rvamyanmar

rvamyanmar

ရဟန်းမင်းကြီးလီယို (၁၄) ကယုံကြည်ခြင်းအတွက်ညှဉ်းပန်း နှိပ်စက်ခံရသူတို့ကိုအစဉ် သတိရဆုတောင်းပေးပါဟုတိုက်တွန်း။

ရဟန်းမင်းကြီးလီယို (၁၄) က မိမိတို့၏ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိမ်စက်ခံ ရသောသူ တို့အတွက်မမေ့ မလျော့ဆုတောင်းပေးရန်နှင့် ၄င်းတို့ကိုအားပေးနှစ်သိမ့်ရန် အစဉ်ကြိုးစားပါဟုတိုက် တွန်းထားသည်။ ဤတိုက်တွန်းချက်ကို ဖရန်စ္စစကင်အသင်းများစွာရှိသည့်အနက် ‘the Order of Friars Minor Conventual’ အသင်းနှင့် Trinitarians အသင်းဟုလည်းခေါ်သော the Most Holy Trinity and of the Captives ၀င်များအားလက်ခံတွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဤအသင်း နှစ်သင်းတို့သည် ၄င်းတို့၏အထွေထွေအစည်းအ‌ဝေးကြီးကိုကျင်းပရန်ရောမမြို့သို့ရောက်ရှိနေစဉ် သောကြာနေ့၌ ရဟန်း မင်းကြီး အားလာရောက်ဖူးတွေ့ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် သူတော်စင်အသင်းနှစ်သင်း၏ယုံကြည်ခြင်း၊…

