဒ ၅၊ ၉၊ ၂၀၂၃



ပါပါးဖရန်စစ်၏မွန်ဂိုးလီးယားခရီးစဉ် ပြီးဆုံး ရဟန်းမင်းကြီးဖရန်စစ်၏မွန်ဂိုးလီးယားသို့ (ဩဂုတ် ၃၁ မှ စက်တင်ဘာ ၄) သမိုင်း၀င်တမန်တော်ခရီးစဉ်သည်ယနေ့အဆုံးသတ်လိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည်မွန်ဂိုးလီးယားနိုင်ငံမှမထွက်ခွာမီ ‘House of Mercy’ (သနားခြင်း ၏အိမ်တော်) အမည် ပေးထားသောအ ဆောက်အဦးတစ်ခုကိုကောင်းချီးပေးဖွင့်လှစ်ခဲ့သည်။ အဆိုပါဝေါဟာရနှစ်လုံးသည်သာသနာ၏ အုတ်မြစ်ဖြစ်သည်။ သာသနာသည် လူတိုင်းအားကြိုဆိုသော၊ အခြားနေရာ၌ မခံစားနိုင်သော၊ စိတ် နှလုံးသားအားလှုပ်ခတ်စေသောအဆင့်မြင့်သည့်ချစ်ခြင်းကိုပေးစွမ်းသော ‘အိမ်’ လည်းဖြစ်ရမည်။ နူးညံ့ပြီး၊ စီမံပေးတတ်သောဖခင်မေတ္တာကိုထိတွေ့ခံစားနိုင်သောနေရာဖြစ် သည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် photo courtesy: Vatican Media

ကိုးရီးယားမှယူကရိန်းစစ်ဒဏ်သင့်ဇုံများသို့လူသားချင်းစာနာသောအကူအညီများပေးပို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကရုဏာရေးလုပ်ငန်းတာ၀န်ခံ ကာဒီနယ် Konrad Krajewski ကကိုးရီးယားမှယူကရိန်းနိုင်ငံအတွက်ပေးပို့ လူသားချင်းစာနာသောအကူအညီကိုသက်ဆိုင်ရာသို့ပေးပို့လိုက်ပြီဖြစ်ကြောင်းဆိုသည်။ ထရပ်ကားနှစ်စီးအပြည့်ရှိသောစားစရာများကိုပေးပို့လိုက်ကြောင်း၊ ယခုရိက္ခာခြောက်ကို ကိုးရီးယားကုမဏီကြီးတစ်ခုမှအထုပ် (၃၀၀,၀၀၀) အား စစ်သင့်ဇုံသို့ ပေးပို့ရန်ဗာတီကန်မှတဆင့်ပေးပို့ခဲ့ကြောင်း၊ဟင်းချိုရည်ချက်သောက်နိုင်သောအခဲများသည်ရေနွေးဖြင့်လွယ်ကူစွာဖျော်သောက်နိုင်သည်ဟုဆိုသည်။ ပစ္စည်းများတင် ဆောင်ရန်အတွက် ရဟန်းမင်းကြီးဖရန်စစ်မှစီစဉ်ပေးထားသောအိပ်ဆောင်၌ခိုလုံနေသောသူ (၃၀) ဦးမှ ပစ္စည်းများကူချခဲ့ပြီး စိန့်ဆိုဖီယာ ဂရိကက်သလစ်ဘုရားကျောင်းသို့လတ်တ လော၌ပို့ဆောင်ထားသည်။ စစ်ပွဲစဖြစ်သည့်အချိန်မှယခုအထိအကူပစ္စည်းများကိုပေးပို့လာခဲ့သည်မှာ (၁၀၆) ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သော Lviv ၌လည်း များ မကြာမီအိမ်တစ်ဆောင်ဖွင့်လှစ်၍ မုဆိုးမများနှင့်ကလေးမိခင်တို့ကိုလက္ခံထားရှိမည်ဖြစ်ကြောင်း၊ ဤသို့အကူ အညီပေးပို့ခြင်းသည်လည်း ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နိုင်သည်များကိုလုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ အတိဒုက္ခရောက်နေသူများအားယခုကဲ့သို့ကူညီခြင်းသည် ဒုက္ခကြား၌၄င်းတို့ချီးခါးစီးခံနေရသည်ဟုမခံစားစေလို၍ဖြစ်ကြောင်း၊…


