rvamyanmar

rvamyanmar

ဇွန်လ(၁၉) #ယေဇူးရွှေနှလုံးတော်၏ရန်သူများ။

ဇွန်လ(၁၉) #ယေဇူးရွှေနှလုံးတော်၏ရန်သူများ။ ငါ့သား၊ ဟေရုဒ်မင်းသည်လောကီပစ္စည်းများကို လွန်စွာတပ်မက်မောသောကြောင့် ငါ၏ရန်သူဖြစ်ခဲ့၏။ ငါသည် သူ၏မသမာကြံစည်မှုများမှ လွတ်မြောက်ရန်အလို့ငှါ အီဂျစ်တူးပြည်သို့ ထွက်ပြေးတိမ်ရှောင်နေခဲ့ရ၏။ ယခု အချိန်မှာလည်း မိမိတို့အလိုဆန္ဒပြည့်စုံရောင့်ရဲမည်အထင်နှင့် ဤလောကကြီးမှ ဥစ္စာပစ္စည်း၊ ဂုဏ်ပကာသန၊ လော ကီအပျော်အရွှင်များကိုရှာဖွေကြသော အလားတူဟေရုဒ်မင်း၊ မြောက်များစွာရှိကြလေသည်။ ဤနည်းအားဖြင့် ဤ သူအပေါင်းတို့သည်မိမိတို့ ဝိညာဉ်၏ဆာမွတ်ခြင်းကို တင်းတိမ်စေရန်ကြိုးစားကြကုန်၏။ သဘာဝတရားကိုမူကား ကရုမစိုက်လက်လွတ်ထားကြကုန်၏။ ဥစ္စာပစ္စည်းများကို ဖြုန်းတီးသည်သာမက၊ အခြားမလိုအပ်သောကိုးကွယ်မှု များကိုလည်း ပြုကြသေး၏။ သူတပါး၏ချီးမွမ်းခြင်းကိုရှာမှီးခြင်းဖြင့်လည်း မိမိတို့၏ ကျန်းမာခြင်းကို ချို့တက်အောင် ပြုလုပ်ကြသေး၏။ ငါ၏ရွှေနှလုံးတော်မူကား ထိုသူတို့အပေါ်မှာ ကြင်နာသနားခြင်းရှိတော်မူ၏။…

ဇွန်လ(၁၈)#ယေဇူးရွှေနှလုံးတော်၏မိတ်ဆွေများ။

ဇွန်လ(၁၈)#ယေဇူးရွှေနှလုံးတော်၏မိတ်ဆွေများ။ ငါ့သား ဤလောက၌ငါ့အချစ်ဆုံးသောမိတ်ဆွေများကား ငါ၏မယ်တော်နှင့် သံဇူဇယ်တို့ဖြစ်ကြလေသည်။ ငါ၏ရွှေနှလုံးတော်အားနှစ်သက်ရာ ဟူသများကို သူတို့နှင့်ဝေမျှ၏။ ငါတို့၏အိမ်ကလေး၌တည်ရှိသော စည်းလုံးညီ ညွတ်ခြင်းကို မည်သည့်အရာမျှ ပျောက်ပျက်အောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ ငါ့သား၊ သင်၏မိဘများတို့သည် သင်၏အကောင်းဆုံးသောမိတ်ဆွေများဖြစ်သည်ကို သင်သည်လည်းသတိ မူပါလော့။ ထို့ကြောင့် သင်၏ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများကို သင်သည်လည်း သတိမူပါလော။ ထို့ကြောင့်သင်၏ ဝမ်းသာခြင်းဝမ်းနည်းခြင်းများကို သူတို့အားယုံကြည်လွဲအပ်ပါလော။ သင်၏မျှော်လင့်ခြင်းနှင့် လိုအင်ဆန္ဒများ၌ သူ တို့နှင့် ဝေမျှဖို့ မည်သည့်အခါမျှ ပျက်ကွက်ခြင်းမရှိပါစေနှင့်။ သင်၏အိမ်ကို နာဇရက်အိမ်ကလေးနှင့်တူအောင် ကြိုး စားအားထုတ်ပါလော့။ ငါသည်ယောဟန်ဗတ္တိစတားကို တခါတည်းအကြည့်အရှုသွားခြင်းအားဖြင့် သူ့အားရဟန္တာအဖြစ်သို့ရောက် စေလေသည်။ ထို့ကြောင့်မိမိတစ်သက်တာအတွင်းမှာ…