ဖာသာရ်. Alphonse Aung Ko Latt (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၂)ကြိမ်မြောက် အင်္ဂါဩဝါဒ ၂၄၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ချစ်လှစွာ‌သောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီနေ့ဟာနှစ်စဥ်နှစ်တိုင်းပဲကျင်းပါမြဲ့ဖြစ်တဲ့ရှင်ယောဟန်ဗတ္တိဇံရဲ့မွေးနေ့ပွဲကိုသတိတရကျင်းပကြတယ်။ ဘာကြောင်တုံးဆိုတော့ ရှင်လူကာ ၁း၃၆မှာ ကောင်းကင်တမန်တော်ဖဂါလ်ဗြီအဲလ်က မယ်တော်မာရီးယားကိုသင်၏ဆွေမျိုးဧလိဇဗက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲယူ၍အမြုံမဟုအခေါ်ခံရသေ ာသူမသည်အခုဆဌမလရှိလေပြီဟုဆိုထားသလိုပဲဒီကနေ့ဟာခရစ်တော်မမွေးဖွားမီ၆လအလိုပဲဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီးတော့ နောက်ထပ်အဆိုလေးတစ်ခုရှိသေးတယ်။ ရေပူရအားဖြင့်ဇွန်လ၂၁ရက်နေ့သည် နေ့တစ်နေ့ရဲ့နေ့တာလည်းအရှည်ဆုံးရဲ့ဖြစ်ပြီးတော့အဲဒီနောက်ပိုင်းမှာတော့နေ့တာဟာအဖြည်းဖြည်းတိုသွားတယ်လို့ဆိုတယ်။ အဲဒီလိုပဲဒီဇင်ဘာလည်း၂၁ရက်နေ့မှာအတိုဆုံးရဲ့ဖြစ်ပြီးတော့နောက်တရက်၂၂ရက်ကစလို့နေ့တာကတဖြည်းဖြည်းပြန်ရှည်သွားတယ်လို့လေ့လာတွေ့ရှိကြတယ်။ ရှင်‌ယောဟန်ဧဝံလိကျမ်း၃း ၃၀မှာ ကိုယ်တော်သည်တိုးတက်ရမည့် ငါးမူကာဆုတ်ယုတ်ရမည်လို့ရှင်ယောဟန်ကဆိုထားတဲ့အတိုင်း အလင်းရောင်တဖြည်းဖြည်းနဲ့တိုစပြုလာတဲ့ဇွန်လ၂၄ရက်နေ့မှာ ရှင်ယောဟန်ရဲ့မွေးနေ့ပွဲကိုကျင်းပပြီးတော့ အလင်းရောင်ပိုပိုများလာတဲ့ဒီဇင်ဘာလ၂၄ရက်နေ့မှာခရစ်တော်ရဲ့မွေးနေ့ကိုကျင်းပကြတယ်လို့ပြောစမတ်ရှိခဲ့တယ်။ ယနေ့ကျမ်းချက်ဖြစ်တဲ့ရှင်လူကာမှ ၁း၅၇-၆၆,၈၀မှာ ရှင်ယောဟန်ရဲ့မွေးဖွားခြင်းနဲ့ကင်မွန်းတတ်ခြင်းကိုဖတ်ရှုရတယ်ရှင်‌ယောဟန်ရဲ့ဘဝဖြစ်စဉ်တစ်ခုလုံးကိုကြည့်လိုက်ရင်တော့ သူ့မိခင်ရဲ့ဝမ်းမှာပဋိသန္ဓေစတည်ကြိမ်ကစလို့သေဆုံးချိန်အထိအခိုက်အတန့်တိုင်းမှာ ဘုရားရှင်ရဲ့ဘုန်ဂုဏ်တော်ကိုရှားစေခဲ့တယ်။ မိခင်ဧလိဇဗက်ရဲ့အရွယ်လွန်မှရတဲ့ကိုယ်ဝန်ဆောင်မှုဟာဘုရားရှင်ရဲ့မတက်နိုင်တဲ့အရာမရှိဘူးဆိုတာကတော့ဒ ါဟာသက်သေဖြစ်သလိုပဲ မိဘနှစ်ပါးရဲ့နှစ်ပေါင်းများ စွာ‌ဆုတေင်းလျှောက်လာတဲ့ဆုတောင်းခြင်းရဲ့အဖြေလည်းဖြစ်တယ်။ ဆုတောင်းတာကိုပြည့်လို့ဝမ်းသာပြီးတော့ဘုရားရှင်ကိုကျေးဇူးတင်ရမယ့်အစားမယုံနိုင်ဘူးဆိုပြီးတော့သံသယဝင်မိလို့ဆွံ့အာသွားခဲ့တဲ့ ဖခင်ဇာခရီယာကသင်ပုံးပေါ်မှာသူငယ်၏အမည်ဟာယောဟန်ဖြစ်တယ်လို့ရေးလိုက်တာနဲ့စကားပြန်ပြောနိုင်သွားခဲ့တယ်။ ဒါတွေကိုမြင်တွေ့တဲ့သူအားလုံးကတော့ဘုရားရှင်ရဲ့တက်နိုင်တော်မူခြင်းအပေါ်မှင်သက်အံ့ဩကြရင် ဇာခရိနဲဧလိဇဗက်အတွက် ဝမ်းသာပေးကြတယ်။ တစ်ချိန်တည်းမှာပဲအချင်းအရာအားလုံးသည် ဘုရားရဲ့စီမံကိန်းတော်ကဖြစ်တယ်ဆိုတာကိုသိနားလည်ကြပြီးတော့ သူငယ်သည်ကားမည်ကဲ့သို့သောသူဖြစ်လာလိမ့်မည်ဟုဆိုပြီးတော့မေးခွန်းထုတ်လာပြီးတွေဝေနေကြတယ်။ ဒီကနေ့ကျမ်းချက်ရဲ့အစုံ…