သာမန်ကာလ (၂၂)ကြိမ်မြောက်တနင်္ဂနေ့ ရှင်မာတေဦး ၁၆း၂၁ – ၂၇လောကလူတွေက အကောင်းဘက်သို့ မပြောင်းလဲချင်ကြဘူး။ အခုလို မပြောင်းလဲပဲဒီအတိုင်း ဆက်သွားလို့ကတော့ အနာဂတ်လူသားတွေ ခက်တော့မှာပဲ။ အခုတောင်လက်ထပ်ထိမ်းမြားခြင်းတွေကို တန်ဖိုးမထားကြတော့ဘူး။ မိသားစုဘဝကိုတန်ဖိုးမထားကြတော့ဘူး။ လူတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေး လူ့အခွင့်အရေးတွေလည်းအရေးမပေးကြတော့ဘူး။ ဒီလိုနဲ့ လူဟာ လူလို တန်ဖိုးမထားကြတော့ပဲ ဥစ္စာပစ္စည်းလိုလို ၊တိရစ္ဆာန်လိုလို ဖြစ်လာကြပါပြီ။ လူကို သန့်ရှင်းမြင့်မြတ်စေတဲ့ဘုရားတရားစိတ်ထားတွေပျောက်ကုန်ကြပြီ။ ထာဝရအသက်၊ ထာဝရအိမ်တော်၊ ထာဝရအချစ် ၊ထာဝရခွင့်လွှတ်နားလည်ပေးခြင်း ဆိုတဲ့ ထာဝရတန်ဖိုးထားရာတွေကိုလည်း မလိုလားကြတော့ဘူး။ ထာဝရမဟုတ်တဲ့ လောကအပျော်အပါးထာဝရမဟုတ်တဲ့လောကမှာရှင်သန်ရတဲ့အသက်၊ထာဝရမဟုတ်တဲ့ ပျက်စီးနိုင်တဲ့ဥစ္စာပစ္စည်းတွေကိုသာ စိတ်အာရုံ စွဲလန်းနေကြပါတယ်။…


ပုပ်ဖရန်စစ် (၄၃) ကြိမ်မြောက်တမန်တော်ခရီးဖြစ်သည့် မွန်ဂိုးလီးယားသို့ရောက်ရှိ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အသက်အရွယ်အရ ရှည်လျားလှသည့်ယခုကြွရောက်သောမွန်ဂိုးလီးယားခရီးစဉ်ကြောင့် အတော်မောနေရှာပေမည်။ မည်သို့ပင်ဆိုစေ နောက်ဆုံး၌ ရဟန်းမင်း ကြီး လွန်စွာကြွရောက်ရန်ဆန္ဒကြီးခဲ့သောမွန်ဂိုးလီးယားသို့ သောကြာနေ့၌ Chinggis Khaan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လုံခြုံဘေးကင်း စွာဆိုက်ရောက်ခဲ့ပြီဖြစ်ပါသည်။ မွန်ဂိုးလီးယားနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားလှယ် မွန်ဆီညှော် Fernando Duarte Barros Reis၊ မွန်ဂိုးလီးယားနိုင်ငံ၏ဗာတီကန်သံအမတ် Davaasuren Gerelmaa တို့မှလေဆိပ်တွင်လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။ နိုင်ငံတော်နှင့်ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များလည်းတွေ့ဆုံကြိုဆိုခဲ့ကြသည်။ ထိုအခမ်းအနား၌ပင် မွန်ဂိုးလီးယားဒေသခံ၀တ်စုံ၀တ်ထားသောအမျိုးသမီးငယ်တစ်ဦးမှလည်းရဟန်းမင်းကြီးအား ‘Yogurt’ (ဒိန်ချဉ်) တစ်ခွက်ကိုကပ်ခဲ့သည်။ ဤသို့ဒိန်ချဉ်ကပ်ခြင်းသည် မွန်ဂိုးလီးယားနိုင်ငံသားတို့၏ဘ၀၊ ယဉ်ကျေးမှုနှင့်နေ့စဉ်စားသုံးသောအစားအစာကိုဖော်ပြခြင်းဖြစ်သည်။ သောကြာနေ့၌ တစ်နေ့လုံးရဟန်းမင်းကြီးသည် မည်သည့်အစီအစဉ်မျှလက်ခံထားခြင်းမရှိဘဲ…

ပုပ်ဖရန်စစ် မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးမစတင်မှီ မယ်တော်ထံအပ်နှံဆုတောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လအတော်ကြာကပင်တရား၀င်ကြေညာထားသည့်အတိုင်း မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးကို ဩဂုတ်လ (၃၁) ရက်နေ့၌စတင်လိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် နိုင်ငံတကာသို့တမန်တော်ခရီးသွားတိုင်းပြုနေကြအတိုင်း ရောမမြို့ရှိစိန့်မေရီမေဂျာဘာစီးလီကာသို့သွားရောက်၍ မယ်တော်အားပန်းစီးကပ်လှူကာသူ၏ခရီးစဉ်တစ်လျှောက်ဆုတောင်းပေးရန်အပ်နှံခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း မင်းကြီးအမှုတော်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ဘာစီးလီကာဘုရားကျောင်းသို့ရောက်ရှိလာသည်မှာယခုတစ်ကြိမ်နှင့်ဆိုလျှင် (၁၁၁) ကြိမ်ပြည့်ပြီဖြစ်ကြောင်းဗာတီကန် သတင်းပြန်ကြားရေးရုံးမှထုတ်ပြန်လာသည်။ ရဟန်းမင်းကြီးက သူ၏မွန်ဂိုးလီးယားခရီးစဉ်အကြောင်းကို ယမန်နေ့စိန့်ပီတာရင်ပြင်၌ ဘုရားဖူးများနှင့်တွေ့ဆုံစဉ်လည်းမိန့်ကြားခဲ့သည်။ ယခုပြည်ပတမန်တော်ခရီး စဉ်သည် (၄၃) ကြိမ်မြောက်ဖြစ်ပြီးဤခရီးစဉ်သည် ဩဂုတ် (၃၁ မှ ၄) အထိကြာမြင့်မည်ဖြစ်သည်။ မွန်းဂိုးလီးယားနိုင်ငံအနေဖြင့်လည်း ကောင်း၊ မွန်းဂိုးလီးယားနိုင်ငံမှ ကက်သလစ်ဘာသာတူများအနေဖြင့်လည်းကောင်း ၄င်းတို့နိုင်ငံ့သမိုင်း၌ ပုပ်ရဟန်းမင်းကြီးအားပထမဦးဆုံးအကြိမ်လက္ခံကြိုဆိုခြင်းဖြစ်၍လွန်စွာစိတ်လှုပ်ရှား နေကြသည်။…

