
မိသားစုများကိုဖမ်းသောတံငါသည်များဖြစ်ကြရန်ရဟန်းမင်းကြီးဖိတ်ခေါ်။
ယနေ့နှင့်မနက်ဖြန်၏မိသားစုများနှင့် သာသနာပြုခြင်း ခေါင်းစဉ်ကိုအခြေခံပြီးပို့ချသော ဆွေးနွေးပွဲတွင် ရဟန်းမင်းကြီး လီယို ၁၄ က မိသားစုတိုင်း ဘုရားသခင်နှင့်ထိတွေ့ခံစားရဖို့ မိသားစုကိုဖမ်းသော တံငါသည်အစီအစဉ်မှာပါဝင်ကြဖို့ အားလုံးကိုဖိတ်ခေါခဲ့ပါသည်။ “စိတ်ဝိညာဉ် ဘုရားနှင့်ထိတွေ့ခံစားရဖို့ ရှာဖွေသူတွေများလာခြင်းအပေါ်အခြေခံပြီး “ရဟန်းမင်းကြီး လီယိုက “သာသနာတော်သည် ယနေ့ခေတ်စိန်ခေါ်မှုတွေကိုခွဲခြားသိမြင်ပြီး ယောက်ျား မိန်းမတိုင်း၏ နှလုံးသားတွင်ရှိသော ယုံကြည်ခြင်းဆန္ဒကိုပြုစုပျိုးထောင်ပေးရာမှာ အမျှော်မြင်ကြီးတဲ့သူတွေဖြစ်ဖို့ လိုကြောင်း သာသနာတော်အတွင်းမှာပါဝင်လှုပ်ရှားချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခွင့်မရသူတွေ ဖယ်ကျဉ်ခံထားရသည်ဟုခံစားနေရသူတွေ အထူးသဖြင့် ဝိညာဉ်ရေးရာ၊ ဘုရားတရား နှင့်ကင်းကွာနေသော မိသားစုများစီသို့ ကျွန်ုပ်တို့ရောက်ရှိဖို့လိုအပ်ကြောင်း၊ ဘုရားနဲ့ထိတွေ့ဖို့ရန် ဖိတ်ခေါ်မခံရသူတွေဘယ်လောက်တောင်များနေမလဲ၊ ငါ့ယုံကြည်ခြင်းကငါနဲ့ပဲဆိုင်တယ်၊ ငါဘယ်လို…