ရဟန်းမင်းကြီးလီယို (၁၄) ၏ကိုယ်တော်မြတ်ပွဲတော်ကြီးတနဂ်နွေနေ့ဩဝါဒတရား။

ရဟန်းမင်းကြီးလီယို (၁၄) သည် ကိုယ်တော်မြတ်ပွဲတော်ကြီးတနင်္ဂနွေနေ့၌ စိန့်ပီတာရင်ပြင်၌ ရောက်ရှိနေသော ဘုရားဖူးလူအုပ်ကြီးကို အောက်ပါအတိုင်းဩဝါဒချီးမြှင့်ခဲ့ပါသည်။ ယနေ့ဖတ်ရှု့သောဧဝံဂေလိကျမ်းစာတော်မြတ်ထဲ၌ ယေဇူးသခင်၏တရားတော်ကိုနားထောင်ရန် လူအုပ်ကြီးသည်စု‌ဝေးလာကြသည်။ ယေဇူးသခင်သည် တရားတော်ကို သာဟောကြားခြင်းမဟုတ်။ လူအုပ်စုကြီးများထဲမှရောဂါ‌ဝေဒနာအမျိုးမျိုးစွဲကပ်ခံစားနေရသူများကိုလည်း ကုသပျောက် ကင်းစေခဲ့သည်။ အဟောသက်သက်ကိုသာပြုသူမဟုတ်ဘဲ တရားတော်ကိုလက်တွေ့ဖော်ဆောင်ကာ ကယ်တင်ရှင်ဟူသော ဂုဏ်ပုဒ်အတိုင်းပင် လူတို့၏ရောဂါ‌‌ဝေဒနာများမှကယ်တင်ပေးခဲ့၊ ကုသပေးခဲ့သည်။ ဤသို့အား ဖြင့် ဘုရားသခင်၏ချစ်ခင် ရင်းနှီးမှုကိုလူသားထုကထိတွေ့ခံစားရသည်။ ဘုရားသခင်အုပ်စိုးသောအရပ်ဒေသ၌ ကျွန်ုပ်တို့သည်မကောင်းမှုများ မှကင်းဝေးကြ သည်။ ကျွန်ုပ်တို့ဆာ လောင်ချိန်၊ မကျန်းမမာဖြစ်ချိန်၊ လောကအသက်တာ၏နောက်ဆုံးအချိန် စသောကျွန်ုပ်တို့လိုအပ်သည့်အချိန်များ၌ ယေဇူး သခင်သည် ကျွန်ုပ်တို့အလယ်၌ရှိနေသည်။ လိုအပ်ချက်တိုင်း၌…

ရဟန်းမင်းကြီးလီယို (၁၄) လူသားထု၏ငြိမ်းချမ်းရေးအတွက်ပန်ကြား။

အရှေ့အလယ်ပိုင်းမှအရေးပေါ်သတိပေးသတင်းများ ဆက်လက်ရောက်ရှိလာနေသည်။ အထူးသဖြင့် အီရန်မှဖြစ်သည်။ အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပါ၀င်သော ဤအနိဌာရုံမြင်ကွင်း၌ ပြည်သူများ အထူး သဖြင့်ဂါဇာနှင့်စစ်ပွဲဖြစ်ပွားနေသည့်နိုင်ငံနှစ်ခု၏နယ်နိမိတ်နှင့်ထိစပ်နေသောဒေသအတွင်းနေထိုင်သည့်ပြည်သူများ အဖြစ်ဆိုးနှင့်နေ့စဉ်ကြုံတွေ့ဖြတ်သန်းနေရသည်။ မေ့လျော့ခံရမည်ကိုလည်းကောင်း လူသားချင်းဆိုင်ရာအခြေခံလိုအပ်ချက်များသည် အရေးတကြီးအမြဲတိုး၍လိုအပ်လာသည်ကို လုံ လောက်စွာမပေးနိုင်မည်ကိုလည်းစိုးရိမ်လာရသည်။ အခြားသောအချိန်များထက် ယနေ့ခေတ်ကာလသည် လူ့အသိုင်းအ၀ိုင်း၏တည်ငြိမ်း အေးချမ်းရေးကို အသနားခံနေကြသည်။ ငြိမ်းချမ်းရေးအတွက်တောင်းဆိုရာ၌ တာ၀န်ခံမှုနှင့်ကျိုးကြောင်းဆင်ခြင်မှုရှိရန်၊ နောက်ဆုံးပေါ်ခေတ်မှီလက်နက်တို့၏ခြိမ်းခြောက်မှုအောက်၌လည်း ကောင်း၊ စကားကြွယ်၀မှု၌ သာ ယာနစ်မြှုပ်သွားပြီး ပဋိပက္ခကိုဖြစ်ပေါ်စေခြင်းတို့၏ဂယက်ထဲ၌နစ်မသွားသင့်ပေ။ ကမ္ဘာ့အဖွဲ့အစည်း တိုင်းအား စစ်၏အနိဌာရုံကိုရပ်တန့်ပစ်ရန်၊ သို့မဟုတ်လျှင်နက်ရှိုင်းလွန်းသောအသုရာချောက်ကဲ့သို့ စစ်သည်အဆုံးသတ်သွားနိုင်မည်မဟုတ်။ လူ့ဂုဏ်သိက္ခာသည် အလျှော်အစားသဘောမျိုးဖြစ်လာလျှင် ပဋိပက္ခသည်လမ်းတစ်ကမ်းပင်မ‌လှမ်း တော့ချေ။ စစ်သည် ပြဿနာကိုမဖြေရှင်းနိုင်။ ပို၍ပင်တိုးလာစေသည်။…