ဇွန်လ(၁၇)# ဇွဲထက်သန်လှသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၁၇)# ဇွဲထက်သန်လှသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါ့နှလုံးအားလောင်ကျွမ်းလျှက်ရှိသော ဇွဲစိတ်ထက်သန်ခြင်းမျိုးကို သင်၏နှလုံး၌လည်းရှိစေရန် ငါအလိုရှိ၏။ ဆာမာရီတန်မိန်းမတစ်ဦးအား အကျင့်ပြောင်းလဲစေပြီးမှ မိမိလူမျိုးများအတွက် တမန်တော်အဖြစ်ငါခန့်ထား ရန်အလို့ငှါစိတ်ဇွဲထက်သန်ခြင်းကြောင့် ငါသည် ယကုပ်ရေတွင်းသို့လာခဲ့လေပြီ။ စိတ်ဇွဲထက်သန်ခြင်းကြောင့်လည်း တရားဒေသနာကိုဟောပြော၍ လူတို့အားကောင်းကင်လမ်းကိုညွှန်ပြအလို့ငှါ ငါသည်ဂါလီလေအာနယ် မြို့ရွာများသို့ လှည့်လည်သွားခဲ့လေပြီ။ အပြစ်ရှိသူ တစ်ဦးတစ်ယောက်မျှ ငါ၏ချစ်ခြင်းနှင့် ကြင်နာသနားခြင်းကို မ ခံရဘဲ မရှိစေခြင်းငှာ လမ််းလြွနေသော သူများနှင့် ပျောက်ဆုံးနေသော သိုးများကို ငါသည် လိုက်ရှာဖွေခဲ့လေပြီ။ ငါ၏ချစ်သား သင်သည်လည်း စိတ်ဇွဲထက်သန်ခြင်း ပါရမီကို ဆည်းပူးရန် ဤအသက်တာတွင် များစွာသော အခွင့်အရေးများကိုတွေ့ရပေလိမ့်မည်။…

ဇွန်လ(၁၆)#ဝမ်းမြောက်ခြင်းရှိတော်မူသောယေဇူးရွှေနှလုံးတော်။

ဇွန်လ(၁၆)#ဝမ်းမြောက်ခြင်းရှိတော်မူသောယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါနှင့်ငါ၏ မယ်တော်နှလုံးတော်သည် ချစ်ခင်ညီညွတ်စွာပေါင်းစပ်ခြင်းကား လောက၌ ငါ၏အကြီး ဆုံးသောဝမ်းသာဝမ်းမြောက်ခြင်းဖြစ်သတည်း။ မြတ်နိုးဖွယ်ရာသစ္စာရှိသော သံဇူဇယ်နှင့်ငါ့နောက်သို့လိုက်ရန်အရာ ခပ်သိမ်းကိုစွန့်ပစ်ခဲ့ကြသော တပည့်တော်ကြီး အသီးသီးတို့သည်လည်း ငါ၏ဝမ်းမြောက်ရာအကြောင်းရင်းဖြစ်ကြ ပေသည်။ ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာက သက်သေတော်များသည် ငါ့အားချစ်မြတ်နိုးခြင်းကြောင့် ညှဉ်းပန် နှိပ်စက်ခြင်းများနှင့်သေခြင်းကိုရဲရဲဝံ့ဝံ့ခံထမ်းသွားကြလေသည်။ ရသေ့များသည်လည်း တောကန္တာရသို့သွားရောက် နေထိုင်ပြီးလျှင်တရားကျင့်ကြလေသည်။ မရေမတွက်နိုင်အောင်များပြားလှသောသူတို့သည်လည်း လောကဘောင် ကိုစွန့်ပစ်ကြလျှက် မိမိတို့တသက်တာအတွင်းမှာ ငါ့အားတည်တည်ကြည်ကြည်အစေခံကြလေသည်။ နောင်တသံ ဝေဂရသောသူတို့သည်လည်း မိမိတို့၏အပြစ်များကို အခွင့်ချမ်းသာရပြီးနောက် ရဟန္တာအဖြစ်သို့ရောက်အောင်ကျင့် ကြလေသည်။ ထို့ကြောင့် ဤလူအားလုံးတို့သည် ငါ၏ဝမ်းမြောက်ဝမ်းသာစရာ အကြောင်းရင်းဖြစ်ကြလေသည်။ ငါ၏အသင်းတော်သည်ပြင်းထန်စွာလိုက်လံညှဉ်းပန်းနှိပ်စက်ခြင်းခံရသော်လည်း ယခုတိုင်ဆက်လက်တည်…

