
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမသွားပါစေနဲ့

လူတိုင်းမှာ ကိုယ်ပိုင်စိတ်ဆန္ဒ၊ ရပ်တည်ချက်နဲ့ ဝါသနာဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ အချစ်ရေး၊ အိမ်ထောင်ရေး ဒါမှမဟုတ် သူငယ်ချင်းဆက်ဆံရေးတစ်ခုခုထဲမှာ ကိုယ်ပိုင်တည်ရှိမှု (Sense of self) ကို တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားတတ်ကြတယ်။ကိုယ့်အတွက် အရေးပါတဲ့သူတစ်ယောက်ရဲ့ အမြင်၊ ဆန္ဒနဲ့ ဘဝပုံစံကိုပဲ အဓိကထားပြီး လိုက်လျောနေရင်းနဲ့ နောက်ဆုံးမှာ ကိုယ်ဘာကို တကယ်လိုချင်လဲ၊ ဘာကို တကယ်ပျော်ရွှင်လဲဆိုတာ မေ့သွားတတ်ကြတယ်။ အထူးသဖြင့် Relationship တစ်ခုရဲ့ အစပိုင်းကာလမှာ ဒီလိုဖြစ်တတ်ပါတယ်။ စိတ်ဝင်စားနေတဲ့သူ၊ ချစ်သူ ဒါမှမဟုတ် လက်တွဲဖော်ကို ကိုယ်နဲ့တူညီတဲ့အရာတွေရှိတယ်ဆိုတာ…