ဖာသာရ်. Alphonse Aung Ko Latt (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၂)ကြိမ်မြောက် တနင်္လာဩဝါဒ ၂၃၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ချသ်လာစွာသောမောင်နှမအပေါင်းတို့ ဒီကနေ့ဖတ်ရှုရတဲ့ကျမ်းစာဟာ သခင်ယေဇူရဲ့တောင်ပေါ်တရားတော်တွေဖြစ်တယ် ။ရှင်မာတေးဦးအခန်းကြီး၇ ကကောက်နုတ်ထားတာဖြစ်တယ်။ ဒီတောင်ပေါ်တရားတော်တွေထဲမှာ‌‌ယေဇူးရှင်က ခရစ်ယာန်တယောက်ကျင့်ကြံရမယ့်လမ်းစဉ်တွေကိုမပြုကျင့်အပ်တဲ့အရာတွေကိုပုံဥပမာတွေနဲ့ရှင်းရှင်းလင်းလင်းသွန်သင်ထားတယ်။ ဒီကနေ့ကျမ်းစာမှာ‌ယေဇူးဘုရားက မလုပ်သင့်တာနဲ့လုပ်သင့်တာကိုသေချာချာပြထားပါတယ်။ အခန်းငယ်တစ်မှာတော့ သင်တို့သည်စီရင်ဆုံးဖြတ်ခြင်းမခံရစေရန်သူတစ်ပါးကိုစီရင်ဆုံးဖြတ်ခြင်းမလုပ်ကြနဲ့ဆိုပြီးတော့သွန်သင်အစပြုထားပါတယ်။ ဝမ်းနည်းဖွယ်အမှန်တရားကိုပြောရမယ်ဆိုရင်တော့သူတစ်ပါးကိုမစီရင်မဆုံးဖြတ်ဘူးတဲ့သူမရှိသလောက်ကိုရှားပါးပါလိမ့်မယ်။ နေ့စဉ်သတင်းလိုလိုအတင်းလိုလိုနဲ့ဖလှယ်ကြရင်းကတော့အလွယ်တကူဘဲလူဘယ်နှယောက်ကိုစီရင်ဆုံးဖြတ်လိုက်ကြပြီလဲ။ ဆိုရှယ်မီဒီယာ အားကောင်းလာတဲ့ယနေ့ခေတ်မှာဆိုတော့အခြေအနေတွေကတော့ပိုလို့တောင်မှဆိုရွာလာပါတယ်။ လိုင်းပေါ်မှာတွေ့တဲ့သတင်းတစ်ခုကိုမှန်သလားမှားသလား။ အသေအချာမသိဘဲနဲ့လူတစ်ယောက်ကိုမကောင်းကြောင်းကိုလည်းပဲဝိုင်းဝန်ပြောဆိုလိုက်ကြလို့ဘယ်နေရာကိုများနာလံမထူနိုင်အောင်ဘယ်နှစ်ယောက်ဖြစ်သွားကြပြီလဲ။ သူတို့တတွေပုံမှန်အခြေအနေပြန်ရောက်အောင်အချိန်တွေဘယ်လောက်ယူခဲ့ရသလဲဆိုတာကတော့စဉ်စားကြည့်ပါ ကိုရေးလိုက်တဲ့တခုဟာလူတစ်ယောက်ရဲ့ဘဝကိုတော့ရိုက်ချိုး၍ဖျက်ဆီးပစ်လိုက်နိုင်တယ်ဆိုတာသတိရှိသင့်ပါတယ်။ တချို့နိုင်ငံတွေမှာဆို မိမိကိုယ်ကိုယ်အဆုံးစီရင်သွားတာတွေကိုရှိတယ်ဆိုတာကိုသတိထားသင့်ပါတယ်။ အခန်းကြီး၇း၂မှာ သင်တို့ရဲ့စီရင်ဆုံးဖြတ်တဲ့အခါ သင်တို့သည်လည်းခံကြားရလိမ့်မယ်။ သင်တို့တိုင်းတာသောပမာဏဖြင့် သင်တို့သည်လည်းတိုင်းတာချင်းခံရလိမ့်မယ်ပြောထားတာမို့လို့အဲဒီလိုစီရင်ဆုံးဖြတ်တဲ့သူထဲ့ပါဝင်နေသလား။ ဆိုတာကိုပြန်လည်သုံးသပ်ကြည့်ပါစေ။ စဉ်ခြင်စရာရှိကြောင့်စဉ်ခြင်ကြရမှာဖြစ်တယ်။ ကိုယ့်ရဲ့အမှားတွေကိုယ်ပေတံသေသေလေးနဲ့ရှောရှော်ပေါ့ပေါ့တိုင်းတာပြီး။ သူတစ်ပါးရဲ့အပြစ်ကိုတော့ပေတံအကြီးနဲ့တိုင်းတာရုံမကမှန်ဘီလူးနဲ့အနုစိတ်ကြည့်ပြီးတော့ရှာကြံပြီးအပြစ်တင်ခြင်းကတော့ မျှတပါသလား။ အဲဒီလိုပြုကျင့်မိတဲ့အချိန်တွေအတွက်ကတော့အခန်းငယ်၃နဲ့၄မှာကိုယ်တော်ကမီမီမျက်စိထဲကသစ်တုံးကိုမမြင်ဘဲနဲ့တခြားသူရဲ့မျက်စိထဲကလည်းသစ်သားစားကိုဘာကြောင်းများဖော်ထုတ်ပေးချင်ရသလဲလို့မေးထားပါတယ်။ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူမှာဘုရားရှင်တစ်ပါးတည်းသာဖြစ်ပါတယ်။ မိမိဟာသူတပါးကိုစီရင်ဆုံးဖြတ်လိုက်တဲ့အချိန်ဟာဘုရားရဲ့နေရာကိုယူလိုက်တာပါပဲ။ အဲဒီလိုဆိုတော့လမ်းလွဲနေသူတွေကိုလမ်းမှားနေသူတွေကိုမတရားပြုကျင့်နေသူတွေကိုမပြောရတော့ဘူး။ မပဲ့ပြင်ရတော့ဘူးလားလို့စောဒကတက်စရာရှိပါတယ်။ ဆေးကြောခြင်းမင်္ဂလာကိုခံယူတဲ့ခရစ်ယာန်တိုင်းကပ‌ရောဖတ်တွေ မတရားတာကို မတရားကြောင်းပြောပြီးအမှန်တရားအတိုင်းပြောဆိုနေထိုင်ဖို့မှာနေသူကိုမှာကြောင်းပြောပြပြီးလမ်းမှန်ကိုပြန်ရောက်အောင်လည်းလက်တွဲခေါ်ဆောင်ဖို့ကအ‌ယောက်ဆီတိုင်းမှာတာဝန်ရှိပါတယ်။ နည်းမှန်လမ်းမှန်လုပ်နိုင်ဖို့အတွက်‌ယေဇူးဘုရားရှင်ရဲ့အပြစ်ပြုမိသူတွေနဲ့ပြောဆိုပုံကိုအတုယူကြရမှာဖြစ်တယ်။ရှင်‌ယောဟန်အခန်ကြီ၈း၁၁မှာ…

ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) အလွန်မွန်မြတ်သောကိုယ်တော်၏အသားတော်နှင့်အသွေးတော်ပွဲနေ့ကြီး တနင်္ဂနွေနေ့ဩဝါဒ ၂၂၊ ၆၊ ၂၀၂၅