ဇွန်လ(၁၅ )#ဝမ်းနည်းကြေကွဲတော်မူသောယေဇူးရွှေနှလုံးတော်။

ဇွန်လ(၁၅ )#ဝမ်းနည်းကြေကွဲတော်မူသောယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါသည် ဘက်သလေဟိမ်မြို့သူမြို့သားများဆီမှ ငြင်းပယ်ခြင်းခံရသောအခါ ငါ၏နှလုံးတော်မှာ အထူးဝမ်းနည်းပူဆွေးခြင်းရှိခဲ့လေသည်။ ယခုခေတ်သမယမှာလည်း လူတို့သည် ကိုယ်တော်မြတ်စက္ကရမင်တူး၌ ငါ့ ကိုပင့်ယူရန်ငြင်းပယ်ကြသောါအခါ ငါ၏နှလုံးတော်မှာ ပူဆွေးဝမ်းနည်းခြင်းတဖန်ဖြစ်ရပြန်လေသည်။ တနေ့သ၌ သူငယ်တော်လာနေသည်ကို ငါမြင်ရသောအခါ ထိုသူငယ်အပေါ်မှာ ငါ၏ကရုဏာမေတ္တာသက် ရောက်ခဲ့၏။ အကြောင်းမူကား ထိုသူငယ်သည် ငါ၏ပညတ်ကိုသစ္စာရှိစွာစောင်းထိန်းသည်ကို ငါသိ၏။ ထို့ကြောင့် ငါသည်သူ့အား သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် ငါ့နောက်သို့လိုက်လော့ဟု ဖိတ်ကြားခဲ့၍ သူ၏စိတ်တွင်း၌ ဘုရား၏ကျေးဇူးတော်နှင့် လောကီချမ်းသားတို့တွင် မည်သည့်အရာကိုရွှေးချယ်မည်နည်း ဟုငါသည်စောင့်ကြည့် နေခဲ့၏။ သို့ရာတွင်သူသည် လောကီစည်းစိမ်စွန့်ပစ်ရမည်ကိုစိတ်ပျက်၍ လှည့်ထွက်သွားသောအခါ ငါ၏နှလုံးမှာ အ…

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။ ငါ့သား၊ စားပွဲသောက်ပွဲကြီးပြင်ဆင်ခင်းကျင်းထားလျက်ရှိသော စီမုန်၏အိမ်သို့ငါနှင့်အတူ လိုက်ခဲ့ပါလော။ ဖိတ်ကြားခြင်းးခံရသော ဧည့်သည်များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ၊ ဖိတ်ကြားခြင်းခံရသောဧည့်သည် များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ ဖိတ်ကြားခြင်းမခံရသောမေရီမာဒလင်းသည် ဝင်လာလေ၏။ သူ သည် တပါးသူ၏ကဲ့ရဲ့သရော်ပြုခြင်းများကိုအမှုမထားပဲ ငါ၏ခြေတော်ရင်း၌ ဒူးထောက်၍ငါ၏ခြေကို မိမိ၏မျက်ရည် နှင့် ဆေးကြောပြီးလျှင် မိမိ၏လှပသောဆံပင်နှင့်သုတ်လေ၏။ သူ၏နှလုံးသည် လွန်ခဲ့သည့်အပြစ်များအတွက် ရှက် ကြောက်ဝမ်းနည်ခြင်းနှင့်ပြည့်နေ၏။ လူ၏အတွင်းစိတ်ကိုထိုးထွင်းသိမြင်တော်မူသောငါကား၊ သူ့ဘက်မှကာကွယ် ၍ သူ့အား သင်သည်များစွာချစ်၍များစွာသောအပြစ်လွှတ်လေပြီဟုပြောလေ၏။ ထိုစကားကြောင့် အပြစ်ရှိသူ၏ နှလုံးသည် ရဟန္တာအဖြစ်သို့ပြောင်းလဲသွားတော့၏။ အကြောင်းမူကားမေရီမာဒလင်းသည် အပြစ်အားဖြင့်ငါ၏ ရွှေနှ လုံးတော်ကိုနာကျင်အောင်နောက်ထပ်မပြုတော့ချေ။ ငါ့ကိုချစ်သော အခြားတစ်ဦးရှိသေး၏။…

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။ ငါ့သား၊ အီစရာအဲလ်လူမျိုးတို့သည် ကန္တာရ၌လှည့်လည်သွားလာနေကြသောအခါ ငါသည်မီးရှုးတိုင်များဖြင့် သူတို့အားလမ်းပြခဲ့၏။ ထို့နည်းတူ ငါ၏နှလုံးတော်သည် ရဟန္တာများလျှောက်ရာလမ်းကိုထွန်းလင်းစေသောအထိမ်း အမှတ်ဖြစ်စေသတည်း။ ကောင်းကင်ကြယ်တာရာရာများသို့အရောက်သွားရန် မဖြစ်နိုင်သော်လည်း သန့်ရှင်းစင်ကြယ်ခြင်းအဖြစ်သို့ ရောက်ရန်ကားမဖြစ်နိုင်ဟု မထင်လေနှင့်။ ရဟန္တာများသည်မွေးဖွားစဉ်ကပင် ရဟန္တာများအဖြစ်နှင့်မွေးဖွားလာကြ သည်မဟုတ်ပါ။ သို့သော်ဤသူတို့သည် ငါ၏နှလုံးတော်နှင့် နီးကပ်စွာနေ၍ ငါ၏ပြုမူကျင့်ကြံပုံများကို အတုယူခြင်း အားဖြင့် တဖြည်းဖြည်းစုံလင်ခြင်းအဖြစ်သို့ရောက်ကြလေသည်။ ရဟန္တာတို့တွင် အများတို့သည် ဤလောက၌ အ သက်ရှင်စဉ်ကာလ တန်ခိုးများကိုပြုလုပ်နိုင်ခဲ့ကြသည် မဟုတ်ပါ။ ထိုမျှမက သူတို့နှင့်အတူသွားလာနေထိုင်သော သူတို့ပင် သူတို့၏သန့်ရှင်းစင်ကြယ်ခြင်းကို သတိမမူမိကြပေ။ ရဟန္တာမထရေဇားကလေးသည် အသက်ရှင်စဉ်အ တွင်း ရဟန္တာတစ်ဦးဖြစ်ကြောင်းကိုသူနှင့်အတူနေထိုင်ကြသော စစ္စတာရ်များတွင်တစ်ဦးတစ်ယောက်မျှပင်…

ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ မည်သည်မျှငါ၏နှလုံးတော်လောက်ဆိတ်ငြိမ်ညှိုးငယ်သည်ဟူ၍မရှိ။ အကြောင်းမူကား သခင်ဘုရား ၏ ညှိုးငယ်ခြင်းနက်နဲရာကို လူတို့တွင် မည်သူတစ်စုံတစ်ယောက်မျှ တိုင်းထွာ၍မပြနိုင်သောကြောင့်တည်း။ လူသတ္တဝါများ၏ ကြင်နာသနားခြင်းဖြင့် နှစ်သိမ့်ခြင်းမရနိုင်သော ဝမ်းနည်းညှိုးငယ်ခြင်းသည် ဤတသက် တာအတွင်းဖြစ်စမြဲတည်း။ ဤသို့သောဒုက္ခစုံစမ်းခြင်းအချိန်နာရီတို့၌ အင်အားနှင့်နှစ်သိမ့်ခြင်းကိုရရန်၊ ငါ၏ရွှေနှလုံး တော်ထံ အလျှင်အမြန်ပြေးဝင်းခိုလှုံပါလော။ အကြောင်းမူကား သင်ခံထမ်းရသည့် ပြင်းထန်လှစွာသော စိတ္တဒုက္ခ၊ ကာယဒုက္ခများကို ငါကိုယ်တိုင်ခံစားရလေပြီ။ သင်သည် သင်၏အိမ်သူအိမ်သားများ၊ ချစ်မိတ်ဆွေများနှင့် ချစ်မိတ် ဆွေများနှင့် ကွေကွင်းခွဲခွာနေရသည်ဖြစ်အံ့။ ဝမ်းနည်းခြင်းရှိကောင်းရှိပေလိမ့်မည်။ ငါသည် ဤလောက၌ နေထိုင် ရန် ငါ၏အိမ်ဖြစ်သောကောင်းကင်နိုင်ငံတော်ကို ငါစွန့်ပစ်ခဲ့လေပြီ။…

ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ရက်ရောခြင်းသည် ပေးကမ်းစွန့်ကြဲခြင်း၌သာတည်ရှိသည်မဟုတ်။ သူတပါးအတွက် မိမိကိုယ် ကိုယ်ခြိုးခြံပူဇော်ရခြင်း၌လည်း တည်ရှိသတည်း။ ငါ့ရွှေနှလုံးတော်၏ရက်ရောခြင်းစေတနာသည် ကြးလွန်းလှသဖြင့် လူအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ငါ့အသက်ကိုမပူဇော်ရမချင်း ရောင့်ရဲတင်းတိမ်ခြင်းမရှိနိုင်ချေ။ ငါသည်လူအပေါင်းတို့အား ပုံစံတော်ကိုချပြပေးခဲ့၏။ ငါသည်ဤလောက၌ အသက်ရှင်ထင်ရှားရှိနေစဉ်အခါ လူနာများအား ပျောက်ကင်းချမ်းသပေးခဲ့၏။ သေသောသူတို့ကို ရှင်ပြန်စေခဲ့၏။ ထိုသူတို့အားငါ၏ အသင်းတော်ကို လည်းကောင်း၊ ငါ၏စက္ကရမင်တူးများကိုလည်းကောင်း၊ ငါ၏မယ်တော်ကိုလည်းကောင်းပေးခဲ့၏။ လူများကို ကယ် တင်အံ့ငှါ ကာလ်ဝါရီတောင်ပေါ်တွင် နေက်ဆုံးသွေးစက်ထိအေင် ငါ၏ဒဏ်ရာတော်များမှ အဖိုးထိုက်လှသော အ သွေးတော်ကို စီးယိုစေခဲ့၏။ ငါ၏မြင့်မြတ်လှသောနှလုံးတော်သည် ဤမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိသေးသဖြင့် လူခပ်သိမ်းတို့အင်အားနှင့်…

ဇွန်လ (၁၀)#သမစိတ္တမျှတခြင်းရှိသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၀)#သမစိတ္တမျှတခြင်းရှိသောယေဇူး_ရွှေနှလုံးတော်။ ငါ့သားလောကကြီးမှာတကိုယ်ကောင်းစ်ိတ်သည် ဝမ်းနည်းခြင်းဖြစ်စရာအကြောင်းဖြစ်၏။ လူတို့သည်မိမိတို့ ကောင်းကျိုးအတွက်သာ လုံးပန်းနေရ၍ တစ်ခြားလူများ၏လိုရာကိုဆောင်ကြဉ်းရန အချိန်မရှိကြချေ။ ဝမ်းမြောက် ရွှင်လန်းခြင်းနှင့် အကျိုးကျေးဇူးရရာအကြောင်းဖြစ်သောအခွင့်အရေးများကို မိမိကိုယ်ကျိုးရှာဖွေခြင်းအားဖြင့် ပျောက်ဆုံးစေကြလေသည်။ နေ့တစ်နေ့ကိုသူတပါးကောင်းကျိုးအတွက် စဉ်းစား၍သူပါးအားကူညီခြင်းပြုပါလော့။ ထိုနေ့ကုန်ဆုံးသောအခါ သင်သည်သူတပါးကိုကူညီရ၍ မည်မျှဝမ်းမြောက်သည်၊ ကူညီရသောအချိန်နာရီများသည် မည်မျှကုန်ဆုံးလွယ်သည်ကိုတွေ့မြင်ရပါလိမ့်မည်။ နာဇရက်အိမ်ငယ်တွင်စုံလင်သောငြိမ်သက်ခြင်းရှိသည့်အကြောင်းကား တကိုယ်ကောင်းစိတ်မရှိသောကြောင့် ဖြစ်သည်။ လောကတွင် ငါလှည့်လည်သွားလာနေထိုင်ပုံကို ဆင်ခြင်ပါလော့။ ငါသည်ခရီးရှည်ကြာစွာ သွားရ၍မောပန်းနေသော်လည်း လူအစုအဝေးတို့သည် ငါ့ထံသို့လာသောအခါ သူတို့ကို မျက်နှာမလွဲပဲ သူတို့အလိုရှိသည်ကို ဆောင်ရွက်ပေးခဲ့၏။ ငါသည်လူနာများကိုပျောက်ကင်းစေခြင်းနှင့် ဝမ်းနည်း သောသူများအားနှစ်သိမ့်ခြင်းပေးရန် မောပန်းသည်ဟူ၍ အဘယ်အခါမျှမရှိခဲ့ချေ။ ကြင်နာတတ်သောစကား တစ်…