
ရဟန်းမင်းကြီးလေအို (၁၄) ပါလက်စတိုင်းသမ္မတအားဗာတီကန်၌လက်ခံတွေ့ဆုံ

ကြာသပတေးနေ့ကရဟန်းမင်းကြီးလေအို (၁၄) သည် ပါလက်စတိုင်းသမ္မတ Mahmoud Abbas အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့ပြီးဂါဇာ၌အရေးတကြီးကူညီရန်လိုအပ်သောလူသားချင်းဆိုင်ရာ အကူအညီအကြောင်းဆွေးနွေးခဲ့ကြသည်။ ရဟန်းမင်းကြီးလီယို (၁၄) ရဟန်းမင်းကြီးအမှုတော်ကိုစတင် ထမ်းဆောင်ပြီးနောက်ပုဂ္ဂိုလ်ကြီးနှစ်ဦးကြား ဖုန်းဖြင့် ချိပ်ဆက်စကားပြောဆိုခြင်းများရှိခဲ့သော်လည်း လူချင်း တွေ့ဆုံသည်မှာပထမဦးဆုံး အကြိမ်ဖြစ်သည်။ နွေးထွေးသောယခုတွေ့ဆုံမှု၌ဂါဇာဒေသမှပြည်သူများအပြင်အီစ္စရေးနှင့်ပါလက်စတိုင်းနှစ် ပြည်ထောင်၏ပဋိပက္ခကိုလည်းအရေးတကြီးကိုင်တွယ်ဖြေရှင်းရန်ဆွေးနွေးခဲ့ကြသည်။ သမ္မတသည်ရဟန်းမင်းကြီးလီယို (၁၄) နှင့်မတွေ့ဆုံမီ စိန့်မေရီမေဂျာရှိရဟန်း မင်းကြီး ဖရန် စစ်၏အုတ်ဂူဆီသို့သွားရောက်ဂါရပြုခဲ့သည်။ သမ္မတသည်ရောမသို့ပြီးခဲ့သော ဗုဒ္ဓ ဟူးနေ့ကရောက်ရှိလာခဲ့ သည်။ ယခုတစ်ကြိမ်ရောမသို့ရောက်ရှိလာပြီးနောက်ပထမဦးစွာ လုပ်ဆောင်ခဲ့သောအမှုမှာရဟန်းမင်းကြီးဖ ရန်စစ်၏အုတ်ဂူသို့သွားရောက် ပြီးဂါရပြု ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ပါ လက်စတိုင်းနိုင်ငံနှင့် ပါလက် စတိုင်းပြည်သူများအတွက်လုပ်ဆောင်ပေးခဲ့သည်များကိုမမေ့နိုင်ပေ။ ရဟန်း…