နိုင်ဂျီးရီးယားနိုင်ငံ၌ ဘိုကိုဟာရမ်တို့ဖမ်းဆီးသွားသော ကလေး (၄၂၀၄) ဦးပြန်လည်လွတ်မြောက် ကုလ ကလေးသူငယ်များဆိုင်ရာရံပုံငွေအဖွဲ့မှ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်အဖွဲ့မှက လေးသူငယ် (၄၂၀၄) ဦးကိုဖမ်းဆီးထားခဲ့ရာမှ အားလုံးကိုလုံခြုံစွာပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ဖမ်းဆီးထားသည့်နေရာမှာတစ်နေရာတည်းမဟုတ်။ Borno၊ Yobe၊ Adamawa ပြည်နယ်အသီးသီး၌ဖြစ် သည်။ ဤကယ် ဆယ်ရေးလှုပ်ရှားမှုကို Maiduguri မှဗဟိုပြု၍ညွှန်ကြားခဲ့သည်။ ဤသို့ဖော်ဆောင်ရန်အ တွက် Maiduguri ၌အလွန်အရေး ကြီးသောအစည်းအဝေးကိုပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ကလေးများကို ကုလ ကလေးရံပုံငွေအဖွဲ့၏တာ၀န်ခံ amuel Sesay ကဗုဒ္ဓဟူးနေ့ကလွှဲအပ်ပေးခဲ့သည်။ ဖယ်ဒရယ်အစိုးရနှင့်ကုလတို့သည် ယခုကဲ့သို့ကလေးများကိုပြန်လည်လွှဲအပ်ပေးရန်သဘောတူစာချုပ်ကို (၂၀၂၂) တွင်ရေထိုးခဲ့ကြသည်။ ဤသို့ပြုလုပ်ရခြင်းမှာအရွယ်မရောက်သေးသောကလေးများအားလက်…

ယခင်လုပ်ငန်းရှင် ယခုလော့စ်အိန်ဂျလ်စ်ဂိုဏ်းချုပ်သာသနာ၏အကူဆရာတော်အဖြစ်ရဟန်းမင်းကြီးရွေးချယ်ခန့်အပ် လော့စ်အိန်ဂျယ်လ်စ် ဂိုဏ်းချုပ်သာသနာ ၏လက်ထောက်ဆရာအဖြစ်ရွေးချယ်ခံရသောဆရာတော်လောင်းသည် ဓာတုအင်ဂျင်နီယာဘာသာရပ်၌ ပါရဂူဘွဲ့ရထားသူဖြစ်သည်။ သူသည်တစ်ချိန်က မြေအောက်ရထားပိုင်ရှင်တစ်ဦးဖြစ်ခဲ့သည်။ ယခုအခါ ဆရာတော်သည် သက်တော် (၆၆) နှစ်ရှိပြီဖြစ်သည်။ သူ၏အမည်ကား မွန်ဆီညှော် Albert Bahhuth ဟုခေါ်သည်။ လက်ထောက်ဆရာတော်အဖြစ်ရွေးချယ်ခံရချိန်၌သူသည် ဂိုဏ်းချုပ်သာသနာပိုင် Pasadena ၏တောင်ဖက်ရှိ ‘သန့်ရှင်းသောအိမ်ထောင်စု’ သာသနာအုပ်စု၏ ကျောင်းထိုင်အဖြစ်အမှုတော်ထမ်းလျှက်ရှိသည်။ ဤသို့အမှုတော်ထမ်းနေသောရဟန်းတော်အား ရဟန်းမင်းကြီးဖရန်စစ်မှ ဂိုဏ်းချုပ်ဆရာတော် Jose Gomez အားကူညီရန်အတွက်ဇူလိုင် (၁၈) ရက်နေ့က အကူဆရာတော် (၄) ပါးကိုရွေးချယ်ရာတွင် မွန်ဆီညှော် Albert Bahhuth…